#မွန်အမျိုးသားပါတီရုံးမော်လမြိုင်တွင် တွေ့ဆုံဆွေးနွေးနေပါသည် BY KO #NAY #MYO #ZIN

NAY MYO ZIN မွန်အမျိုးသားပါတီရုံးမော်လမြိုင်တွင် တွေ့ဆုံဆွေးနွေးနေပါသည်/၄.၁၁.၂၀၁၄ ညနေ (၄း၃၀)အချိန် ကိုပါကြီးဇနီးမသန္တာ၊ကိုနေမျိုးဇင်၊မနီလာသိန်း၊မမီးမီး၊နော်အုံးလှ တို့ မော်လမြိုင်သို့ရောက်ရှိ၊ ညနေ(၅)နာရီအချိန် ကျိုက်မရောမြို့နယ် ရဲစခန်းသို့ သွားရောက်ပြီး ရဲမှုး ခင်မောင်အေးနှင့်တွေ့ဆုံခဲ့၊၊

10661890_10205098823849065_8180831157652484041_o10680078_10205098829369203_4865080301426903861_o10712410_10205098832969293_4870572340591378835_o

13013_825969380774530_6631939226113706044_n10698538_825969234107878_5624207068152850658_n

#ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ #အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ #တမှုထဲ ရှိတယ် ထင်နေတာ။

ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ တမှုထဲ ရှိတယ် ထင်နေတာ။
အခုမှ အမှုသစ် တခု ထပ်ပေါ်လာတယ်။
တပ်မတော်ကို ခုတုံးလုပ်ပြီး အောက်တန်းကျတဲ့ ၀ါဒဖြန့်ချီမှုတွေ လုပ်နေတာ ဟာ စစ်ဘက်က ကြိုးကိုင်ထားတဲ့ အုပ်စုက ဖြစ်တယ်။
ဒီလောက် အဆင့်အတန်း မရှိ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ လူတစုကို တပ်မတော်က လက်ခံထားတာကို အလွန် ၀မ်းနည်းမိတယ်။
တပ်မတော်ကြီး ဂုဏ်သိက္ခာ ကျဆင်းနေရခြင်း၊ လူထုရဲ့ မုန်းတီးမှုကို ပိုပိုခံယူလာရခြင်း အကြောင်းရင်းတွေထဲမှာ ဒီလို လူတွေရဲ့ ရှက်ဖွယ်လိလိ အပုပ်ချအတင်းအဖျင်း ပြောရေးနေသူတွေကြောင့်ပါ။
ကျနော်မသိ မမြင်ဖူးသော ကလေးမလေး အတွက် ကျနော် စိတ်မကောင်းပါ။ သူ့ မိဘတွေ ကျန်ရစ်သူ မိသားစုသာ မြင်ရရင် ပိုလို့တောင် စိတ်မကောင်းဖြစ်အုန်းမယ်။
သေသွားသူရဲ့ ပုံတွေကို ကိုယ့် အဖွဲ့အစည်း အတွက် ၀ါဒဖြန့်ချီရေးမှာ မဟုတ်တမ်းတရားယူသုံးတာလောက် ဖေါက်ပြန်မှု မရှိဘူးထင်ပါတယ်။
အမည်မသိ၊ မြန်မာလူမျိုးရော ဟုတ်မဟုတ် မသိရတဲ့ မိန်းကလေး ရဲ့ မိဘများကို ကျနော် နေမျိုးဇင် က ကြားကနေ တောင်းပန်လိုက်ပါတယ်။
စစ်မိစ္ဆာကောင်၊ စစ်အာဏာရှင် လက်ပါးစေ အလိုတော်ရိတွေ ရှိနေသေးသမျှ ကျနော်တို့ မြန်မာပြည် သူပြည်သားတွေ ဘ၀ အစစ မလုံခြုံသေးပါဘူး ဆိုတာ အခုလို ပုံတွေက ဖေါ်ပြနေပါတယ်။

နေမျိုးဇင် cr. nay myo zin

10426879_1500416000210130_7055076794407353342_n

မုဒိန်းကျင့် လူသတ်ကောင် နေမျိုးဇင်၏ လူမှုရေးအရှုပ်တော်ပုံ

နေမျိုးဇင်အကြောင်း မသိသေးတဲ့ ပြည်သူတွေအတွက် ခံစားခဲ့ရတဲ့ပြည်သူတစ်ဦးတစ်ယောက် အတွက် မခံစားနိုင်လို့ ရင်ဖွင့်ပြရတာပါ။

နေမျိုးဇင် ခြေရှုပ်ခဲ့တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက ခင်နှင်းဖြူ(ခ)မိဖြူကို အတည်ပါဆိုတဲ့ စကားလေးနဲ့ ဖျက်စီးခဲ့ပြီး၊ ကိုယ်ဝန်ရှိမှ သူတာဝန်မယူနိုင်တော့ပါဘူးပြောလို့ စိတ်ထောင်း ကိုယ်ကြေနဲ့ အဆိပ်သောက်ခဲ့တဲ့အတွက် ခင်နှင်းဖြူ(ခ) မိဖြူသည် (23-10-2014) ရက်နေ့မနက် ၄ နာရီ ၃၀ မိနစ်တွင် ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာနေ ၄င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ Continue reading “#ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ #အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ #တမှုထဲ ရှိတယ် ထင်နေတာ။”

#Burma #Myanmar #ပဋိပက္ခများချုပ်ငြိမ်းစေရန် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သံဃာတော်များဆုတောင်းမှုလုပ်

ပဋိပက္ခများချုပ်ငြိမ်းစေရန် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သံဃာတော်များဆုတောင်းမှုလုပ်
========================
မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့်သံဃာတော်များစုပေါင်းကာရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ပဋိပက္ခချုပ်ငြိမ်းစေရန် ၀တ်ပြုဆုတောင်းပွဲကို ညနေ၃နာရီမှစတင်ကာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

1512595_719915228068510_1083312938129739525_n10345754_719912394735460_1112015802551905715_n10500586_719911284735571_6938240018207521905_n10533275_842459415765537_2528921718727813705_n

 

10531386_801221276563461_157008594203482183_o10454461_719914681401898_3507713515782707131_n10457954_753080908063378_5939457459800517219_n1799874_801221243230131_6953779559110956283_o

 

#BURMA #MYANMAR #NAY #MYO #ZIN #ယနေ့ တာမွေ တရားရုံးသို့ တရားရင်ဆိုင်ရန် ကြွရောက်လာသော ဆရာတော် သံဃာတော်များ

ယနေ့ တာမွေ တရားရုံးသို့ တရားရင်ဆိုင်ရန် ကြွရောက်လာသော ဆရာတော် သံဃာတော်များ နှင့် ပရိတ်သတ် ၊ ပြည်သူလူထု တို့ အဆင်ပြေစေရေး၊ ဆရာတော်များ အဆင်ပြေချောမွေ့စေရေး အတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ပူးတွဲပြီး ဆောင်ရွက်ခဲ့ပါသည်။
သို့ပါသော်လည်း ………………….. ဆရာတော်များ တရားရုံးသို့ ဆိုက်ရောက်ခိုက် ဆရာတော်များ နားနေရန် နှင့် အအေး သုံးဆောင်ရန် စီစဉ်ပေးထားသော နားနေခန်းတွင် ဆရာတော်များ နှင့် လူငယ်ထုခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့က ဆရာတော်များနှင့် ဆွေးနွေးပြောဆိုနေချိန်တွင် အဆိုပါ အခန်း အတွင်း ရှိလုံခြုံရေး တာဝန် ရှိသူ ဆိုသော လူနှစ်ဦးက မိမိတို့က ကြောင်းကျိုးပြ တားမြစ်ပါသော်လည်း လက်မခံပဲ ဆက်လက် ရိုက်ကူးနေသဖြင့် စိတ်မကောင်းဖြစ်စွာ တင်းမာစွာဖြင့် တားမြစ်ခဲ့ရသည်။ ဆရာတော်များ ကိုယ်တိုင် ၀င်ရောက် တားမြစ်ခဲ့ရသည် အထိ တင်းမာမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရဲတပ်ဖွဲ့ကပင် မသိသော လျို့ဝှက် ချထားသည့် ရင်ထိုး KEMPO Security စာသားပါ ရင်ထိုး တံဆိပ်လေးများ တပ်ဆင်ထားသည့် အဆိုပါ လူနှစ်ဦး နှင့် ပတ်သက်ပြီး မိမိတို့ အထူး ပင် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။

10474426_313434912155327_56736376_o10491302_313435052155313_340953217_o10517117_313434865488665_1565947830_n

 

သတင်းဂျာနယ်များ တွင် သိသာထင်ရှားလှသည့် ကာတွန်းသရုပ်ဖေါ်ကွက်များဖြင့် ပြည်သူများ နှစ်သက် သဘောကျသော ကာတွန်းဆရာ ကာလူး အား ဆက်သွယ်နိုင်မည့် ဖုန်းနံပတ် လိပ်စာ တို့ အား သိရှိသူများမှ ဖေါ်ပြပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်းသို့ ဆက်သွယ်ပေးပို့ထားသော ကာတွန်းဆရာ ကာလူး အတွက် ဂုဏ်ပြု စပို့ရှပ် အကျီ၊ ဘောင်းဘီများကို ကျနော်ကိုယ်တိုင် ပေးအပ် ဂုဏ်ပြုချီးကျူး စကားဖြင့် ဆရာကာလူးအား ဂုဏ်ပြုလိုသောကြောင့် ဖြစ်ပါကြောင်း။

နေမျိုးဇင်
မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း

#######

ကျနော် ထောင်မှ ရက်စေ့သောကြောင့် လွတ်မည် ဆိုသော အခါ ရဲဘော်ရဲဘက်များ ဖြစ်သော ဦးဇော်ဝင်း။ ကိုတင်မောင်ကြည် နှင့် ကိုထင်ကျော်တို့ ကို စိတ်မကောင်းစွာ သွားနှုတ်ဆက်ဖြစ်ခဲ့သည်။ ခေတ်ဝန်ကို ထမ်း ခေတ်လမ်းကို လျောက်နေသူ အချင်းချင်း ထောင်ထဲ ၀င်ချည် ထွက်ချည်၊ ကြုံလိုက်၊ သူ့ရှိတာ ကိုယ်စား။ ကိုယ့် ရှိတာ သူကျွေး။ ယခု ထောင်ထဲတွင် ကျန်နေခဲ့ရှာသော ဦးဇော်ဝင်း ( ကျနော့် ညာဘက်နဘေး ထိုင်နေသူ) မှာ အသက်က ခြောက်ဆယ်ကျော် သွေးတိုးရောဂါ နှင့် မကြာမကြာ သွေးကျဆေး စားနေရရှာသူ။ သူ့လို သက်ကြီး ရွယ်အို ကိုပင် မရှောင် အစိုးရအား အယုံအကြည်မရှိဟုပြောမိသည်နှင့်ပင် ဒီမိုကရေစီ အစိုးရ၏ တရားစီရင်ရေး စနစ်က ထောင်ဒါဏ်ခြောက်လ ချမှတ်ခြင်းကို သူတို့ ခံယူနေရသည်။ ထို့ပြင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မကြာမှီ ပေးရန် အစီအစဉ် ရှိသည်ဟု ပြည်ထဲရေး တာဝန်ရှိသူတဦးက လွှတ်တော်တွင် ပြောဆိုခြင်းကို လက်ရှိ အကျဉ်းစံနေရသူများ အားလုံးက ကြိုဆိုကြသော်လည်း။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မကြာမှီပေးရန်ရှိသည် ဆိုသော သတင်းကို အမှီပြုပြီး။ လက်ရှိ ပြင်ပတွင် တရားဥပဒေ ဖေါက်ဖျက်ကျူးလွန်မှုများ၊ လိမ်လည်ခိုးဝှက်မှုများ နှင့် ရပ်ရွာတည်ငြိမ်စိုးမိုးရေးကို ထိခိုက်စေမည့် ကျူးလွန်လိုသူများကို အခွင့်အလမ်း ကြိုတင်ဖန်တီးပေးထားသည့်နှယ် စေ့ဆော်မှုများ ဖြစ်နေစေသည်ဟု ကျနော်က သုံးသပ်မိပြီး အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးစေချင်မိသည်။ လွတ်ငြိမ်းချမ်းသာခွင့် မပေးမှီ။ တရားဥပဒေစိုးမိုးရေး အတွက် ထမ်းဆောင်ရသည့် ပြည်ထဲရေး ၀န်ထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် ဆောင်ရွက်ရမည့် တာဝန်တို့ကို တိကျသော နည်းဥပဒေများဖြင့် ပြင်ဆင်ထိန်းကွပ်ပေးပြီး အာဏာကို အလွဲသုံးစားလုပ်ကာ နိုင်ငံသားတို့ အပေါ် သံသယ အကျိုးကို ခံစားခွင့် မပေးပဲ ပွင့်လင်းမြင်သာမှုမရှိသည့် ဖမ်းဆီးချုပ်နှောင်မှုများ၊ မပြုလုပ်နိုင်ရေး စနစ်တကျ ပြင်ဆင်သင့်သလို၊ လက်ရှိထောင်တွင်း အကျဉ်းကျခံနေရဆဲ အကျဉ်းသားများ အနက်မှ အမှန်တကယ် ရာဇ၀တ်မှု ကျူးလွန်သော အလုပ်ကိုင်မဲ့ နိုင်ငံသားများကို အလုပ်အကိုင် အသက်မွေးမှုနည်းလမ်း အခွင့်အလမ်းများ ဖန်တီးစီစဉ်ပေးပြီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အပျင်းပြေ လူသတ်တတ်သော စိတ်ရှိသည့် လူသတ်လက်ယဉ်သော အကျဉ်းသားများကိုဖြင့် စနစ်တကျ စိတ်ဓါတ်ယဉ်ကျေး သိမ်မွေ့ နောင်တ တရားရသည်အထိ စီစဉ်ထိန်းသိမ်း သင့်ပါသည်။ ဟု လတ်တလော တွေးမိသော အကျဉ်းစံဘ၀ ဆာလောင်မွတ်သိပ်မှု အတွေးများကို ဖေါ်ပြလိုက်ရပါသည်။

10485921_748450791859723_4795869797259837354_n

 

 

FREE NAY MYO ZIN- ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ-ENG/BURMESE

May 7, 2013

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိလာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။

——–

944230_507062046015487_827181914_n-1944230_507062046015487_827181914_n-1944230_507062046015487_827181914_n-1

update 9.may.

Former political prisoners have raised questions over the president’s granting of amnesties after a political activist was sentenced to six years in jail again though he had been released by a presidential pardon.

Political activists also comment that the government’s attempt to revive Section 401 of the Code of Criminal Procedure in granting pardons and amnesties during Thein Sein’s presidency can harm national reconciliation.

Former army captain Nay Myo Zin from Myanmar Social Life Development Network was ordered by a local court in Ayeyawady Region to pay a fine of 20,000 kyats for defaming the police’s reputation last Thursday. But he was sentenced to three months in jail as he refused to pay the fine.

Pantanaw Court issued a release warrant for Nay Myo Zin after his relatives paid the fine on May 7. Officials from Maubin Prison however did not release him saying that the Home Affairs Ministry ruled that he was to be imprisoned to serve the remaining six-year jail term, which was imposed against him when he was charged with an offence for his political movements.

Nay Myo Zin was one of the ex-political prisoners, who were released when President Thein Sein granted the first amnesty to 651 prisoners on January 12, 2012 under Section 401 Sub-section (1). On the same day, 88 Generation Students Group members Min Ko Naing, Ko Ko Gyi, Jimmy, Mya Aye, Pyone Cho and Htay Kywe and Shan National League for Democracy chairman Khun Tun Oo were also released from their prisons.

By order of the president, Myanmar has granted amnesty five times – four in 2012 and one in May, 2013.

The ex-political prisoners however comment that there no longer should be political prisoners under democratic system. Moreover, the government must consider an unconditional release of all the political prisoners, they point out.

’88 Group’s Jimmy said imprisoning Nay Myo Zin again is in a way threatening the released political prisoners.

“It’s an indirect threat to all of us (the released political prisoners). The government is trying to win international recognition by releasing political prisoners. But locally, it has done such an impropriate act,” he said.

Jimmy’s prison term was reduced from 65 years to 30 years. But he was released after he had been in prison for four years.

There are some reported cases that the government used to release some political prisoners under Section 401 but when they were arrested again they had to serve both a new prison term plus the remaining term of their former charges.

One former political prisoner Zaw Thet Htwe said: “The government released us saying it would seek cooperation in democratic reforms. We were released before our prison terms were over. In cases of arresting political activists again for law violations in ongoing democratic movements, authorities made them serve the remaining jail of the past. This means that the government is very weak in its national reconciliation efforts.”

SNLD Chairman Khun Tun Oo also said: “It is an unfair law, which has tied us since colonial days. Saying about my case, authorities put me behind bars for 93 years although I was not guilty. They take into account the remaining period of jail terms after we have been released. It is like we are walking along the blade of a sword.”

A patron of the opposition party, who was released in 2008 after serving his jail term since 1989, said such problems would remain so long as the government (including the next one) continues freeing prisoners under Section 401.

“When authorities released me, I did not sign in bail bonds. I did not listen to them reading rules and regulations. We want a ‘general amnesty’. If the government releases prisoners under that law, we will have to go to jail again like Nay Myo Zin,” said National League for Democracy patron Win Tin.

When any person has been sentenced to punishment for an offence, the President of the Union may at any time, without conditions or upon any conditions which the person sentenced accepts, suspend the execution of his sentence or remit the whole or any part of the punishment to which he has been sentenced, states Section 401 Sub-section (1) of the Code of Criminal Procedure.

Sub-section (3) also states that if any condition on which a sentence has been suspended or remitted in the opinion of the President of Union, not fulfilled, the President of the Union may cancel the suspension or remission, and there upon the person in whose favour the sentence has been suspended or remitted may, if at large, be arrested by police-officer without warrant remanded to undergo the unexpired portion of sentence.

Some political analysts comment that many politicians, including members of ’88 Group, tend to be imprisoned again as they have been released under Sub-section (3).

179905_164679430363458_1253948161_n

Nay Myo Zin, a former military captain turned social activist and opposition member, was one of 591 political prisoners released under a presidential pardon in January 2012, but his release, like that of all former political prisoners, was conditional. According to Burma’s penal code, any former political prisoner who is convicted of another crime is required to serve not only his new prison sentence, but also the remaining years of his old, canceled sentence.

Last week, Nay Myo Zin refused to pay a fine of 20,000 kyat (US $22) after being convicted in January of defaming a police officer in Irrawaddy Division. Instead, he agreed to serve a three-month prison sentence in the town of Maubin.

Despite his decision, he had hope of early release. On Tuesday, farmers in Pantanaw Township, where he was sentenced, collectively paid Nay Myo Zin’s fine in court so he could be a free man again.

But just before his release on Tuesday, the district administrator announced that the Ministry of Home Affairs would require Nay Myo Zin to serve the remaining years of his old, canceled sentence—or six more years in prison—according to Section 401 of the penal code.

“His mother and brother went to the Maubin prison to bring him out because the farmers had paid his fine on Tuesday,” said Nay Myo Zin’s wife, Zin Myo Maw. “But the order from [Minister] Ko Ko, of the Ministry of Home Affairs, came in and he was not released.” Continue reading “FREE NAY MYO ZIN- ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ-ENG/BURMESE”

Ko Nay Myo Zin solve with Police peacefully .-video

The dispute was finally settled in a very amicable manner with Police by .
Nay Myo Zin
သုံးရက်အတွင်း ကြည့် ရှုသူ 4035 ယောက် ရှိသွားတဲ့ လျှပ်တပြတ် မြင်ကွင်း တခု ကျနော်နဲ့ ပန်းတနော် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ တွေ့ဆုံ စကားပြောဖြစ်တဲ့ ပုံလေးပါ။ မြို့နယ်မှူးနဲ့ တပ်ဖွဲ့ဝင် ငါးဆယ် ခန့်တို့က ပန်းတနော်မြို့နယ် ထဲက ခနွဲကဘို ဆိုတဲ့ ကျေးရွာလေးမှာ ရှိတဲ့ အင်းသူကြီး တဦးရဲ့ ငါးဖမ်း အင်း ခြံဝင်းထဲမှာ တပ်စွဲပြီး လုံခြုံရေးယူထားတယ်။ ကျေးရွာလူထု ကိုကျတော့ အုပ်ချုပ်ရေးမှူးတွေက အတင်း အနိုင်ကျင့်ပြီး လက်မှတ်တွေ ခေါ်ထိုးခိုင်းနေတယ်။ အဲဒီ အင်းကို ဖျက်ဆီးဖို့ ကျေးရွာလူထုက ကြိုးစားနေပါတယ် ဆိုတဲ့အကြောင်း ဒါမှ လုံခြုံရေး ရဲတပ်ဖွဲ့ကို အကာအကွယ်အဖြစ် ခေါ်ပြီး ခိုင်းထားတာ သက်သေခိုင်မာအောင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဇာတ်လမ်းထွင်နေချိန် ကျနော်တို့ အဖွဲ့က အဲဒီရွာကို ရောက်သွားခဲ့တယ်။

ပြည်သူလူထု နစ်နာထိခိုက်နေတယ် ဆိုရင် အချိန် နေရာမရွေး ကာကွယ်ဖြေရှင်းပေးဖို့ အသင့်ရှိတဲ့ ကျနော်တို့ အဖွဲ့ဟာ အခုလိုပဲ ရဲ တပ်ဖွဲ့မှူးကို သိလိုသမျှ ပွင့်လင်းစွာ မေးမြန်းဖြစ်ခဲ့ပါတယ်။