#Union #National #Resistance #Army #မကဒတဖွဲ့စည်းတည်ထောင်ခြင်း #(၂၆) နှစ်မြောက်မွေးနေ့ထုတ်ပြန်ကြေညာချက်

မကဒတဖွဲ့စည်းတည်ထောင်ခြင်း (၂၆) နှစ်မြောက်မွေးနေ့ထုတ်ပြန်ကြေညာချက်

10557295_702616769828549_4497300382971720850_n10496230_702616733161886_3449541883244629052_o

 

10557416_701412386615654_4151900579430960553_n-110679542_822978014407000_2324477206687148366_o

https://www.facebook.com/pages/Union-National-Resistance-Army/685424424881117?fref=photo

#Kawthoolei #Armed #Forces (KAF) #united #Karen #armed #force, #conference

31/10/2014 The Kawthoolei Armed Forces (KAF) the proposed united Karen armed force, held its inaugural conference to establish the group’s formation at at Klo Htoo Baw Headquarters in Sonesee Myaing Village, Myawaddy Township, Karen State from 29th to 30th October.

Major Tun Tun, the Democratic Karen Benevolent Army (DKBA) 2nd General Staff at Klo Htoo Baw Headquarters said: “We have founded the Kawthoolei Armed Forces, but some organizations are not yet ready. Originally this meeting was going to be held over three days, but we will be able to complete everything in two days.”

He explained that the core objective behind founding the KAF was to unify all Karens under one banner. Previously various Karen groups have tried, but not succeeded, to unify the Karen into one group.

The conference opened on 29th October with an introduction section in the morning followed by an afternoon discussion on establishing the KAF.

The meeting was attended by about 250 representatives from various groups including: the DKBA; the KNU and Karen National Liberation Army/Karen National Union – Peace Council (KNLA/KNU-PC); the Karen National Defense Organization (KNDO); the All Burma Students Democratic Front (ABSDF); various Karen Women’s groups; Karen youth networks and township representatives.

Major Tun Tun said the KAF “will begin to form with the groups we already have [that are willing to join the KAF]. The Karen National Union (KNU) according to its policy approves of the formation of the KAF but is not yet ready to join.”

After discussing the formation of the KAF at their 13th October Central Permanent Emergency Meeting the KNU announced that they approved of the idea of forming the KAF because it had previously existed, but they would only take the decision on whether to join at their upcoming congress meeting.

According to a KAF press release on 29th October the objective of the KAF is to represent all the Karen people in their struggle for autonomy whilst standing for equality and justice.

The KAF also pledges to preserve and safeguard its motherland and national culture, to resist those who damage the peace, to cooperate with other ethnic armed groups, to support peace, to stand on the side of justice, and to join hand-in-hand with other democratic forces to achieve a true democratic federal union. CR. IMNA

10708604_822977831073685_2651681681986063276_o10662085_558253680986682_3202199840587028224_o10257639_558254054319978_4975841934818840935_o

#update #DKBA #KAF #ကိုပါကြီးသည် #KKO #လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.

နိုဝင်ဘာ(၂)ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေငြာချက်

10407026_803386469725633_352441345355633328_n

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ ထုတ်ပြန်ချက်
အောက်တိုဘာ ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ယနေ့ကျင်းပပြီးစီး ခဲ့သော ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ နှစ်ရက်တာ ဆွေးနွေးပွဲ ထုတ်ပြန်ကြညာချက် အပြည့်အစုံ
1939808_558935680918482_2428926272513533967_o10700128_558936147585102_7214655191619122283_oKAF AGREEMENT

 

ယနေ့ DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ကျင်းပပြီးစီးခဲ့သည့် ကော်သူးလေတပ်မတော် ဆိုင်ရာဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်
အောက်တိုဘာ – ၃၀ – ၂၀၁၄
Audio ကရင်အမျိုးသား(မီဒီယာ) – ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်

https://soundcloud.com/mahn-myo-myint/ks1orqyguytb

ကိုပါကြီးသည် (KKO) လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.

အောက်တိုဘာ – ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
အလွတ်တန်းသတင်းထောက်ကိုပါကြီးသည် DKBA ၏နိုင်ငံရေးဦးဆောင်အဖွဲ့ KKO နှင့် လုံးဝပတ်သက်မှုမရှိသည့် သတင်းထောက်တဦးဖြစ်သည်ဟု အဖွဲ့၏ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ်စောမိုရှေးက ယနေ့ညနေက ဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပသတင်းထောက်များကို တရားဝင်ရှင်းလင်းပြောဆိုခဲ့သည်။
ကေကေအိုတွင် ပြန်ကြားရေးဌာနမရှိကြောင်း ကိုပါကြီးသည် ဒီကေဘီအေမှပြုလုပ်သည့် အခမ်းအနားများကို ပုံမှန်သတင်းလာယူသည့် သတင်းထောက်ဖြစ်ကြောင်း မိမိတို့အဖွဲ့ဝင်မဟုတ်ကြောင်းကို ရှင်းလင်းပြောဆိုခဲ့သည်။
ယနေ့ညနေက ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်တွင်ပြုလုပ်သည့် ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးပွဲအပြီးတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပုံစာ – ယနေ့ညနေတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။ cr. ကရင်အမျိုးသား- မီဒီယာ
10679860_558885800923470_425865084035263628_o10273140_558885600923490_6101462358786303109_o

 

https://democracyforburma.wordpress.com/2014/10/29/burma-myanmar-ကော်သူလေးတပ်မတော်-kaf-ဖ%E1%80%BC/

#Burma #Myanmar ကော်သူလေးတပ်မတော် #KAF #ဖွဲ့စည်းရေးအစည်းအဝေးအမှတ်တရ #CLIP

CR. KO NAY MYO ZIN

10662085_558253680986682_3202199840587028224_o
အောက်တိုဘာ – ၂၉ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ဦးဆောင်ပြီး ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဒီနေ့မနက်က ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်မှာ စတင်ကျင်းပနေပါတယ်။
၃ ရက်ကြာမဲ့ ဒီဆွေးနွေးပွဲကို DKBA အဓိပတိဗိုလ်ချုပ်ကြီးစောလားပွယ် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့အချို့ က ကိုယ်စားလှယ်တွေနဲ့ကရင်အမျိုးသားတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဆွေးနွေးပွဲရည်ရွယ်ချက်က ကရင်တမျိုးသားလုံးအတွက် တခုတည်းသောတပ်မတော် ပေါ်ပေါက်ရေးအတွက်ဖြစ်တယ်လို့ ဆွေးနွေးပွဲအစီအစဉ်မှာ ပါရှိပါတယ်။
ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ ကောင်သူးလေတပ်မတော်ဆိုင်ရာနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်မှာဖြစ်သလို သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ DKBA က တပ်မှူးကြီးတဦးက ကရင်အမျိုးသား(မီဒီယာ)ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ပြည်တွင်းပြည်ပက သတင်းထောက်အချို့  တက်ရောက်သတင်းယူနေတာကိုတွေ့ရှိရပြီး အများစုကတော့ ရန်ကုန်အခြေစိုက်သတင်းဌာနက သတင်းထောက်တွေဖြစ်ပါတယ်။

https://soundcloud.com/jargyi/knu-kaf-meeting-news

10257639_558254054319978_4975841934818840935_o10669315_558255264319857_862430972864879408_o10659450_822375591133909_4762576971218196796_n

KAF AGREEMENT

 

Union National Resistance Army

10557416_701412386615654_4151900579430960553_n-1Union National Resistance Army

 

ရက်သတ္တတပတ်နီးပါးကြာ ဆွေးနွေးပွဲအဖြေ

အောက်တိုဘာ – ၂၉ – ၂၀၁၄

ကရင်အမျိုးသား(မီဒီယာ)

ဒီလ ၂၃ ရက်နေ့ကစတင်ခဲ့တဲ့ ကေအင်န်ယူ အရေးပေါ်အစည်းအဝေး ဒီနေ့မှာပြီးဆုံးခဲ့ပြီး အချက် ၆ ချက်ပါတဲ့ အဖြေကိုရရှိလိုက်ပါတယ်။

ဒီအဖြေရတဲ့ ကေအင်န်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၀ နီးပါး နဖူးတိုက်ဒူးတုက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထူးခြားချက်ကတော့ ပြောရေးဆိုခွင့်ရရှိသူ နှစ်ဦးထဲမှာ ပဒိုသမိန်ထွန်းပါတာကိုတော့ ကရင်အမျိုးသားအချို့ သဘောတွေ့ခဲ့ကြပါတယ်။

KNU Central Standing Committee 3rd emergency meeting Statement

10538542_558450627633654_5573266970154312111_n

Nay Myo Zin ကော်သူလေး တပ်မတော် ဖွဲ့စည်းရေး အခမ်းအနား မှတ်တမ်းများ.

ကော်သူမွဲခီး ( ဆုံဆည်းမြိုင် ) တွင် ကျင်းပသည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်း ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ ပြည်ထောင်စု လူမှုနိုင်ငံေ၇း အသင်း တသင်း အနေဖြင့် သွားရောက် အားပေးတက်ရောက်ခဲ့ပါသည်။ တိုင်းရင်းသား အားလုံး စုစည်းကျစ်လစ်ခိုင်မာစွာ ချိတ်ဆက် ပြီး ဘုံရည်မှန်းချက်ကို ဟန်ချက်ညီအောင် ချည်းကပ်နိုင်မှသာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ကို အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

1540365_822977991073669_2784793208674874124_o10505174_822977721073696_3698080156215669720_o10679542_822978014407000_2324477206687148366_o10708604_822977831073685_2651681681986063276_o

ပြည်သူတွင် ရန်သူမရှိ။

ဒီကေဘီအေတပ်မှ ခေါင်းဆောင်စစ်သည်များ အားလုံး နှင့်တရင်းတနှီး ၊ ယခင်က မည်သို့ပင် ရှိခဲ့သည်ဖြစ်စေ။ ယခု အခါ တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ပြည်ထောင်စု တည်ဆောက်ရေး ၊ တိုးတက်ဖွံ့ဖြိုးရေး ၊ အသွင်ကူးပြောင်းရေး လူမှုအဖွဲ့အစည်း ၊ နိုင်ငံရေး အဖွဲ့အစည်းအားလုံး တွဲဖက် လုပ်ဆောင်ရတော့မည့် အချိန်ဖြစ်သည်ဟု မိမိတို့ ယုံကြည်သည်။ Continue reading “#Burma #Myanmar ကော်သူလေးတပ်မတော် #KAF #ဖွဲ့စည်းရေးအစည်းအဝေးအမှတ်တရ #CLIP”

#ဆုံဆည်းမြိုင်က ကော်သူးလေတပ်မတော်ဆွေးနွေးပွဲ #KNU #ကိုယ်စားလှယ်အဖွဲ့တက်မည် “

” ဆုံဆည်းမြိုင်က ကော်သူးလေတပ်မတော်ဆွေးနွေးပွဲ KNU ကိုယ်စားလှယ်အဖွဲ့တက်မည် ”

အောက်တိုဘာ – ၂၈ – ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ကမကထပြု၍ ကော်သူးလေးတပ်မတော် (KAF) ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို မနက်ဖြန်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီ၏ အတွင်းရေးမှူး ပဒိုအောင်မော်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်မည်ဟုသိရသည်။

(KAF) ဖွဲ့စည်းတည်ထောင်ခြင်းကို မူအားဖြင့်သဘောတူကြောင်းကို ယခုလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည့် အရေးပေါ်ဗဟိုကော်မတီ အစည်ူအဝေးတွင် KNU ကဆုံးဖြတ်ခဲ့ခြင်းအပါအ၀င် ကော်သူးလေတပ်မတော်နှင့်ပတ်သက်သည့် မူဝါဒများကို ပဒိုအောင်မော်အေး ဦးဆောင်သည့်အဖွဲ့က လာရောက်ရှင်းလင်းပြောဆိုမည်ဖြစ်သည်။

KNU သည် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီကို ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့ရာ ဥက္ကဌဗိုလ်ချုပ်ကြီးဂျော်နီ – ဒုဥက္ကဌဒုဗိုလ်ချုပ်ကြီးဘောကျာ်ဟဲနှင့်အတွင်းရေးမှူးပဒိုအောင်မော်အေးတို့ဖြစ်သည်။

ကရင့်အမျိုးသားရေး လေ့လာသူပညာရှင်အချို့ က KNU မှဖွဲ့စည်းလိုက်သော အဆိုပါကော်မတီ၏ လုပ်ငန်းစဉ်များသည် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ အချိန်ကာလနှင့်တပြေးညီလှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ကော်သူးလေတပ်မတော်တည်ထောင်သည့်ကိစ္စ ပေါ် ပေါက်လာရခြင်း ဖြစ်နိုင်သည်ဟု ဝေဖန်သုံးသပ်ပြောဆိုကြသည်။

ဒီကေဘီအေအပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခုက ကော်သူးလေတပ်မတော် တည်ထောက်သည့်အကြောင်းကို ယခုလ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆုံဆည်းမြို င်တွင် မနက်ဖြန်ကျင်းပမည့်ပွဲသို့ ဒီကေဘီအေအဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ဖိတ်ကြားချက်အရ ကရင်လက်နက်ကိုင်အဖွဲ့အချို့ မှခေါင်းဆောင်များ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရန်ကုန်အခြေစိုက်သတင်းဌာနများမှ သတင်းထောက်များနှင့် ပြည်ပသတင်းဌာနအချို့ မှသတင်းထောက်များ ယနေ့တွင်ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိလာကြပြီးဖြစ်သည်။

ပုံစာ – ပဒိုအောင်မော်အေး။

1654833_557752701036780_4415790332627602135_o

#CLIP #၂၀၁၄ခုနှစ် ကရင်တော်လှန်ရေးနေ့မှာ ဗိုလ်ချုပ် နာဒါးမြနဲ့တွေ့ခဲ့စဉ်က

ကရင်အမျိုးသားအလံတော်အောက်က ကရင်တော်လှန်ရေး တပ်ဖွဲ့တွေပါဝင်တဲ့ ၂၀၁၄ ခုနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားမှာ နာဒါးမြ ပြောခဲ့တာလေးကို အမှတ်တရ တင်ပေးလိုက်တယ်။

“ကျနော်တို့တိုက်ရမှာ ဗမာ မဟုတ်ဘူး ၊ စစ်အာဏာရှင်ကို တိုက်ရမှာ အဲဒါ အဖေလည်း ခဏခဏပြောတယ်” CR. YAMOUNAR

#UPDATE #ကော်သူးလေ တပ်မတော် #KAF #အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို

1619100_348458955333666_1328437920751197702_n

Thursday, 16 October 2014
ရွှေဟင်္သာ

ကရင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သော ကော်သူးလေ တပ်မတော် ( Kawthoolei Armed Force – KAF) အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပေါင်းစည်း ခဲ့မှုကို ကရင် လူထု များနှင့် အရပ်ဖက် ကရင် လူမှု အဖွဲ့အစည်း များက လိုလားကြောင်း ၎င်းတို့၏ ပြောကြားချက် များအရ သိရှိ ရသည်။

“ကရင် တပ်များ ပေါင်းစည်းရေး၊ပါတီ ပေါင်းစည်း ရေးကိုလွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကရင် လက်နက်ကိုင် တပ်များ ပြည်လည် ပေါင်းစည်းရေး ကော်မီတီက အကောင် အထည် ဖော်ဖို့ ကြိုးပမ်း ခဲ့တာ ကြာပြီ၊ အခုမှ အကောင် အထည် ပေါ်ခဲ့ တာပါ” ဟု ကရင် အမျိုးသမီး ဖွံဖြိုး တိုးတက်ရေး အဖွဲ့မှနော်ဇူဇန်နာ လှလှစိုးကပြောသည်။

ထိုကဲ့သို့ ကော်သူးလေ တပ်မတော် အဖြစ် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း ခဲ့ရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) တို့ ပါဝင်ကြောင်း အောက်တိုဘာလ (၁၃) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အား ကိုယ်စား ပြု၍ ဒုတိယ စစ်ဦးစီးချုပ်က ၎င်း၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO) အား ကိုယ်စား ပြု၍ ဦးစီးချုပ်က ၎င်း၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) အား ကိုယ်စား ပြု၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် က၎င်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) အား ကိုယ်စား ပြု၍ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး က၎င်း အသီးသီး လက်မှတ် ရေးထိုး၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပေါင်းစည်းမှုမှာ စစ်မှန်သော ပေါင်းစည်းမှု မဟုတ်ပဲ တစ်စုံ တစ်ဦးမှ အတုအယောင် ဖန်တီး ထားသော ပေါင်းစည်းမှု ကြေငြာချက်သာ ဖြစ်ကြောင်း ကနဦး၌ သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း ယင်းပေါင်းစည်းမှု ထုတ်ပြန်ချက်မှာ အစစ်အမှန် ကြေငြာချက် ဖြစ်ကြောင်း DKBA တပ်ဖွဲ့၏ ကလို့ထူးဘော စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောသည်။

ဗျုဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “တစ်ကယ် အစစ်အမှန်ကို လက်မှတ် ထိုးထား တာပါ၊အတု အယောင် မဟုတ်ပါဘူး၊ ကရင် ပြည်သူ တွေက တောင်းဆိုလို့ ကရင် ပြည်သူ လူထုရဲ့အကျိုး စီးပွားကို ကာကွယ်ဖို့ အတွက်ကရင် ပြည်သူ တွေကပြန်ပေါင်း လိုက်ပါလို့ ဆိုလာတဲ့ အတွက် ကြောင့်ပါ” ဟု ဆိုသည်။

မရှေး မနှောင်း၌ ထိုပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ခဲ့သည့် KNU/KNLA – PC မှ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးအား ၎င်းတို့ အဖွဲ့၏ စစ်ဥပဒေ ပုဒ်မ (၂) အပိုဒ်က အမိန့် ညွှန်ကြားချက် များအား လေးစား လိုက်နာမှု မရှိခြင်း၊ စစ်အက်ဥပဒေ ပုဒ်မ (၂၆) အရ အဖွဲ့အစည်း ဂုဏ်သိက္ခာ မထိခိုက် စေရန် ကာကွယ် ထိန်းသိမ်းရန်မှ ပျက်ကွက် ခြင်းနှင့် ထိုလုပ်ရပ် များအတွက် အထက် အရာရှိ များမှ ညှိနှိုင်းရန် ဆင့်ခေါ် မှုကို လက်မခံ သောကြောင့် အဖွဲ့မှ ထုတ်ပယ် လိုက်ကြောင်း အောက်တိုဘာ (၁၄) ရက်နေ့တွင် KNU/KNLA – PC အဖွဲ့မှ ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

အလားတူပင် ကရင် အမျိုးသား အစည်းအရုံး၏ ကာကွယ်ရေး ဌာနမှလည်း အဆိုပါ အောက်တိုဘာလ (၁၄) ရက်နေ့ ၌ပင် ကြေငြာချက် တစ်စောင်အား အလားတူ ထုတ်ပြန် ခဲ့ပြီး ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ် တို့သည့် ယင်းတို့၏ သဘောထား အမြင် အပေါ်တွင်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေငြာချက် ထပ်မံ ထုတ်ပြန် ခဲ့ပြီးနောက် ကော်သူးလေ တပ်မတော် – KAF အဖြစ် ပေါင်းစည်းရေး အစစ် ၊ အတု ဟူသည့် ဝေဖန်မှုမှာ ပိုမို မြင့်တက် လာခဲ့သည်။

တကွဲ တပြား ဖြစ်နေသည့် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း နိုင်ရေး အတွက် ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ (၂၈) ရက်နေ့တွင် ကော့ကရိတ် မြို့နယ် ထို့ကော်ကိုး စခန်း၌ ကရင် လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ တက်ရောက် ခဲ့သည့် ညှိနှိုင်း ဆွေးနွေးပွဲမှ “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” တရပ်ကို ဖွဲ့စည်း ခဲ့သည်။

ထိုအစည်း အဝေးအား ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ ၊ ဘုရားကုန်းခေါ် ပဒိုအောင်ဆန်း အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ အစိုးရ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA – PC) တို့ ဖြစ်ကြသည်။

ထို “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” ဖွဲ့စည်း ခဲ့သည့် ညှိနှိုင်း အစည်းအဝေး ၌လည်း အခြား ဆုံးဖြတ် ချက်များ ဖြစ်သည့်

(၁) နိုင်ငံရေး ဆွေးနွေး သည့်အခါ ထိရောက်မှု ရှိလာ စေရန် ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ် ကြရန်။

(၂) တမျိုးသားလုံးကို ကိုယ်စား ပြုသည့် နိုင်ငံရေး ဆွေးနွေး မှုကို KNU မှ ဦးဆောင်ရန်။

(၃) မူးယစ်ဆေးဝါး ပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်း သွားရန်။

(၄) ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လ တကြိမ် တွေ့ဆုံ ဆွေးနွေး သွားရန်။

(၅) ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါဝင်သော လူထု ရှင်းလင်းပွဲများ ကျင်းပ သွားရန်။

(၆) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့ များနှင့် ပြည်သူ များအား ထုတ်ပြန်ရန်

(၇) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်း

စသည့် အချက်များကို ဆုံးဖြတ် ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲ အစည်း အဝေး ဆုံးဖြတ် ချက်ဖြင့် ဖွဲ့စည်း လိုက်သည့် “ ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် များမှာ – ဗိုလ်မှူးကြီးစောချစ်သူ (BGF)၊ဗိုလ်မှူး စောကြာအဲ (BGF) ၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA – PC)၊ ဗိုလ်မှူးကြီး စောယိုရှူး ၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့) ၊ ပဒိုဖောဒို့ (KNU )၊ ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU) နှင့် ဗိုလ်ချုပ်ကြီးဂျော်နီ (KNU)၊ ဗိုလ်ချုပ် စောမိုရှေး (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

လက်ရှိ၌ ထုတ်ပြန် ခဲ့သည့် ကြေငြာချက် များအရ ကရင် လက်နက်ကိုင် တပ်များ ကော်သူးလေ တပ်မတော် – KAF အဖြစ် ပြန်လည် ပေါင်းစည်း ခဲ့မှုမှာ အငြင်းပွား ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော်လည်း ၎င်းပေါင်းစည်းမှုကို ကြိုဆိုကြောင်း ကရင် အဖွဲ့အစည်း များမှ ပြောကြားသည်။

ကရင် အမျိုးသမီး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သည့်နော်အုန်းလှ ကလည်း “ကရင် လက်နက်ကိုင် အားလုံး ပူးပေါင်းတယ် ဆိုရင် အင်အားလည်း များလာ ပါတယ်။ ဒီတစ်ခုကို အစိုးရက သတိထား မိလာမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပေါင်းစည်းမယ် ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အထောက်အကူ ဖြစ်မယ် လို့လဲ ထင်ပါတယ်”ဟုဆိုသည်။

အလားတူထားဝယ် အခြေစိုက်တာကဘော သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှ ကရင်အမျိုးသမီး တဦး ဖြစ်သူ နော်လောရာ ကလည်းအခု ကဲ့သို့ ပေါင်းစည်းခြင်း အားဖြင့်ကရင်လူမျိုး တစ်မျိုးလုံး စည်းစည်းလုံးလုံး ဖြစ်သွားမည် ဖြစ်ကာ လုပ်ဆောင်ချက် ကောင်းမကောင်း ဆိုသည် ကမူ ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်သည်ဟု ပြောသည်။

“လူထု ကတော့ ကွဲနေတာကို မကြိုက် ကြဘူး။ ပူးပေါင်း လိုက်ရင် သဘောထား တခုထဲ ထွက်လာ မှာပေါ့။ ကိစ္စ တခုမှာ သဘောထားတွေ အမျိုးမျိုး မထွက် တော့ဘူး။ငြိမ်းချမ်းရေး မှာလည်း သူတကွဲ၊ ငါတကွဲ လုပ်နေမယ့် အစား သေသေချာချာ ပူးပေါင်း လုပ်ရင် အဆင်ပြေ ပါတယ်” ဟုနော်လောရာက ပြောသည်။

ကရင်ပြည်နယ် ကျုံဒိုး မြို့မှ ဒေသခံ တစ်ဦးက ကရင် လူမျိုးများ ပေါင်းစည်း ရေးကို သဘော တူပြီး တိုက်ပွဲဒဏ် ခံစား နေရသော ရွာများလည်း ထိုပေါင်းစည်းရေးကို လက်ခံ ကြလိမ့်မည်ဟု ၎င်း၏ အမြင်ကို ပြောသည်။

====

KAF နဲ့ မြန်မာ့ ငြိမ်းချမ်းရေး အလားအလာ Continue reading “#UPDATE #ကော်သူးလေ တပ်မတော် #KAF #အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို”