ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား

4239အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၁၁ နာရီ ကျော်ခန့်က မအူ ပင်မြို့ခံ လူငယ် ၄၀ နီးပါးက မေတ္တာရပ်ခံ သဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။ မအူပင် မြို့ခံပြည်သူ အများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင်မြို့မှ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိတို့ မေတ္တာ ရပ်ခံလိုသည့် ကိစ္စရပ် ကိုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေတ္တာရပ်ခံတောင်း ဆိုသည့် အဓိကအကြောင်းရင်းမှာဒေါ်အောင်ဆန်း စုကြည်အား မအူပင်မြို့သို့ လာရောက် စေလို ခြင်း ကိစ္စ ရပ် ဖြစ် ကြောင်းသိရသည်။ “ အမေ့အနေနဲ့ အခုအချိန်မှာ ခရီးတွေထွက်ရလို့ ပင်ပန်းနေတယ်ဆိုတာသိပါတယ်သို့ပင် သို့ငြားသော်လည်း ကျွန်တော်တို့မအူပင်မြို့သူမြို့သားတွေက အမေ့ကိုခဏလောက်ဖြစ်ဖြစ် လာစေချင်တယ်။ ကျွန် တော် တို့လူငယ်တွေကလည်း အမေ့ကိုကြိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အမေ့ကိုလာပြီး မေတ္တာရပ်ခံ တာပါ ” ဟုဒေါ် အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့ လာရောက်ခဲ့သည့် မအူပင်မြို့ခံလူငယ်တစ်ဦးဖြစ်သည့် ကို စည်သူ ကပြောသည်။

42070
AsianFame Media Group ဓါတ်ပုံ- အင်တာနက်

ဒေသတွင်း အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့သို့အောင်နိုင်ရေး ခရီးစဉ် လာရောက်စေ လို ခြင်းဖြစ်ကြောင်း သိရသည် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအနီးကပ်တာဝန်ယူ ထားသည့် ကိုကျော်ဆန်းအား ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းကြည့်ရာ လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ် ပြည့်နေသောကြောင့် မအူပင်သို့ သွားရောက်ရန်မှာမဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်အားပြေလည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဖြေရှင်းလျှက်ရှိကြောင်းသိရသည်။

by: Popular Myanmar News Journal