HOT NEWS! CORAL ARAKAN: ဟန်ညောင်ဝေ ၏ အီးမေးလ် တွင် သူ့အနေဖြင့် ရခိုင်ခေါင်းဆောင်များ အစည်းအဝေးအတွက် EBO က ပိုက်ဆံစိုက်ထုတ်ပေးနိုင်သည် ဟု ဖော်ပြထားENGLISH/BURMESE

အီးမေးလ်ပါ စာများမှာ အောက်ပါအတိုင်းဖြစ်သည်။ အချို့ နာမည်များကို ဖျက်ထားပါသည်။

For your information, Leon (de Riedmatten) and I met with XXXXXX and XXX representatives in Yangon. We were in general agreement.

It would be good to have an Arakan meeting in Bangkok. EBO can fund and help organize it but we need a joint letter from the legitimate voice and decision makers of XXX, XXXX, AA, ALP, ANC, NUPA, and DPA, giving a short statement on why they want to meet and who should be invited. We can only fund leaders from the region – not from Europe or North America. We will take care of the logistics and the leaders can decide their own political agenda. If experts are needed, the leaders can request who they want or we can recommend experts if the leaders say what kind of experts they would like to have.

It might be best to have the meeting in November before or after the WGEC meeting and workshop.

Best regards – Harn

 

By Moe Chay, Thaung Kwre and Yu Thandar Khin

စစ်တွေ ၊ ၁၉ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယူရိုဘားမား အော့ဖစ်စ် ၏ အကြီးကဲဖြစ်သူ ဦးဟန်ညောင်ဝေ က Kristine Gould ဆိုသူ အမျိုးသမီးအား ပေးပို့သော အီးမေးလ်တစ်စောင်ထဲတွင် ယူရိုဘားမားအော့ဖစ်စ် (EBO) အနေဖြင့် ရခိုင်အစည်းအဝေးအတွက် ရံပုံငွေစိုက်ထုတ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

Coral Arakan News ထံသို့ သတင်းရင်းမြစ်တစ်ခု က ပေးပို့သော အဆိုပါ အီးမေးလ် တွင် Arakan meeting (ရခိုင်အစည်းအဝေး) ဟု သာ ဖော်ပြထားပြီး၊ မည်သည့် အစည်းအဝေး ဟု တိတိကျကျ ဖော်ပြထားဖြင်းမရှိပေ။ အစည်းအဝေးကို နိုဝင်ဘာလတွင် လုပ်လျှင် ကောင်းမည်ထင်ရသည် ဟု သာ ရေးသားထားသည်။

ရခိုင်အမျိုးသား အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲ နှင့် ပတ်သက်သည့် ဖိတ်ကြားစာများ ၊ တက်ရောက်မည့်အဖွဲ့အစည်းများ ၏ စာရင်းတို့မှာ ခိုးဝင်ဘင်္ဂါလီများအရေးကို ရေးသားတင်ပြသည့် ကုလား ၀က်ဘ်ဆိုဒ် တစ်ခုတွင် ပြီးခဲ့သည့် ဇွန်န၀ါရီလ (၁၇) ရက်နေ့က တက်လာခဲ့သည်။

အဆိုပါအချက်အလက်များ ကုလားဘက်မှ စတင် ယိုထွက်လာခြင်းမှာ အစည်းအဝေးကို တက်ရောက်သူများ နှင့် စီစဉ်သူများထဲမှ ကုလားဘက်ခြမ်း နှင့် ဆက်စပ်မှုရှိ နိုင်သည့် ANC ၊ NUPA နှင့် ဦးဟန်ညောင်ဝေ တို့ ဘက်မှ သတင်းယိုစိမ့်ခဲ့ဖြင်း ဖြစ်နိုင်သည် ဟု သုံးသပ်ကြသည်။

ဖော်ပြပါ အီးမေးလ်မှာ ပြီးခဲ့သော ဇွန်န၀ါရီလ (၁၁) ရက် မှ (၁၄) ရက်အထိကျင်းပခဲ့သော ရခိုင်အမျိုးသား အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲကို ရည်ညွှန်းခြင်း မဟုတ်ပဲ ရှေ့က အစည်းအဝေးတစ်ခုကို ရည်ညွှန်းပုံရသည်။

ကုလားရံပုံငွေများ နောက်ခံရှိသူ ဦးဟန်ညောင်ဝေ စီစဉ်ပေးခဲ့ကြောင်းကို တက်ရောက် သူတော်တော်များများက ကြိုသိခဲ့ကြသည် ဟု ပြင်ပ သုံးသပ်သူများက မှန်းဆကြသော်လည်း အစည်းအဝေးရလဒ်မှာ ကုလားများ အလိုကျ ဖြစ်မလာဘဲ၊ ရှေ့ကကျင်းပခဲ့သော ရသေ့တောင်ညီလာခံ နှင့် တောင်ကုတ်ညီလာခံတို့၏ ဆုံးဖြတ်ချက် ရလဒ်များကို ထောက်ခံကြောင်း ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲ (ဇွန်န၀ါရီ ၁၁-၁၄) က ထုတ်ပြန်ကြေငြာချက် ထုတ်နိုင်ခဲ့သည်။

Léon de Riedmatten ဆိုသူမှာ Centre for Humanitarian Dialogue ခေါ် လျှို့ဝှက် စေ့စပ်ညှိနှိုင်းရေး အဖွဲ့အစည်းငယ် ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သည်။ ၄င်းသည် ၁၉၉၉-ခုနှစ် နှင့် ၂၀၀၀-ခုနှစ် တို့တွင် ICRC ၏ မြန်မာနိုင်ငံ ရုံးခွဲအကြီးအကဲ အဖြစ်တာဝန် ထမ်းဆောင်ဖူးသူဖြစ်သည်ဟု သတင်းပေးပို့သူ မိုးချေ က Coral Arakan အားပေးပို့သော စာတွင် ဖော်ပြထားသည်။

( Coral Arakan News အတွက် မိုးချေ ၊ သောင်းကြွယ် နှင့် ယုသန္တာခင် တို့ ပူးပေါင်းရေးသားသည်။)

———-

http://coralarakan.com/?p=1479

428345_540824519270460_803732111_n