Xinhua reported yesterday, quoting a statement by Beijing, that police forces from 4 nations: Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month. The exact date is not mentioned, but it is expected to begin before 15 December. The move follows what the Chinese press calls “the 5 October case”, the day 13 Chinese crewmen and women were brutally killed near the Golden Triangle. (ASTV Manager Online)
———
လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ ပူပေါင်းကာ မဲခေါင်မြစ်ဝှမ်းတလျှောက် ကင်းလှည့်မည်ဖြစ်ကြောင်းရှင်းဟွာသတင်းကို ကိုးကား ၍ ထိုင်း ASTV မန်နေဂျာအွန်လိုင်းသတင်းစာက ရေးသားဖော်ပြထားသည်။
ရဲတပ်ဖွဲ့အင်အားဖြင့် ကင်းလှည့်ကြမည်ဖြစ်ပြီး ဥပဒေနှင့်မလွတ်ကင်းသည့်လုပ်ငန်း များကို ရှင်းလင်း ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ပူပေါင်း လှုပ်ရှားကြမည်ဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။
ဒီဇင်ဘာ လလယ်ဟုဆိုသော်လည်း ဒီဇင်ဘာ ၁၅ ရက်မတိုင်မီ ကင်းလှည့်မှုစ နိုင်ကြောင်း၊ မဲခေါင်မြစ်အတွင်း လှေအသွားအလာကိုလည်း ထိုမှစ၍ ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအရာရှိတဦးကလည်း သျှမ်းသံတော်ဆင့် အား ပြောပြသည်။
အောက်တိုဘာ ၅ ရက် အမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မဲခေါင်မြစ်အတွင်း ၄ နိုင်ငံ အစိုးရပူးပေါင်း ဆောင်ရွက်မှုဖြစ်သည်။
အောက်တိုဘာ ၅ ရက်က တရုတ်လှေ ၂ စီးအား အမည်မသိ လက်နက်ကိုင်တစုက တိုက်ခိုက်၍ လှေလုပ်သား ၁၃ ဦး အသတ်ခံရသည့်အမှုဖြစ်ပွါးခဲ့သည်။ အဆိုပါ အမှု၏ လက်သည်မှာ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော နော်ခမ်းဦးဆောင် သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း တရုတ်နှင့်ထိုင်းအာဏာပိုင်များက ပြောဆို ခဲ့ကြသည်။
သို့သော် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်စိုင်းနော်ခမ်းမှာ မိမိလက်ချက်မဟုတ်ကြောင်း ၎င်း၏မိတ်ဆွေ ကုန်သည်ကြီးများ အားလည်းကောင်း နယ်စပ် ထိုင်းလုံခြုံရေးအာဏာပိုင်တဦးအားလည်းကောင်းပြောဆို ခဲ့သည် ။
တဖက်တွင်လည်း အောက်တိုဘာ ၂၈ ရက်က ထိုင်း ရဲအဖွဲ့က ထိုင်းစစ်သည် ၉ ဦးအား ခေါ်ယူ၍လူသတ်မှု နှင့်အလောင်းရွှေ့ ပြောင်း မှုဖြင့် စွဲချက်တင်ခဲ့သည်။
ရွှေတြိဂံဒေသတွင် လက်နက်ကိုင်လှုပ်ရှားနေသော နော်ခမ်းအကြောင်းတစေ့တစောင်း Continue reading “Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month_လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ”