ALERT! WE KNOW WHY IRANIAN NGO ASSIST BENGALI,SO CALLED ROHINGYA, NGO စာရင်းတွင် စီအိုင်အေ က သွင်းထားဆဲ။

 

 

312461_560724130613832_1557669196_n

 

အီရန်လခြမ်းနီအဖွဲ့သည် အကြမ်းဖက်လှုပ်ရှားမှုများအတွက် အီရန်ထောက်လှမ်းရေးက အရေခြုံ လှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေးများက တွေ့ရှိထား။ အကြမ်းဖက် ဆက်စပ်မှု ရှိ NGO စာရင်းတွင် စီအိုင်အေ က သွင်းထားဆဲ။

By Thaung Krwe

စစ်တွေ ၊ ၂၂ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်းသုံးသပ်ချက် ]

ဝီကီလိခ် က ၂၀၁၀-ခုနှစ်အတွင် ဖွင့်ချလိုက်သော အမေရိကန်သံရုံး သံကြိုးစာတစ်စောင်အရ အီရန် လခြမ်းနီ အဖွဲ့ (IRCS) သည် အီရန်အစိုးရ၏ တင်းကြပ်စွာချုပ်ကိုင်မှုကို ခံထားရပြီး၊ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ၏ ကြားနေရေးမူဝါဒကို ဖောက်ဖျက်ကာ ထောက်လှမ်းရေး၊ လက်နက်ပို့ဆောင်ရေး သူလျှို နှင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခဲ့ကြောင်းဖော်ပြထားသည်သာမက၊ အကြမ်းဖက်လှုပ်ရှားမှုများ နှင့် အဆက်အစပ်ရှိသော အဖွဲ့အဖြစ် အမေရိကန် စီအိုင်အေ က အီရန်လခြမ်းနီအဖွဲ့ကို စာရင်းသွင်းထားကြောင်း တွေ့ရသည်။

အဆိုပါ သံကြိုးစာအရ ၂၀၀၈-ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နှင့် (၂၀) ရက်နေ့တို့တွင် နိုင်ငံတကာအရံရဲအရာရှိ (IRPO officer) တစ်ဦးအား အီရန်အဆင့်မြင့်အရာရှိကြီးတစ်ဦးက အီရန်လခြမ်းနီအဖွဲ့၏ သူလျှို၊ အကြမ်းဖက် လုပ်ဆောင်မှုများ၊ လက်နက်ပို့ဆောင်မှုများကို လုပ်ဆောင်ခဲ့မှုများကို ထုတ်ဖော်ပြောကြားခဲ့သည် ဟု ဖော်ပြထားသည်။ ထို ထုတ်ဖော်ပြောကြားသူ နှင့် ၄င်း၏စကားများကို ယုံကြည်စိတ်ချနိုင်သည် ဟု အမေရိကန် သံအရာရှိများက ယူဆကြသည်။

လက်လနွန်မှ ဟစ်ဇဘိုလာအကြမ်းဖက်သမားများ နှင့် အစ္စရေးတို့ ၂၀၀၆-ခုနှစ် ပဋိပက္ခဖြစ်နေစဉ်ကာလအတွင်း အီရန်လခြမ်းနီအသင်းမှ လက်ဘနွန်သို့ ဆေးပစ္စည်းများပို့မည့်လေယာဉ်တွင် ဆေးအထောက်အကူပစ္စည်းများ မတင်မီကပင် လေယာဉ်စီးဝက်စာ ဒုံးကျည်များ အပြည့်တင်ထားသည်ကို အီရန်လခြမ်းနီအသင်း ၀န်ထမ်းများ (IRC staff) မျက်စိနှင့် တပ်အပ် မြင်ခဲ့ရကြောင်း ၄င်းကဆိုသည်။

ကြက်ခြေနီမူဝါဒများအရ အီရန်အစိုးရ မှ ကင်းလွတ်စွာရပ်တည်ရမည့် အီရန်လခြမ်းနီအဖွဲ့သည် အမှန်တကယ်အားဖြင့် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Iranian Revolutionary Guard) ခေါ် IRG အဖွဲ့ဝင် အေးဂျင့်များကို ကြက်ခြေနီအရေခြုံပေးကာ နိုင်ငံတော်တော်များများသို့ စေလွှတ်ပေးခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က အမေရိကန် သံတမန်များအား ထုတ်ဖော် သတင်းပေးခဲ့သည်။

အီရန်ကြက်ခြေနီအဖွဲ့ ကမူ အဆိုပါ စွပ်စွဲမှုများကို ခါးခါးသီးသီး ငြင်းဆိုသည်။

ဟစ်ဇဘိုလာ ပြောက်ကျားများအား အကူအညီပေးရန်အတွက် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ၏ လက်ရွေးစင် အဆင့်မြင့် အေးဂျင့်များဖြစ်ကြသော al-Quds တပ်ဖွဲ့ဝင်များအား လျှို့ဝှက်ထောက်လှမ်းရေးအရာရှိများ နှင့် အထူးအရာရှိ များအဖြစ် လက်ဘနွန်သို့ ပို့ပေးရာတွင် အီရန်လခြမ်းနီအဖွဲ့ ၀န်ထမ်းများအဖြစ်ပေးပို့ခဲ့ကြောင်း လက်နက်များကိုလည်း ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်က ဤကဲ့သို့ပြောကြားသည်။

“လက်ဘနွန်ကို ပို့လိုက်တဲ့ အီရန်လခြမ်းနီဝန်ထမ်းစစ်စစ်ဆိုလို့ ဆရာဝန်နဲ့ ဒရိုင်ဘာပဲပါတယ်။ ဆေးဝါးအထောက်အပံ့တွေ ပို့တွေဆိုတာကလည်း လက်နက်တွေကို (သိုဝှက်ပြီး) ပို့ရတာလွယ်ကူအောင် လုပ်တဲ့သဘောဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

မိုဟာမက်အမာဒီနီဂျက် ၂၀၀၅-ခုနှစ်တွင် အီရန်သမ္မတအဖြစ် အရွေးချယ်ခံရပြီးနောက် အီရန်လခြမ်းနီအဖွဲ့၏ လက်ဟောင်းဝန်ထမ်းများကို ထုတ်ပစ်လိုက်ကာ၊ ယခုအခါ အီရန်လခြမ်းနီအသင်းကို အီရန်တော်လှန်ရေး အစောင့် တပ်ဖွဲ့၏ အထောက်အကူပြုအဖွဲ့ အဖြစ်သာ သဘောထားသည် (“now considered the IRC an agent of the IRG”) ဟု အဆိုပါ အမေရိကန်သံရုံး သံကြိုးစာတွင် ဖော်ပြထားသည်။

၎င်းအရွေးကောက်ခံရပြီးနောက် သမ္မတ အမာဒီနီဂျက်သည် အဖွဲ့ဝင် (၁၆)ဦးပါ IRCS ၏ ဦးစီးကော်မတီဝင်များအနက် လေးယောက်ကို ခန့်အပ်ပိုင်ခွင့်ရှိလာသည်။ ၄င်းခန့်အပ်လိုက်သော ထိုလေးဦးက တစ်ဖန် လခြမ်းနီအဖွဲ့၏ အကြီးအကဲကို နှုတ်ထွက်ပေးရန် တောင်းဆိုရာ ထိုစဉ်က အကြီးအကဲဖြစ်သူ Dr. Ahmad Ali Noorbala နှုတ်ထွက်ပေးခဲ့ရသည်။

ထို့နောက်ပိုင်း ခန့်အပ်သော ဦးစီးကော်မတီဝင်များမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်များ (သို့မဟုတ်) Ministry of Information and Security (MOIS) ခေါ် ထောက်လှမ်းရေးဝန်ကြီးဌာန ၏ အရာရှိများသာဖြစ်ကြသည် ဟု ဆိုသည်။

လူအား လက်နက်အားဖြင့် သူပုန်များအား အီရန်လခြမ်းနီများက အကူအညီပေးသည့်အပြင် လက်ဘနွန်တောင်ပိုင်းရှိ အီရန်လခြမ်းနီအဖွဲ့က စီမံခန့်ခွဲသော ဆေးရုံတစ်ခုကိုလည်း ဟစ်ဇဘိုလာ ပြောက်ကျားများလက်သို့ လွှဲပြောင်းပေးခဲ့ သည် ဟု သတင်းရင်းမြစ်ကဆိုသည်။

အီရန်လခြမ်းနီအသင်းက ကြီးကြပ်သော ဆေးပေးခန်းများမှာ ရောဂါကုသရေးအတွက်သာမက စစ်လက်နက်ပစ္စည်းများ သိုလှောင်ရေးဂိုထောင်များအဖြစ်ပါ သုံးစွဲလေ့ရှိသည် ဟု ဆိုသည်။

၁၉၈၀-၈၆ အီရန်-အီရတ် စစ်ပွဲကာလအတွင်း အီရတ်နိုင်ငံအတွင်းသို့ ၀င်ရောက်နိုင်ရန်အတွက်လည်းကောင်း၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဘော်လကန်ဒေသအတွင်းရှိ မူဆလင်ခွဲထွက်ရေသမားများကို အကူအညီပေး နိုင်ရန်အတွက် လည်းကောင်း၊ ၁၉၉၇-၂၀၀၀ ကာလများအတွင်း ယီမင် နှင့် ဘာရိန်းနိုင်ငံများရှိ ရှီးယတ် အတိုက်အခံများကို အကူအညီပေး နိုင်ရန်အတွက်လည်းကောင်း အီရန်လခြမ်းနီအဖွဲ့ (IRCS) အား အီရန်အစိုးရက အသုံးချခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြောင်း အမေရိကန်သံရုံးသံကြိုးစာတွင် ဖော်ပြထားသည်။

al-Quds အရာရှိများ အီရန်လခြမ်းနီအဖွဲ့ (IRCS) ၀န်ထမ်းများအဖြစ်ခရီးသွားလာနိုင်ရေးအတွက် လက်မှတ်ရေးထိုးပေးရန် သူ့အား ခိုင်းစေခြင်းခံရဖူးကြောင်း၊ သူကအကြောက်အကန် ငြင်းဆန်သည့်အတွက် သူ့အထက်က အရာရှိက လက်မှတ်ရေးထိုးပေးခဲ့သည် ဟု ထို သတင်းရင်းမြစ်က ဆိုသည်။

အီရန်လခြမ်းနီအဖွဲ့သည် အကြမ်းဖက်လှုပ်ရှားမှုများ နှင့် ဆက်စပ်သော အန်ဂျီအို အဖွဲ့အစည်းများအနက် တစ်ခုအဖြစ် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) ၏ အစီရင်ခံစာတွင် စာရင်းသွင်းမှတ်တမ်းတင်ထားဆဲဖြစ်သည်။

အီရန်လခြမ်းနီအဖွဲ့က တန်-၃၀ ပမာဏရှိ အထောက်အပံ့ပစ္စည်းများကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမူဆလင် ဒုက္ခသည်များ သက်သက် အတွက် ရည်စူးကာ ၂၀၁၃-ခုနှစ် ဇွန်န၀ါရီ လအတွင်း က မြန်မာနိုင်ငံ နေပြည်တော်မှ တစ်ဆင့် လေကြောင်း ခရီးဖြင့် ပေးပို့ခဲ့သည်။ အဆိုပါ ပစ္စည်းများကို စစ်ဆေးပြီးမှ ကုလားများထံ ပို့ပေးခြင်း ဟုတ်မဟုတ်ကို မြန်မာအစိုးရက အများပြည်သူသိအောင် ထုတ်ပြန်ကြေငြာခဲ့ခြင်း မရှိပေ။

ထိုမျှသာမက အီရန်အာဏာပိုင်များသည် မြန်မာနိုင်ငံတွင် သံရုံးဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရအား ကမ်းလှမ်းထားပြီး ထို့အတွက် မြန်မာ အစိုးရက စဉ်းစားနေသည် ဟု ဆိုသည်။

(Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)

========================================

ဆက်စပ်ဖတ်ရှုရန် လင့်ခ်များ။

http://www.guardian.co.uk/world/us-embassy-cables-documents/174875

http://en.wikipedia.org/wiki/Red_Crescent_Society_of_the_Islamic_Republic_of_Iran

http://www.aei.org/article/foreign-and-defense-policy/regional/middle-east-and-north-africa/iran-to-assist-burmese-muslims/

Iran to assist Burmese Muslims – FOREIGN AND DEFENSE POLICY

February 07, 2013

In June 2012, ethnic and sectarian violence erupted in Burma’s northwestern Rakhine state between Rohingya Muslims and the majority Rakhine Buddhists. The spark appears to have been the rape and murder of a Rakhine woman, albeit after the murders of ten local Muslims. Unrest spread quickly: within a week more than 30,000 were homeless. By October that number had grown to 100,000. The plight of the Rohingya Muslims and their “genocide” became a cause célèbre in the Muslim world. The Organization of Islamic Cooperation (OIC), for example, condemned the “ethnic cleansing, killings, rape, and forced displacement” of the Rohingya.

Iran used NGO’s to exploit and radicalized the displaced people in Lebanin and now they are trying in Burma.
– OIC Secretary-General Ekmeleddin İhsanoğlu is a close friend to Turkey’s President Abdullah Gül.

အီရန်ရဲ့မြန်မာပြည်ရိုဟင်ဂျာတွေအပေါ်တိုက်ရိုက်ဆက်နွယ်နေတာဟာအနောက်တိုင်းပညာရှင်တွေတွေအတွက်စိုးရိမ်မကင်းဖြစ်စေပါတယ်၊ မြန်မာပြည်ကိုအန်ဂျီအိုအဖွဲ့အနေနဲ့ဝင်သွားတဲ့အထဲမှာ Imam Khomeini Relief Committee ( IKRC ) အဖွဲ့ပါသွားပါတယ်။ဒီ အဖွဲ့ဟာရိုးရိုးကြည့်ရင်လူသားချင်းစာနာထောက်ထားတာတွေကိုနိုင်ငံတကာမှာကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါပေမဲ့အိုင်အာဂျီစီ (IRGC)လို့ခေါ်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်သူတွေရဲ့ထောက်ပံ့မှူတွေကြောင့်အခုနှစ်ပိုင်းတွေမှာအနောက်တိုင်းပညာရှင်တွေရဲ့အာရုံစိုက်ခြင်းကိုခံလာရပါတယ်။၂၀၁၀ ခုနှစ်မှာ လက်ဘနွန်မှာရှိတဲ့အိုင်ကေအာစီ(IKRC)အဖွဲ့ခွဲဟာအမေရိကန်ဘဏ္ဍာရေးငှါနရဲ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်းခံရပါတယ်။ ဟက်ဇဲဘိုလာတွေကိုကူညီထောက်ပန့်မှူပေးခဲ့လို့ဖြစ်ပါတယ်။ အီရန်ရဲ့မြန်မာပြည်ကိုထိုးဖောက်ဝင်ရောက်လာပြီးရိုဟင်ဂျာဒုက္ခသည်တွေကိုထောက်ပံ့မှူပေးနေတာရယ်၊ လတ်တလောဖြစ်ပေါခဲ့တဲ့အရေးအခင်းတွေ၊ထိုင်းတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှူတွေရယ်ဆက်စပ်ပြီးလက်ဘနွန်မှာဒုက္ခသည်တွေကိုအကြမ်းဖက်လာအောင်သိမ်းသွင်းလုပ်လေ့ရှိတဲ့အီရန်ရဲ့မြန်မာပြည်ကိုထိုးဖောက်ဝင်ရောက်လာပြီးရိုဟင်ဂျာဒုက္ခသည်တွေကိုထောက်ပံ့မှူပေးနေတာရယ်ကအလားသဏ္ဍန်တူနေပါတယ်။

Against the backdrop of growing violence in Syria, Ahmet Davutoğlu, Turkey’s Foreign Minister, flew instead to Burma “to raise awareness” of the Rohingya Muslims’ plight. It is against this context that Iran now appears to be involving itself with the Rohingya Muslims. For Iranian officials to remain silent would effectively cede ownership over this populist issue to Sunni powers. Not only does Iran see itself in a sectarian competitor with Turkey, but it also sees the OIC as an extension of this conflict because OIC Secretary-General Ekmeleddin İhsanoğlu is a close friend to Turkey’s President Abdullah Gül.

Iran’s outreach to the Rohingya, however, should concern Western policymakers. The delegation described in the excerpted article includes the Imam Khomeini Relief Committee (IKRC). At first glance, the IKRC appears to be a legitimate aid organization: it provides food, fuel, and assistance for the disabled, elderly, and orphans in a number of countries.

However, with assets supplied by the Supreme Leader and many members veterans of the IRGC, the IKRC has in recent years become involved in activities which concern U.S. policymakers. In 2010, for example, the U.S. Treasury Department designated the IKRC branch in Lebanon as a terrorist entity for its aid and assistance to Hezbollah. Given that the Rohingya are not the only Muslim community experiencing unrest in the region—the ongoing Muslim insurgency in southern Thailand has been particularly intractable—any involvement of Iranian officials could ultimately prove detrimental to U.S. interests.

Seldom do organizations such as the IKRC offer assistance and then leave. That Iran’s outreach to Burma’s Muslims coincides with a renewed American and, more broadly, Western diplomatic and commercial engagement there might also have security implications should Iranian authorities use charities they control to exploit and radicalize displaced persons as they have in Lebanon.

http://www.aei.org/article/foreign-and-defense-policy/regional/middle-east-and-north-africa/iran-to-assist-burmese-muslims/