#Myanmar #Thailand #Immigration #ထိုင်းနိုင်ငံတွင်း ဗီဇာ သက်တမ်းကျော်နေသူများအတွက် ပြစ်ဒဏ် ထုတ်ပြန်

ထိုင်းနိုင်ငံတွင်း ဗီဇာ သက်တမ်းကျော်နေသူများအတွက် ပြစ်ဒဏ် ထုတ်ပြန်
Tuesday, July 22, 2014

overstay warning thailand

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်
က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသားများ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင်လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်သူများနှင့်သက်ဆိုင် သည့်
ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော်လွန်သွား ရင် ဘယ် လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု ကြီးကြပ် ရေး ဗဟို အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာကို ဘန်ကောက် လ၀က အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံတွင်း သတ်မှတ်နေထိုင်ခွင့်ကာလ ထက် ရက် ၉၀ ကျော် ပိုနေရင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ၁ နှစ်ပိတ် ပင်မှာ ဖြစ်ပြီး တနှစ်ကျော် ပိုမိုနေထိုင်သူအတွက် ပြည်ဝင်ခွင့် ၃ နှစ်ပိတ်ပင် ခံရမှာဖြစ်ပြိး ၃ နှစ်ကျော် နေထိုင်သူအ တွက် ပြည်ဝင်ခွင့် ၅ နှစ်၊ ၅ နှစ်ကျော် နေထိုင်သူအတွက် ပြည်ဝင်ခွင့် ၁၀ နှစ် အသီးသီး ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း အမှုတခုခုဖြင့် ဖမ်းဆီးခြင်းခံရသူ နိုင်ငံခြားသားများ အနေဖြင့် တနှစ် အောက် သတ် မှတ် ဗီဇာ ကျော်လွန်နေထိုင်သူအတွက် ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ်၊ ၁ နှစ်ကျော် ကြာ ကျော်လွန်နေထိုင်သူ များ အတွက် နိုင်ငံသို့ ပြန်လည် ပြည်ဝင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင် တားမြစ် သည့် ပြစ်ဒဏ် သတ်မှတ်
ကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။

အိမ့်သံစဉ် ~(ဧရာဝတီ)
https://www.facebook.com/pages/ရေ%E1%82%8Aလုပ်သား/294849193994181?sk=timeline

KAYAN TIMES မလေးရောက် မြန်မာများအတွက် အထူး သတင်း

မလေးရောက် မြန်မာများအတွက် အထူး သတင်း
===========================

ခု လတ်တလောအခြေအနေမှာ ငါကတော့ စာအုပ်အမှန်ရှိတယ်ဆိုပြီး အတင့်မရဲပါနဲ့။ ကိုယ့် ပတ်စပို့စာအုပ်ဟာ မလေးရှား လ၀ကမှာ တကယ်ရှိ မရှိ https://eservices.imi.gov.my/myimms/enqApplStsဒီလခ့်နေရာမှာ စစ်ဆေးကြည့်ပြီးမှ ယုံကြည်စိတ်ချစွာ သွားလာပါ။ 6P နဲ့ အေးဂျင့်တွေနဲ့ သက်တမ်းတဲ့ ပါမစ်တွေကို လုံးဝ စိတ်မချပါနဲ့။ ကျွန်တော့်ဘော်ဒါတစ်ယောက် စာအုပ်ကိုင်ထားပေမဲ့ ဒီနေ့မှ သူ့ပါမစ်က အတုကြီးဖြစ်နေမှန်း သိလိုက်ရတာပါ။ မိမိလုံခြုံရေးအတွက် မိမိစာအုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို အဘက်ဘက်က စစ်ဆေးပါ။

(မလေးရှားနေ ညီနောင်တစ်ဦးမှ ပေးပို့လာပါတယ်။ အထူးဂရုစိုက်ကြပါ။ မလေးရောက်မြန်မာများ အန္တရာကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။)

557482_548242611910733_795407232_n

(One for all , All for One)ဧရာဝတီဖောင်ဒေးရှင်း မြန်မာအလှူရှင်အဖွဲ့၏ ပထမဆုံးအစီအစဉ်

ဧရာဝတီဖောင်ဒေးရှင်း မြန်မာအလှူရှင်အဖွဲ့၏ ပထမဆုံးအစီအစဉ်
(One for all , All for One)

PHOTO CREDIT NAY THUREIN
PHOTO CREDIT NAY THUREIN

 

မလေးရှားမှ မြန်မာနိုင်ငံသားများထဲမှ

မည်သည့် စာရွက်စာတမ်းပြည့်စုံသူမဆို 12.6.2013 (သို့) 13.6.2013
ကြား အမိမြန်မာမြေသို့ ပြန်လိုသည့် မြန်မာနိုင်ငံသား အယောက် (20) အားစတင်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခမဲ့ပို့ဆောင်ပေးမည် ။

မြန်မာနိုင်ငံသားများအားလုံးထဲမှ မည်သည့်သူမဆို စတင်ဆက်သွယ်နိုင်သည် ။ ပြန်မည့်သူများသည် မိမိတို့လက်ထဲတွင် မလေးရှားနိုင်ငံ လဝက (Immigration) အားဖြတ်ကျော်ရန် စာရွက်စာတမ်း ပြည့်စုံသူဖြစ်ရမည် (ဥပမာ – ပါမစ် သို့မဟုတ် Special Pass ရှိပြီးသူ ဖြစ်ရမည်) ။

ယခု အစီအစဉ်သည် မလေးရှားရောက် မြန်မာနိုင်ငံသား စိတ်ဆင်းရဲပူပန်နေသူများအားလုံးအား မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ အားလုံး စုပေါင်းထားသည့် မလေးရှားရောက် မြန်မာများအတွက် ဧရာဝတီ ဖောင်ဒေးရှင်း၏ အားပေးသံ အစဖြစ်သည် ။

ပါမစ်မရှိသူများ အားလည်းအမြန်ဆုံး immigration မှတရားဝင်ခွင့်ပြုသွားစေရန်အတွက် ဆက်လက် ဆောင်ရွက်မည်။
ပါမစ်မရှိသော်ငြား မလေးရှားလဝကတွင် Special Pass (Compound) ကြေးပေးသွင်းပြီး လေယာဉ်လက်မှတ်ခက်ခဲနေသူများ အတွက်လည်း အကြုံးဝင်သည် ။

ထို့မျှမက လယာဉ်လက်မှတ် အစောင် 1000 အား အဖမ်းဆီးခံ နေရသော မြန်မာနိုင်ငံသားများအတွက် အခမဲ့ ကူညီသွားမည့်အပြင် …..

မလေးရှားရောက် မြန်မာနိုင်ငံသားများ အားမငယ်စေရန် အတွက် ကျွန်တော်တို့

မြန်မာအားလုံး
မြန်မာလုပ်ငန်းရှင်အားလုံး
မြန်မာနိုင်ငံမှ လူကြီးအားလုံး
တာဝန်ယူရဲသူများအားလုံးရဲ့ အားပေးခြင်း ဖြစ်ပြီး
မနက်ဖြန် 12.3.2013 မှစတင်ကာ မလေးရှားရောက်မြန်မာများအတွက်
အမိမြေက လစ်လျှူရှု့မထားကြောင်း ကို
မလေးရှားရောက် မြန်မာများသိအောင် ထိထိရောက်ရောက်ဆောင်ရွက်မည် ။

မည်သူမဆို …..
မည်သည့်တိုင်းရင်းသားမဆို …..
မည်သည့် မြန်မာနိုင်ငံသားမဆို …..
မည်သည့် ငွေတစ်ပြားမှ ပေးရန်မလို ….

KBZ , Max Myanmar , MAI , ….

မြန်မာများအတွက် ကူညီစီစဉ်သူ
Hello Myanmar Journal ဦးသက်ပြင်း (မလေးရှား)

မလေးရှားမှ မြန်မာများ ဆက်သွယ်ရန်ဖုန်းနံပတ်များ
(volunteers)

ရွှေလူငယ် – ၀၁၂ ၄၄၆၈၈၄၂ (ကိုမျိုး ဧဒင်ဥယျာဉ်)
ပညာအိမ် – ၀၁၇ ၃၀၇၄၆၂၂ ( ဦးမျိုးညွှန့်)
ဦးမျိုးညွှန့် – ၀၁၆ ၉၉၈၀၆၀၁ (SAVE THE AGE)
ဦးသီဟမောင်မောင် – ၀၁၂ ၃၈၈၈၄၈၀ (MMSL Industrial Sdn Bhd)
ဦးညီညီ – ၀၁၇ ၃၅၅၈၇၁၀၀ (ခေါင်းလောင်းသံဂျာနယ်)
ဦးဘိုဘိုအောင် – ၀၁၄၃၄၂၆၅၁၇ (ရာဝမ်း)
ဦးအောင် – ၀၁၉၆၄၉၁၄၇၃ (ကိုအောင် နီလိုင်း)

မလေးမြန်မာဒုက္ခသည်များအတွက် ပြည်တွင်းမှလှုဒါန်းမှုစာရင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
HTOO FOUNDATION GROUP
—————————————
1. USD 100000
2. Free Air Bagan local air tickets
3. Job offer

The Messenger Media
————————————-
1. USD 2000

Myanmar Airway International (MAI)
——————————————
1. 50% Discount KL-YGN until Jul 12

Max Myanmar Co, Ltd
—————————————–
1. USD 20000
2. 1000 free Air tickets KL-YGN

KBZ Bank
—————————————-
1. USD 50000

Eleven Media Group
—————————————-
1. USD 1000

အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍

SOURCE HMUU ZAW

အင်ဒိုနီးရှားရှိ immigration Detention Centre ဖြစ်စဉ်နှင့်စပ်လျဉ်း၍
=====================================

10178_416779585085802_1592653687_n
ဂျာကာတာရှိ မြန်မာသံရုံးက အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူများထံ-

(၁) ဖြစ်စဉ်အမှန်ကို မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန်၊

(ဓါး သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ်ထိန်းသိမ်းမှုအခြေအနေ)

(၂) စုံစမ်းဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရန်၊

(၃) အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား
ဆောင်ရွက်ပေးရန်၊

တောင်းဆိုသွားမည်ကြောင်း သိရှိရပါသည်။

http://asiancorrespondent.com/104352/8-dead-as-burmese-buddhists-muslims-clash-in-indonesia/

ADVISE THEIN SEIN FROM SITTWE PEOPLE-စစ်တွေမြို့မှ သမ္မတဦးသိန်းစိန်သို့တင်ပြစာတမ်း rakhine straight view

27.11.2012

ပြည်ထောင်စုသမ္မတနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ထံသို့ စစ်တွေမြို့၊ မြို့မိမြို့ဖများမှ စစ်တွေ ခရိုင်အတွင်းရှိ ဘင်္ဂလီလူမျိုးများအား စစ်ဆေးနေသည့်လုပ်ငန်းနှင့်ပတ်သက်၍ အကြံပြု တင်ပြသည့်စားတမ်းဖြစ်သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ရက်စွဲဖြင့် တင်ပြသည့် စာတမ်းဖြစ်ပါသည်။