ထန်းကုန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ပြန်လည် ငြိမ်သက်

ထန်းကုန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ပြန်လည် ငြိမ်သက်

မုံရွာ၊ သြဂုတ် ၂၅

1230004_544190702296404_955797182_n

1004692_621745324512397_342810978_n

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နှင့် ဆယ်မိုင်ခန့် အကွာတွင် တည်ရှိသော ထန်းကုန်းမြို့တွင် သြဂုတ်လ ၂၄ ရက်နေ့ ညက အစ္စလာမ်ဘာသာဝင် သုံးဦးက ၁၉နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်သည်ဟု သတင်းများ ထွက်ပေါ်ရာမှ စတင်ခဲ့သော ပဋိပက္ခမှာ ယနေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် တည်ငြိမ်မှု ရှိနေပြီ ဖြစ်ကြောင်း ကန်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နင့် ထန်းကုန်း ဒေသခံများ က ပြောကြားသည်။

အစ္စလာမ် ဘာသာဝင် သုံးဦးက ၁၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်သည်ဟု သတင်းများ ထွက်ပေါ်ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် ထန်းကုန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၃၀၀ နီးပါးခန့် ရောက်ရှိနေပြီး နေရာ အနှံ့အပြားတွင် လုံခြုံရေး ရယူထားကြောင်း၊ မီးသတ်ကား ခုနစ်စီးခန့် ထန်းကုန်းမြို့တွင် ရောက်ရှိနေပြီး၊ အခြေအနေမှာ တည်တည်ငြိမ်ငြိမ် အနေအထားတွင် ရှိကြောင်း အသက် ၅၀ နှစ်အရွယ် ထန်းကုန်းမြို့ခံ အမျိုးသား တစ်ဦးက သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် The Voice ၏ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှု ကို ပြန်လည် ဖြေကြားသည်။

“ထန်းကုန်းမြို့ပေါ်က အစ္စလာမ်ဘာသာဝင် တချို့တွေလဲ ကန့်ဘလူဘက်ကို လိုက်ထရပ် ကားတွေနဲ့၊ သုံးဘီးတွေနဲ့ ရွှေ့ပြောင်းနေတာတွေ ရှိသလို ဒေသခံတွေလည်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း တွေမှာ သွားပြီး နေကြတာတွေတော့ ရှိတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

အဓမ္မ ပြုကျင့်ရန် ကြံစည်ခံရသူမှာ ထန်းကုန်းနှင့် တစ်မိုင်ခန့်သာဝေးသော ဇီးပင်သာ ကျေးရွာသူ ဖြစ်ပြီး ထန်းကုန်းကျေးရွာရှိ ဆံပင် ရောင်း/ဝယ်ဆိုင် မှ ပြန်လာစဉ် ထန်းကုန်းနှင့် ဇီးပင်သာကျေးရွာ အကြား အရောက်တွင် ထန်းတောကျေးရွာနေ ဆန်းမင်းဦး (ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ ကျေးရွာဘက်မှ အမျိုးသား တစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်း ဖမ်းဆီးသဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဆန်းမင်းဦးကို ထန်းကုန်း ရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် သတင်း ထုတ်ပြန်ချက်အရ သိရသည်။ Continue reading “ထန်းကုန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ပြန်လည် ငြိမ်သက်”

THAILAND : Kidnapped Ethnic Karen Girl Enslaved By Cruel Thai Couple

n28A 12-year-old Karen girl was kidnapped at age 7 by an abusive Thai couple, who detained her as their household servant for five years in Kamphaeng Phet province. The girl finally escaped and the police were notified. The couple was arrested, but denied all charges and were released on bail.

KAMPHAENG PHET – February 11, 2013 [PDN]; a reporter went to investigate a report of a girl who had been kidnapped and held as a household servant for five years. She was being sheltered at the house of Children and FamilIies in Kamphaengphet province. The shelter had picked up girl “Air” (alias) age 12, a native of the Burmese Karen ethnic group.

She had been kidnapped by a Thai couple to be their servant and detained in their house in Amphur Meuang, Kamphaeng Phet province for more than 5 years. During that time, whenever the girl didn’t obey their commands, she would be subjected to cruelties by the couple, such as being kept in the dog’s cage, or hot water was poured all over her body that left scars.

When the reporters arrived at the shelter, they found its director, Mr. Thanawat Sathit, sitting and talking to the girl Air. She has scars from being scalded by hot water all over her body and her two arms were scalded by hot water until it affected the muscles connected with her body until she cannot lift or move her arms. Continue reading “THAILAND : Kidnapped Ethnic Karen Girl Enslaved By Cruel Thai Couple”