#MYANMAR #BURMA #တိုက်ပွဲ ဖြစ်နေသည့် မြ၀တီမြို့ လက်ရှိ မြင်ကွင်း

1477641_690169717745851_733677232907607514_n10253742_690169704412519_2534840587508555834_n10696457_690169637745859_3906936044601338370_n10629862_690169677745855_3212203320425002214_n1555468_690169587745864_5251882576275922104_n

Saturday, September 27, 2014
ထိုင်း-မြန်မာနယ်စပ် မြဝတီမြိုအထွက် အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေပြီး၊ အနီးက ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဧရာဝတီက စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်ကစပြီး မြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက် ငယ်များ အပြင် အာပီဂျီများကိုပါ အသုံးပြုပစ်ခတ်နေတဲ့ အတွက် မြို့ခံတွေအတွက်ပါ စိုးရိမ်စရာရှိနေတယ်လို့ မျက်မြင် တွေက ပြောပါ တယ်။
မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဝင် အရာရှိတဦးက “မြို့ထဲကို လာတဲ့ စစ်ကားကို DKBA က အာပီဂျီနဲ့ စထုလိုက် တယ်လို့ အဲတာကနေ နှစ်ဘက်တိုက်ပွဲစဖြစ်တာလို့ ကျနော်တို့ သတင်းရတာပဲ။ အခုလည်း အာရှလမ်းမကြီးပေါ်မှာ တဝုန်းဝုန်းနဲ့ ဆော်နေကြတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။ Continue reading “#MYANMAR #BURMA #တိုက်ပွဲ ဖြစ်နေသည့် မြ၀တီမြို့ လက်ရှိ မြင်ကွင်း”

KAYAN TIMES မလေးရောက် မြန်မာများအတွက် အထူး သတင်း

မလေးရောက် မြန်မာများအတွက် အထူး သတင်း
===========================

ခု လတ်တလောအခြေအနေမှာ ငါကတော့ စာအုပ်အမှန်ရှိတယ်ဆိုပြီး အတင့်မရဲပါနဲ့။ ကိုယ့် ပတ်စပို့စာအုပ်ဟာ မလေးရှား လ၀ကမှာ တကယ်ရှိ မရှိ https://eservices.imi.gov.my/myimms/enqApplStsဒီလခ့်နေရာမှာ စစ်ဆေးကြည့်ပြီးမှ ယုံကြည်စိတ်ချစွာ သွားလာပါ။ 6P နဲ့ အေးဂျင့်တွေနဲ့ သက်တမ်းတဲ့ ပါမစ်တွေကို လုံးဝ စိတ်မချပါနဲ့။ ကျွန်တော့်ဘော်ဒါတစ်ယောက် စာအုပ်ကိုင်ထားပေမဲ့ ဒီနေ့မှ သူ့ပါမစ်က အတုကြီးဖြစ်နေမှန်း သိလိုက်ရတာပါ။ မိမိလုံခြုံရေးအတွက် မိမိစာအုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို အဘက်ဘက်က စစ်ဆေးပါ။

(မလေးရှားနေ ညီနောင်တစ်ဦးမှ ပေးပို့လာပါတယ်။ အထူးဂရုစိုက်ကြပါ။ မလေးရောက်မြန်မာများ အန္တရာကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။)

557482_548242611910733_795407232_n

ဝ ဒေသကာကွယ်ဖို့ တရုတ်အစိုးရက UWSA ကို စစ်ရဟတ်ယာဉ်များ တပ်ဆင်ေ-BUR/ENGLISH

UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဟာ ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံမှ ဆုံလည် ပစ်လို့ရတဲ့ လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များကို ရရှိခဲ့ကြောင်း ဧပြီ ၂၉ ထုတ် Janes Intelligence သတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ UWSA အမြန်လက်နက်ပြန်လည် တပ်ဆင်ရေးအတွက် လုပ်ရပ်ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ အစပိုင်းမှာ လည်း TY-90 လက်နက် တပ်ဆင်ထားသော စစ်သုံး Mi-17 Hip အလတ်စားသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကို ၀တပ်ကို ပေးပိုခဲ့ကြောင်းကို မြန်မာတိုင်းရင်းသား သတင်းရပ်ကွက်နှင့် မြန်မာအစိုးရ သတင်းရပ်ကွက်အရ သိရကြောင်း ဖော်ပြထားပါတယ်။

တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ နေရာဖြန် ကျက် ထားတဲ့ UWSA ဟာ လက်ရှိမှာ မြန်မာအစိုးရတပ်နဲ့ မခိုင်မြဲလှသော အပစ်ရပ်ရေးသဘောတူညီချက်ရယူထားပါတယ်။ အခု Mi-17 ရဟတ်ယာဉ်တွေကို တရုတ်နိုင်ငံကနေ တိုက်ရိုက် မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ် ကို ဖြတ်ပြီး ၀နယ်ကို ပေးပို့ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တဖွဲ့ကပြောဆိုပြီး စုစုပေါင်း ရဟတ် ယာဉ် ၅ စီးပေးပို့ခဲ့ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသတင်းရပ်ကွက်ကတော့ ရဟတ်ယာဉ် များ UWSA လက်ထဲသို့ ရောက်ရှိကြောင်း အတည်ပြုခဲ့ပေမဲ့ ရဟတ်ယာဉ် ၂ စီးကိုသာ ပေးပို့သည်ဟု ဆိုပါတယ်။

Mi-17 ရဟတ်ယာဉ်များကို ဝေဟင်အချင်းချင်း ပစ်နိုင်သည့် TY-90 လက်နက်တပ်ဆင်ထားတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရပ်ကွက်အဆို မှန်ကန်ခဲ့မယ်ဆိုရင် တပ်မတော်ရဲ့ ရုရှက မကြာသေးခင်ကမှ ၀ယ်ယူထားသော Mi-24P Hind စစ်ရဟတ်ယာဉ်ကို ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ Janes Intelligence သတင်းက ဆိုပါတယ်။

——–
IRRAWADDY

China has allegedly sold helicopter gunships to ethnic Wa rebels who occupy areas of Shan State in eastern Burma, intelligence monitor Jane’s Information Group reported on Monday.

The report claimed China “delivered several Mil Mi-17 ‘Hip’ medium- transport helicopters armed with TY-90 air-to-air missiles to the Wa in late February and early March, according to both Myanmar ethnic minority and Myanmar government sources.”

Bertil Lintner, an expert on Burma and author of Great Game East: India, China and the Struggle for Asia’s Most Volatile Frontier, confirmed the accuracy of the Jane’s report.

Lintner said the Burmese government was moving to gain control of the Shan State Army-North’s mountainous bases on the western bank of the Salween River, for an eventual offensive against the Wa rebels. Continue reading “၀ ဒေသကာကွယ်ဖို့ တရုတ်အစိုးရက UWSA ကို စစ်ရဟတ်ယာဉ်များ တပ်ဆင်ေ-BUR/ENGLISH”