#update #DKBA #KAF #ကိုပါကြီးသည် #KKO #လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.

နိုဝင်ဘာ(၂)ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေငြာချက်

10407026_803386469725633_352441345355633328_n

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ ထုတ်ပြန်ချက်
အောက်တိုဘာ ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ယနေ့ကျင်းပပြီးစီး ခဲ့သော ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ နှစ်ရက်တာ ဆွေးနွေးပွဲ ထုတ်ပြန်ကြညာချက် အပြည့်အစုံ
1939808_558935680918482_2428926272513533967_o10700128_558936147585102_7214655191619122283_oKAF AGREEMENT

 

ယနေ့ DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ကျင်းပပြီးစီးခဲ့သည့် ကော်သူးလေတပ်မတော် ဆိုင်ရာဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်
အောက်တိုဘာ – ၃၀ – ၂၀၁၄
Audio ကရင်အမျိုးသား(မီဒီယာ) – ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်

https://soundcloud.com/mahn-myo-myint/ks1orqyguytb

ကိုပါကြီးသည် (KKO) လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.

အောက်တိုဘာ – ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
အလွတ်တန်းသတင်းထောက်ကိုပါကြီးသည် DKBA ၏နိုင်ငံရေးဦးဆောင်အဖွဲ့ KKO နှင့် လုံးဝပတ်သက်မှုမရှိသည့် သတင်းထောက်တဦးဖြစ်သည်ဟု အဖွဲ့၏ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ်စောမိုရှေးက ယနေ့ညနေက ဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပသတင်းထောက်များကို တရားဝင်ရှင်းလင်းပြောဆိုခဲ့သည်။
ကေကေအိုတွင် ပြန်ကြားရေးဌာနမရှိကြောင်း ကိုပါကြီးသည် ဒီကေဘီအေမှပြုလုပ်သည့် အခမ်းအနားများကို ပုံမှန်သတင်းလာယူသည့် သတင်းထောက်ဖြစ်ကြောင်း မိမိတို့အဖွဲ့ဝင်မဟုတ်ကြောင်းကို ရှင်းလင်းပြောဆိုခဲ့သည်။
ယနေ့ညနေက ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်တွင်ပြုလုပ်သည့် ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးပွဲအပြီးတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပုံစာ – ယနေ့ညနေတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။ cr. ကရင်အမျိုးသား- မီဒီယာ
10679860_558885800923470_425865084035263628_o10273140_558885600923490_6101462358786303109_o

 

https://democracyforburma.wordpress.com/2014/10/29/burma-myanmar-ကော်သူလေးတပ်မတော်-kaf-ဖ%E1%80%BC/

#CLIP #၂၀၁၄ခုနှစ် ကရင်တော်လှန်ရေးနေ့မှာ ဗိုလ်ချုပ် နာဒါးမြနဲ့တွေ့ခဲ့စဉ်က

ကရင်အမျိုးသားအလံတော်အောက်က ကရင်တော်လှန်ရေး တပ်ဖွဲ့တွေပါဝင်တဲ့ ၂၀၁၄ ခုနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားမှာ နာဒါးမြ ပြောခဲ့တာလေးကို အမှတ်တရ တင်ပေးလိုက်တယ်။

“ကျနော်တို့တိုက်ရမှာ ဗမာ မဟုတ်ဘူး ၊ စစ်အာဏာရှင်ကို တိုက်ရမှာ အဲဒါ အဖေလည်း ခဏခဏပြောတယ်” CR. YAMOUNAR

#BURMA #MYANMAR #UNITY #KAREN #REBEL@ #Kawthoolei #Armed #Forces

The commanders of units of different Karen rebel groups in southeastern Burma announced on Tuesday that they will begin military cooperation in order to deal with an increase in Burma Army operations in their areas in recent months.

Gen. Saw Lah Pwe, the head of the Democratic Karen Benevolent Army (DKBA) and Gen. Baw Kyaw Heh, deputy commander-in-chief of the Karen National Liberation Army (KNLA), who has support of KNLA brigades 2 and 5, agreed to work together. They are joined by two smaller rebel groups, the Karen National Defense Organization (KNDO) of Col. Nerdah Mya and the KNU/KNLA Peace Council of Col. Tiger.

The KNLA is the armed wing of the Karen National Union (KNU), the largest and oldest Karen ethnic armed group, and has a total of seven brigades.

The commanders said in a joint statement that they signed an agreement to begin military cooperation under the name of the Kawthoolei Armed Force. “In accordance with the wishes of the Karen people, we, the forces of KNLA, KNDO, DKBA, KNU/KNLA Peace Council, have unanimously reunified as the Kawthoolei Armed Forces,” the statement read.

Kawthoolei is the Karen name for the independent state that the Karen people have been aspiring to and fighting for since the 1940s.

The DKBA has about 1,500 fighters and KNLA brigades 2 and 5 can field an estimated 3,000 fighters. The KNDO and KNU/KNLA Peace Council are smaller groups with several hundred soldiers each.

Under the agreement, the armed groups will keep their current uniforms, insignias and flags, but they promised to cooperate and help each other in operations against the Burma Army.
#####
Saw Roger Khin, chief of the KNU department of defense, said in a statement that the KNU leadership was not involved in the agreement signed by the vice-chief of staff of the Karen National Liberation Army (KNLA) and the commander of the Karen National Defense Organization (KNDO), two military organizations of the KNU.

Saw Roger Khin said the cooperation agreement “was signed by the KNLA vice-chief of staff and the commander of the KNDO…through their own ideas.”It has been known for some time, however, that there are divisions within the KNU leadership. Baw Kyaw Heh, who has support of KNLA “hardline” brigades 2 and 5, and KNU vice-chairperson Zipporah Sein have expressed doubts over the direction of the KNU’s ceasefire negotiations with the central government and the Burma Army.

The KNU signed a bilateral ceasefire with Naypyidaw in early 2012 and the group has since maintained relatively good relations with the government.

On Thursday, KNU secretary Mahn Mahan sought to downplay the public differences over the recent agreement and insisted these were not signs of internal divisions.

“I don’t see it is a sign of a split within the KNU, because we all want to [unify] one way or another” with other groups, he said. “We are not against each other, although the two statements seem different.” see statement knu english

10659151_549900255155358_8174066187241113263_n10712883_699753426787480_501803037321943956_n

 

10687082_552921091474999_1329760262373795365_n

#UPDATE #ကော်သူးလေ တပ်မတော် #KAF #အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို

1619100_348458955333666_1328437920751197702_n

Thursday, 16 October 2014
ရွှေဟင်္သာ

ကရင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သော ကော်သူးလေ တပ်မတော် ( Kawthoolei Armed Force – KAF) အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပေါင်းစည်း ခဲ့မှုကို ကရင် လူထု များနှင့် အရပ်ဖက် ကရင် လူမှု အဖွဲ့အစည်း များက လိုလားကြောင်း ၎င်းတို့၏ ပြောကြားချက် များအရ သိရှိ ရသည်။

“ကရင် တပ်များ ပေါင်းစည်းရေး၊ပါတီ ပေါင်းစည်း ရေးကိုလွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကရင် လက်နက်ကိုင် တပ်များ ပြည်လည် ပေါင်းစည်းရေး ကော်မီတီက အကောင် အထည် ဖော်ဖို့ ကြိုးပမ်း ခဲ့တာ ကြာပြီ၊ အခုမှ အကောင် အထည် ပေါ်ခဲ့ တာပါ” ဟု ကရင် အမျိုးသမီး ဖွံဖြိုး တိုးတက်ရေး အဖွဲ့မှနော်ဇူဇန်နာ လှလှစိုးကပြောသည်။

ထိုကဲ့သို့ ကော်သူးလေ တပ်မတော် အဖြစ် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း ခဲ့ရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) တို့ ပါဝင်ကြောင်း အောက်တိုဘာလ (၁၃) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အား ကိုယ်စား ပြု၍ ဒုတိယ စစ်ဦးစီးချုပ်က ၎င်း၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO) အား ကိုယ်စား ပြု၍ ဦးစီးချုပ်က ၎င်း၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) အား ကိုယ်စား ပြု၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် က၎င်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) အား ကိုယ်စား ပြု၍ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး က၎င်း အသီးသီး လက်မှတ် ရေးထိုး၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပေါင်းစည်းမှုမှာ စစ်မှန်သော ပေါင်းစည်းမှု မဟုတ်ပဲ တစ်စုံ တစ်ဦးမှ အတုအယောင် ဖန်တီး ထားသော ပေါင်းစည်းမှု ကြေငြာချက်သာ ဖြစ်ကြောင်း ကနဦး၌ သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း ယင်းပေါင်းစည်းမှု ထုတ်ပြန်ချက်မှာ အစစ်အမှန် ကြေငြာချက် ဖြစ်ကြောင်း DKBA တပ်ဖွဲ့၏ ကလို့ထူးဘော စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောသည်။

ဗျုဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “တစ်ကယ် အစစ်အမှန်ကို လက်မှတ် ထိုးထား တာပါ၊အတု အယောင် မဟုတ်ပါဘူး၊ ကရင် ပြည်သူ တွေက တောင်းဆိုလို့ ကရင် ပြည်သူ လူထုရဲ့အကျိုး စီးပွားကို ကာကွယ်ဖို့ အတွက်ကရင် ပြည်သူ တွေကပြန်ပေါင်း လိုက်ပါလို့ ဆိုလာတဲ့ အတွက် ကြောင့်ပါ” ဟု ဆိုသည်။

မရှေး မနှောင်း၌ ထိုပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ခဲ့သည့် KNU/KNLA – PC မှ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးအား ၎င်းတို့ အဖွဲ့၏ စစ်ဥပဒေ ပုဒ်မ (၂) အပိုဒ်က အမိန့် ညွှန်ကြားချက် များအား လေးစား လိုက်နာမှု မရှိခြင်း၊ စစ်အက်ဥပဒေ ပုဒ်မ (၂၆) အရ အဖွဲ့အစည်း ဂုဏ်သိက္ခာ မထိခိုက် စေရန် ကာကွယ် ထိန်းသိမ်းရန်မှ ပျက်ကွက် ခြင်းနှင့် ထိုလုပ်ရပ် များအတွက် အထက် အရာရှိ များမှ ညှိနှိုင်းရန် ဆင့်ခေါ် မှုကို လက်မခံ သောကြောင့် အဖွဲ့မှ ထုတ်ပယ် လိုက်ကြောင်း အောက်တိုဘာ (၁၄) ရက်နေ့တွင် KNU/KNLA – PC အဖွဲ့မှ ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

အလားတူပင် ကရင် အမျိုးသား အစည်းအရုံး၏ ကာကွယ်ရေး ဌာနမှလည်း အဆိုပါ အောက်တိုဘာလ (၁၄) ရက်နေ့ ၌ပင် ကြေငြာချက် တစ်စောင်အား အလားတူ ထုတ်ပြန် ခဲ့ပြီး ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ် တို့သည့် ယင်းတို့၏ သဘောထား အမြင် အပေါ်တွင်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေငြာချက် ထပ်မံ ထုတ်ပြန် ခဲ့ပြီးနောက် ကော်သူးလေ တပ်မတော် – KAF အဖြစ် ပေါင်းစည်းရေး အစစ် ၊ အတု ဟူသည့် ဝေဖန်မှုမှာ ပိုမို မြင့်တက် လာခဲ့သည်။

တကွဲ တပြား ဖြစ်နေသည့် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း နိုင်ရေး အတွက် ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ (၂၈) ရက်နေ့တွင် ကော့ကရိတ် မြို့နယ် ထို့ကော်ကိုး စခန်း၌ ကရင် လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ တက်ရောက် ခဲ့သည့် ညှိနှိုင်း ဆွေးနွေးပွဲမှ “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” တရပ်ကို ဖွဲ့စည်း ခဲ့သည်။

ထိုအစည်း အဝေးအား ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ ၊ ဘုရားကုန်းခေါ် ပဒိုအောင်ဆန်း အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ အစိုးရ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA – PC) တို့ ဖြစ်ကြသည်။

ထို “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” ဖွဲ့စည်း ခဲ့သည့် ညှိနှိုင်း အစည်းအဝေး ၌လည်း အခြား ဆုံးဖြတ် ချက်များ ဖြစ်သည့်

(၁) နိုင်ငံရေး ဆွေးနွေး သည့်အခါ ထိရောက်မှု ရှိလာ စေရန် ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ် ကြရန်။

(၂) တမျိုးသားလုံးကို ကိုယ်စား ပြုသည့် နိုင်ငံရေး ဆွေးနွေး မှုကို KNU မှ ဦးဆောင်ရန်။

(၃) မူးယစ်ဆေးဝါး ပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်း သွားရန်။

(၄) ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လ တကြိမ် တွေ့ဆုံ ဆွေးနွေး သွားရန်။

(၅) ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါဝင်သော လူထု ရှင်းလင်းပွဲများ ကျင်းပ သွားရန်။

(၆) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့ များနှင့် ပြည်သူ များအား ထုတ်ပြန်ရန်

(၇) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်း

စသည့် အချက်များကို ဆုံးဖြတ် ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲ အစည်း အဝေး ဆုံးဖြတ် ချက်ဖြင့် ဖွဲ့စည်း လိုက်သည့် “ ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် များမှာ – ဗိုလ်မှူးကြီးစောချစ်သူ (BGF)၊ဗိုလ်မှူး စောကြာအဲ (BGF) ၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA – PC)၊ ဗိုလ်မှူးကြီး စောယိုရှူး ၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့) ၊ ပဒိုဖောဒို့ (KNU )၊ ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU) နှင့် ဗိုလ်ချုပ်ကြီးဂျော်နီ (KNU)၊ ဗိုလ်ချုပ် စောမိုရှေး (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

လက်ရှိ၌ ထုတ်ပြန် ခဲ့သည့် ကြေငြာချက် များအရ ကရင် လက်နက်ကိုင် တပ်များ ကော်သူးလေ တပ်မတော် – KAF အဖြစ် ပြန်လည် ပေါင်းစည်း ခဲ့မှုမှာ အငြင်းပွား ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော်လည်း ၎င်းပေါင်းစည်းမှုကို ကြိုဆိုကြောင်း ကရင် အဖွဲ့အစည်း များမှ ပြောကြားသည်။

ကရင် အမျိုးသမီး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သည့်နော်အုန်းလှ ကလည်း “ကရင် လက်နက်ကိုင် အားလုံး ပူးပေါင်းတယ် ဆိုရင် အင်အားလည်း များလာ ပါတယ်။ ဒီတစ်ခုကို အစိုးရက သတိထား မိလာမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပေါင်းစည်းမယ် ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အထောက်အကူ ဖြစ်မယ် လို့လဲ ထင်ပါတယ်”ဟုဆိုသည်။

အလားတူထားဝယ် အခြေစိုက်တာကဘော သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှ ကရင်အမျိုးသမီး တဦး ဖြစ်သူ နော်လောရာ ကလည်းအခု ကဲ့သို့ ပေါင်းစည်းခြင်း အားဖြင့်ကရင်လူမျိုး တစ်မျိုးလုံး စည်းစည်းလုံးလုံး ဖြစ်သွားမည် ဖြစ်ကာ လုပ်ဆောင်ချက် ကောင်းမကောင်း ဆိုသည် ကမူ ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်သည်ဟု ပြောသည်။

“လူထု ကတော့ ကွဲနေတာကို မကြိုက် ကြဘူး။ ပူးပေါင်း လိုက်ရင် သဘောထား တခုထဲ ထွက်လာ မှာပေါ့။ ကိစ္စ တခုမှာ သဘောထားတွေ အမျိုးမျိုး မထွက် တော့ဘူး။ငြိမ်းချမ်းရေး မှာလည်း သူတကွဲ၊ ငါတကွဲ လုပ်နေမယ့် အစား သေသေချာချာ ပူးပေါင်း လုပ်ရင် အဆင်ပြေ ပါတယ်” ဟုနော်လောရာက ပြောသည်။

ကရင်ပြည်နယ် ကျုံဒိုး မြို့မှ ဒေသခံ တစ်ဦးက ကရင် လူမျိုးများ ပေါင်းစည်း ရေးကို သဘော တူပြီး တိုက်ပွဲဒဏ် ခံစား နေရသော ရွာများလည်း ထိုပေါင်းစည်းရေးကို လက်ခံ ကြလိမ့်မည်ဟု ၎င်း၏ အမြင်ကို ပြောသည်။

====

KAF နဲ့ မြန်မာ့ ငြိမ်းချမ်းရေး အလားအလာ Continue reading “#UPDATE #ကော်သူးလေ တပ်မတော် #KAF #အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို”

သုံးရက်ပြည့်သွားပြီ……. “ KNU က ဗိုလ်မှူးတဲ့လား….ဘာလို့ဒီလိုမရှင်းတာ

maung kyaw

သုံးရက်ပြည့်သွားပြီ…….

“ KNU က ဗိုလ်မှူးတဲ့လား….ဘာလို့ဒီလိုမရှင်းတာလဲ” (၁)

အခုတော့…မသိတော့ပါဘူးဗျာ…. ကြုံခဲ့ဘူးသမျှ.. KNU ဆိုတာ ဟာ..ဒါးပြ.သူခိုးပေါက်ကရတွေ စုထားတဲ့..စါရင်းမရှိ.. အင်းမရှိအဖွဲ့ မဟုတ်ပါဘူး.။ အပေါစါး..ရုပ်ရှင်တွေထဲက..လူဆိုးတွေလှုပ်ရှားကြသလို.. ဟေ့ကောင်..ဆရာကြီးမှာလိုက်တယ်…ထမိန်တထည်သွားခိုးချည်ဆိုတာနဲ့ ထလုပ်တဲ့ အဖွဲ့ မဟုတ်ပါဘူး… အရင်ကပေါ့ လေ….

ကရင်တမျိုးသားလုံးကိုယ်စါးပြု….ဦးဆောင်မယ်ဆိုသူတွေ….ဘယ်လိုအရည်အခြင်းနဲ့ ဘယ်လိုပြောင်မြောက်စွာရှင်းမလဲလို့  ၃ရက်လောက်..စေါင့်နေတာ….. အမယ်..ပြောင်တော့ပြောင်သားဘဲ…..
တကယ်ကသိပ်ရှင်းစရာကို…မလိုတာ “ KNU ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး” လို့ စပြောကတဲက..ဗိုလ်ချုပ်မြလေသံနဲ့  “မဟုတ်တာတွေလာမပြောနဲ့ ကွာ…” .လို့  ပိတ်ပြောလိုက်လို့ ရတယ် ။ အဲဒါ မသိတဲ့သူကပြောပြီး….နားမလည်တဲ့သူကလက်ခံတာ။ KNUမှာ..ဗိုလ်တို့ ဗိုလ်မှူးတို့ဆိုတာမရှိဘူး…..ပဒိုဘဲရှိတယ်။ ၁၉၈၈ ခုနှစ်ကစလို့ မှီခဲ့သမျှ ကရင့်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့အစည်းမှာ အဓိက၃ပိုင်းရှိခဲ့ပါတယ်။

၁။ K.N.U.(Karen National Union) ကရင့်အမျိုးသားအစည်းအရုံး—- နိုင်ငံရေး-နဲ့ ..အုပ်ချုပ်ရေး ဦးဆောင်အဖွဲ့ဖြစ်ပါတယ် ။

၂။ K.N.L.A( Karen National Liberation Army) ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်—- စစ်တပ်ဖြစ်ပါတယ်။

၃။ K.N.D.O (Karen National Defense Organization) ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့… KNU နဲ့အတူ ဦးဆုံးပေါ်ပေါက်ခဲ့ပေမဲ့ သမိုင်းအပြောင်းအလဲတွေ အရ စစ်တပ်နဲ့ နယ်မြေစည်းကမ်းကိုထိမ်းသိမ်းတဲ့ ရဲအနေအထားမှာရှိနေခဲ့ပါတယ်“ဂယ်သ”လို့ခေါ်ပါတယ်
ဒီတော့…KNU တိုင်းဟာ KNLA (သို့ )KNDO ဟုတ်ချင်မှဟုတ်မယ်။ KNLA…KNDO..တိုင်းဟာKNU ဟုတ်ချင်မှဟုတ်မယ် ။ KNLA တိုင်းဟာလဲ KNDO ဟုတ်ချင်မှဟုတ်မယ်။ တချိန်က…စစ်သားတိုင်း…မဆလ.ပါတီဝင်မဟုတ်သလို…… မဆလ.ပါတီဝင်တိုင်းစစ်သား..မဟုတ်တဲ့ သဘောပါဘဲ။ ဗဟိုအဆင့်အထက်အမြင့်ပိုင်းနဲ့ အထူးကိစ္စတွေမှာတော့ လိုအပ်သလိုပူးတွဲတာဝန်ယူတာရှိပါတယ် ။ ဥပမာ – ကွယ်လွန်သူ အကိုကြီး ပဒိုဒေးဗစ်ထောဆိုရင် KNUနိုင်ငံခြားရေးဌာနမှူး ဖြစ်ခဲ့ပါတယ်။ကျွန်တော်က KNU အဖွဲ့ဝင်မဟုတ် ဘဲ အခြေအနေအရ ပြည်ပကိုယ် စားလှယ်အဖြစ်သူ့အုပ်ချုပ်မှုအောက်KNUနိုင်ငံခြားရေးဌာနမှာတာဝန်ထမ်းရပါတယ်။ ဒါပေမဲ့ KNLA စာရင်းမှာကြည့်ရင်တော့ကျွန်တော်ကဗိုလ်ကြီးအဆင့်.. သူကတပ်ကြပ်ကြီးအဆင့်ဖြစ်နေတယ်။ စကားလမ်းကြုံလို့ရှင်းလင်းအောင်…သူ့လိုင်းနဲ့သူရှိတယ်ဆိုတဲ့အကြောင်း ပြောပြတာပါ ။တခါက ပဒိုအောင်ဆန်းကိုအရေးယူဖို့ …ပဒိုမန်းရှာက ဗိုလ်ချူပ်ကြီးမြကို သွားတင်ပြတော့ တပ်ဖက်ကမဟုတ်ဘဲ လာပြောလို့ …ဒေါပွပြီး… ပဒိုဘသင်ဆီပြန်လွှတ်တာကို.. ကျနော်တခါကဟစ်တိုင်မှာတင်ပြဘူးတဲ့ … ဗိုလ်ချူပ်ကြီးစေါဘိုမြ(၃)..ဖတ်မိသူတွေသတိထားမိမယ်ထင်ပါတယ်။ ဒါကြောင့် KNU ကဗိုလ်မှူးအဆင့်လို့ပြောရင်တလွဲ ဖြစ် နေသလို KNLA (သို့ )KNDO ကပဒိုပါဆိုရင်လဲ… အဲဒါလိမ်တာဘဲ – ဆိုလိုချင်တာက တကယ်မှန်ရင် အခြေခံအချက်အလက်ရှိရမယ်။ ဟုတ်မဟုတ်အချိန်တိုအတွင်းသိနိုင်တယ်.. ငြင်း ရင်လဲ…လူလေးစါးအောင်အချက်အလက်နဲ့ အပြတ်ငြင်း လို့ ရတယ်.. ဝန်ခံရင်လဲ လူလေးစါးအောင်အချက်အလက်နဲ့ ဝန်ခံလို့ ရတယ်….။ ကွယ်လွန်သူ ဗိုလ်ချုပ်ဖူးလှထူးနဲ့ ဆုံတုံးက KNU လားမေးလို့  “ကျွန်တော်ကရင်မဟုတ်လို့ ဘယ်လိုလုပ် KNU ဖြစ်နိုင်မှာလဲ ပုဂ္ဂိုလ်ရေးသံယောဇာဉ် တစ်ခုနဲ့ပါဝင်နေတာပါ” …လို့ပြောမိတော့ “ဒါက ပုဂ္ဂိုလ်ရေးနဲ့မဆိုင်ပါဘူး စည်းမျည်းစည်းကမ်း.. မူဝါဒနဲ့ဘဲဆိုင်တယ်” ဆိုပြီး ဖတ်ခိုင်းခဲ့တဲ့ document လေးတစ်ခု တင်ပြထားပါတယ်။ ဒါကြောင့် KNU ..ဆိုရင်လဲဘယ်တုန်းက ဘယ်နေရာက စဖြစ်ခဲ့တယ်..ဘာတာဝန်ဆိုတာ စာရင်းရှိရမယ်.. ပါးစပ်နဲ့ KNU ဘာညာ….ဆိုတိုင်း လက်ခံရင်တော့ ပြောတဲ့သူကော လက်ခံတဲ့သူပါ….နားမလည်လို့လား ရူးလို့လား ကလိမ်ချင်လို့လားတစ်ခုခုဘဲ။ အဲ..ရေရှည်မှာ..KNU နဲ့ ကရင်တွေတရားခံဖြစ်မဲ့ကိစ္စကို.. သိပ်တာဝန်ခံခြင် သူတွေလဲပါတာပေါ့ ….နော….

Photos from Maung Kyaw
Photos from Maung Kyaw
Photos from Maung Kyaw
Photos from Maung Kyaw

truewords/open-letters-ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ အပိုင်း – (၃၀).photayokeking.

ဆောင်းပါးရှင် – မန်းရောဘတ် ဘဇန်

ဖထီးနဲ့အတူ KNLA ရဲဘော်စစ်သည်များ အမှတ်တရပုံ

သူရဲကောင်း ကရင်လက်နက်ကိုင်တပ်ပေါင်းစုံက ရဲဘော်တို့ – (ဆွန်ဇူး) ရဲ့ “စစ်မဟာဗျူဟာ ကျမ်း” အခန်း(၃)၊ အပိုဒ် (၃) “To Subdue the Enemy without Fighting is the Acme of Skill” လို့ မိန့်ကြားထားတယ်။ တချို့စာအုပ်တွေက “The Supreme Act of War is to Subdue the Enemy Without Fighting” လို့ ဖေါ်ပြတယ်။ “လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းမရှိဘဲ ရန်သူကို အောင်မြင်ခြင်းမျိုးသည်သာ စစ်အတတ်ပညာ ကျွမ်းကျင်မှု၏ အမြင့်ဆုံး ဖြစ်သည်”။ “All Warfare is Base on Deception” “အလုံးစုံသော စစ်ရေးစစ်ရာ ဟူသမျှ တို့ကား လှည့်စားခြင်းအပေါ် အခြေခံသည်”

လက်နက်ကိုင် တိုက်ပွဲမဆင်နွှဲရဘဲ ရန်သူကို တိုက်ခိုက်နိုင်ဖို့ “ဆွန်ဇူး”ရဲ့ သွန်သင်ချက်ကို (၁၉၆၅)၊ (၁၉၆၆) ခုနှစ်လောက်မှာ မိမိ (KPLA) (Karen People Liberation Army) တပ်ရင်း(၂)၊ တပ်ရင်း နိုင်ငံရေးမှူးဘဝတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်း၊ မြောင်းမြခရိုင်တွင် “ဆွန်ဇူး” ရဲ့ ဒီသင်ကြားချက်ကို လက်တွေ့အကောင်အထည်ဖေါ် ကြည့်ခဲ့ဖူးသည်။

မှတ်ချက်။ ထိုကာလ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်တိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ပေါင်းစုံတွင် (KPLA) (KPGF) နှင့် (KNDO) ဟူ၍ တပ်အမျိုးအစား (၃) မျိုး ရှိသည်။ (KPGF) (Karen People Guerrilla Forces) နှင့် (KNDO) (Karen National Defense Organization) ကရင်ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဟူ၍ တပ်ဖွဲ့ သုံးမျိုးရှိခဲ့သည်။ Continue reading “truewords/open-letters-ကရင်လက်နက်ကိုင် တပ်ပေါင်းစုံမှ ရဲဘော်များသို့ အပိုင်း – (၃၀).photayokeking.”

နအဖ စစ်သည် ၄ဦး KNDO ထံသို့ လာရောက်ပူးပေါင်း KIC

ဇန်န၀ါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်တွင် အခြေချလှုပ်ရှားသည့် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ တပ်ရင်းနှစ်ရင်းမှ စစ်သည် ၄ဦးသည် ပြီးခဲ့သည့်အပတ်က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ဇန်န၀ါရီလ ၂၂ရက်နေ့က ရတခ လက်အောက်ခံ ခမရ(၃၄၀)မှ တပ်ကြပ်ကြီးအောင်ထွေး ၂၉နှစ်၊ တပ်သား တင်မိုးအောင် ၂၄ နှစ်နှင့် ခမရ(၃၄၁)မှ တပ်သားမောင်ဇင်မိုး ၂၈နှစ်၊ တပ်သားနိုင်းအောင်ကို ၂၁နှစ်တို့သည် လက်နက်ခဲယမ်းအချို့နှင့်အတူ သံလွင်ကမ်းနား၊ အူသူးထာ့နေရာရှိ KNDO တပ်ရင်း(၁)ထံသို့ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း ၎င်းတပ်ရင်းမှူး ဒုဗိုလ်မှူး ကြီးစောကျော်မူးက ပြောသည်။

“ရတခ လက်အောက်ခံ ခမရ(၃၄၀)နဲ့ (၃၄၁)က နအဖ တပ်ဖွဲ့ဝင်တွေဖြစ်တယ်။ MA-1 သေနတ် ၁လက်၊ ကျည်ဆံ ၈၈ တောင့်၊ M-79 ကျည် ၁၀လုံးပါတယ်။ အခု ကျနော်တို့ဆီမှာပဲ သူတို့ ရှိနေသေးတယ်။ အထက်က တာဝန်ရှိသူတွေနဲ့ ပေးတွေ့ ပြီးရင် သူတို့အတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးရမှာပါ။”ဟု ပြောသည်။

အဆိုပါ နအဖတပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်ရင်းအတွင်းမှ အထက်တပ်မှူး စီမံအုပ်ချုပ်မှုများကို မနှစ်သက်မှုနှင့် စစ်တိုက်လို စိတ်မရှိတော့သည့်အတွက် KNDO တပ်ဖွဲ့ဝင်များထံသို့ ယခုလို လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီလ ၉ရက်နေ့တွင်လည်း နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၅ မှ တပ်သား စောနိုးနို ၁၈နှစ် သည် AR လက်နက် ၁လက်၊ မက္ကဇင်းကျည်ဘောက် ၄ချပ်၊ ကျည်ဆံ ၁၁၀တောင့်နှင့်အတူ ကေအဲန်ယူ တပ်မဟာ(၅)ထံသို့ လာရောက်ပူးပေါင်းခဲ့သေးသည်။

KIC New Home Page