!! #BURMA #FB #FAKE #MONKS #Township #Sangha #Sayadaws

3 villagers dressed as “Monks” drinking and dancing during waterfestival have been called by Township Sangha Sayadaws. Buddhist Burmese community get outcry over on Facebook posted images of the 3 villagers.

11138671_1581217715469248_6014294067722318373_n15522_1581216302136056_2962457588122264424_n10835423_448991828600341_4936500284526434622_o11155008_448991931933664_216941476587769694_o

To Minbu District Governor General and local authorities
Township of Religious Affairs Officer

!! #fb #မြို့နယ်သံဃာ့နာယကဆရာတော်များ #စာမျက်နှာတွင် #အင်တာနက် #FAKE #MONKS

ဝန်ချတောင်းပန်တာကိုလည်း
fbမှာ ကျယ်ကျယ်ပြန့်ပြန့် သိသွားအောင်
Share ပေးကြပါအုံးနော်….
*****************************
15522_1581216302136056_2962457588122264424_n
11127500_1581215638802789_3376938702535326641_n11138671_1581217715469248_6014294067722318373_n10835423_448991828600341_4936500284526434622_o11121225_448991861933671_7656776840548016202_o11155008_448991931933664_216941476587769694_o

ရွှေစက်တော်ဘုရားပွဲတွင်
သင်္ကန်း ၀တ်ဖြင့် သရုပ်ဖော်ကပြပုံများအား
fb စာမျက်နှာတွင် အင်တာနက် သုံးစွဲသူ
အများအပြား တွေ့မြင်သိရှိပြီး ဖြစ်ပါသည်…..
ထိုရွာသားသုံးဦးသည်
သာသနာကို ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့မိသည့်အတွက်
ယနေ့ နံနက်တွင်
ရွှေစက်တော်ဘုရား အထက်စက်တော်ရာအနီး
ကိုးခန်းကြီးဘုရားရှိ နားနေဆောင်တွင် Continue reading “!! #fb #မြို့နယ်သံဃာ့နာယကဆရာတော်များ #စာမျက်နှာတွင် #အင်တာနက် #FAKE #MONKS”

YANGON POLICE UPDATE: ဗီဇာစည်းကမ်းချက်များဖေါက်ဖျက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂)ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း သို့ တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေး ခဲ့သူ(၂)ဦးအား လ၀ကအက်ဖြင့် ထပ်မံအရေးယူ

ဗီဇာစည်းကမ်းချက်များဖေါက်ဖျက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား
(၂)ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း သို့ တရားဥပဒေနှင့်
ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေး ခဲ့သူ(၂)ဦးအား
လ၀ကအက်ဖြင့် ထပ်မံအရေးယူ

ဗီဇာစည်းကမ်းချက်များဖေါက်ဖျက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံသား
(၂)ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း သို့ တရားဥပဒေနှင့်
ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေး ခဲ့သူ(၂)ဦးအား
လ၀ကအက်ဖြင့် ထပ်မံအရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၆

၉.၇.၂၀၁၃ ရက်နေ့ တွင် အရေးယူဆောင်ရွက်ခဲ့သည့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၃ ၊ပုဒ်မ ၂၉၅-က အမှုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များဖြစ်သည့် PARSUJET BARUA ၊(၂၈)နှစ်၊(ဘ)RAJON BARUA၊ BARUA လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊
North NOLBILA WART No.2. RALARMAR
CHHORAMAHESHKA HILL, COXS BAZAR မြို့နယ်နေသူနှင့်
ANTER BARUA(၂၉)နှစ်၊ (ဘ) DUIAKUP BARUA၊ BARUA
လူမျိုး/ဗုဒ္ဓ၊ လယ်လုပ်၊ မ/SHILKUP WART No-09၊ MONKIR
CHRR PANSHKHALL CHITTA GONG မြို့နယ် နေသူတို့
(၂)ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံ သို့သွားရောက်
ရန်အတွက် ပန်းဘဲတန်းမြို့နယ် (၈)ရပ်ကွက်၊ အနော်ရထာလမ်း၊
အမှတ်၂၄၀ရှိ ပိုလိုတည်းခိုခန်း၌ သင်္ကန်းဝတ်ဖြင့်ရောက်ရှိတည်းခို
နေထိုင်စဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ (၂)ဦးသည် တရားဝင်ဗီဇာဖြင့် လာရောက်သော်လည်း ဗီဇာရသူသည် ပြည်ထောင်စုမြန်မာနိုင်ငံ
အတွင်းသို့ ၀င်ခွင့် ပြုထားသော စည်းကမ်းချက်များကို
ဖေါက်ဖျက်ကျူးလွန်ခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ
တိုင်တန်းခဲ့သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၃/၂၀၁၃ ၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်အရေးယူခဲ့ပါသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား အခကြေးငွေရယူ၍ မလေးရှားနိုင်ငံသို့ တရားမ၀င်ပို့ဆောင်ရန်အတွက်
မင်္ဂလာဒုံလေဆိပ်မှ ကြိုဆို ခေါ်ဆောင်ခဲ့သူ မင်းနိုင်၊ (၃၅)နှစ်၊(ဘ)ဦးအာဇီစူမောက်၊ သာကေတမြို့နယ်နေသူနှင့် ၎င်း၏ဇနီးဖြစ်သူ မရင်ရင်ဝင်း(၂၇)နှစ်၊ (ဘ)ဦးမာမက်ဆူလတန် တို့(၂)ဦးသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့တရားဥပဒေနှင့် ဆန့်ကျင်၍ ၀င်ရောက်စေရန် ကူညီပေးခဲ့သောကြောင့် ဥပဒေအရအရေးယူပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တိုင်တန်းခဲ့သဖြင့်
ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၃ ၊ လ၀ကအက်ဥပဒေ
ပုဒ်မ ၁၃(၅)ဖြင့်အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိ ပါသည်။

1010049_353133088149298_2036314809_n

Bangladeshis charged with disgracing Buddhism- wearing the saffron robes reserved for Buddhist monks.

 

CREDIT EMG

Myanmar police have filed a charge of religious disgrace against two Bangladeshi citizens on Wednesday after they were arrested for disguising as Buddhist monks, according to police sources.

Parsujait Barua and Antar Barua arrived at Yangon International Airport on Tuesday morning wearing the saffron robes reserved for Buddhist monks. Police arrested them the same afternoon on suspicion to cause violence after they checked in to a guesthouse in downtown Yangon.

The police say they are also questioning a local Muslim couple who picked them up from the airport and took them to the guesthouse.

“We traced the couple from the mobile phone of the two Bangladeshis. We arrested the couple at their home in 7/8 ward, Tharkayta Township at 9:30pm on July 9,” the police chief of Pabedan Township told Eleven Media.

The Bangladeshi citizens told the police that they flew to Yangon from Dakar via Thailand because they were promised jobs in Malaysia. They claimed they had been in monk-hood for about 15 days and had changed robes for casual wear to go out for lunch near the guest house where they were finally apprehended. They also claimed not to know the Muslim couple who police are also questioning.

The police said the Bangladeshis actions are a disgrace to Buddhism and an insult to the religious faith of Myanmar citizens.

The incident comes as the government tightens security around Myanmar’s main Buddhist sites, including the famous Shwedagon Pagoda in central Yangon, following a series of bomb blasts on Sunday at Bodh Gaya in northern India, one of Buddhism’s holiest sites.

993009_247954118662630_1342109436_n581642_351024255026848_1807739076_n

YANGON POLICE ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား တရားမ၀င် မလေးရှားနိုင်ငံသို့ ပို့ဆောင်သူများအားအရေးယူမှု

YANGON POLICE

993009_247954118662630_1342109436_n

 

581642_351024255026848_1807739076_n

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၂)ဦးအား တရားမ၀င် မလေးရှားနိုင်ငံသို့ ပို့ဆောင်သူများအားအရေးယူမှု

ရန်ကုန်၊ ဇူလိုင် ၁၁

၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့နယ်(၈)ရပ်ကွက်၊ အနော်ရထားလမ်း အမှတ် ၂၄၀ ရှိ Polo Guest House တွင် သင်္ဃန်းဝတ်ဖြင့် လာရောက်တည်းခိုပြီး အရပ်ဝတ်ဖြင့်နေထိုင်ကာ လမ်းဘေးထမင်းဆိုင်တွင်ထမင်းထွက်စားသူဘင်္ဂလားဒေ့ရှ် နိုင်ငံသား များဖြစ်သည့် Parsujit Barua (၂၇)နှစ်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး/
ဗုဒ္ဓဘာသာ၊ (ဘ) Rjon Barua နှင့် Antar Barua (၂၉)နှစ်၊
ဘင်္ဂလားဒေ့ရှ် လူမျိုး /ဗုဒ္ဓဘာသာ၊ (ဘ) Dulal Barua တို့နှစ်ဦးအားစစ်ဆေးရာ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မလေးရှားနိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်ရန် တဆင့်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ မင်းနိုင် (၃၅)နှစ်၊(ဘ)ဦးအာဇီဇူမောက်၊ သာကေတမြို့နယ်နေသူနှင့်
၎င်း၏ ဇနီးဖြစ်သူ မရင်ရင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးမာမတ်ဆူလတန်၊ သာကေတမြို့နယ်နေသူတို့ နှစ်ဦးမှ တရားမ၀င်ပို့ပေးမည်ဖြစ်ပြီး ပို့ပေးခအဖြစ် တစ်ဦးလျင် ဒေါ်လာ ၅၀၀ စီအား ပေးခဲ့ရကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
၎င်းတို့နှစ်ဦး၏ စစ်ဆေးပေါ်ပေါက်ချက်အရ မင်းနိုင်နှင့်မရင်ရင်ဝင်း တို့နှစ်ဦးအား ၎င်းတို့ နေအိမ်မှ ဖမ်းဆီးရမိစစ်ဆေးရှာဖွေခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးအား ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မာမတ်ဆူလတန်(ခ)တင်ဝင်းနှင့် မရွှေလုံးတို့မှတဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့်
နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း(၁)လုံး၊ အမေရိကန်ဒေါ်လာ
၁၀၀ တန် (၆)ရွက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံးငွေ ၅၀၀ တန် (၁)ရွက်၊
၁၀၀ တန် (၂) ရွက်၊ ၅၀ တန် (၁)ရွက်၊ မြန်မာငွေစက္ကူရောရာ
၃၅၈၀၀၀ ကျပ်၊ Mr. Antar Barua အမည်ဖြင့်Air Banglaလေယာဉ် လက်မှတ်နှင့် ပတ်သက်သည့်စာရွက်(၆)ရွက်၊ Mr. Parsujit Barua အမည် ဖြင့် Air Bangla လေယာဉ်လက်မှတ်နှင့် ပတ်သက်သည့် စာရွက်(၇)ရွက်တို့အား တွေ့ရှိရသဖြင့် သက်သေများရှေ့
သိမ်းဆည်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးအား
မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟု သွေးဆောင်ပြောဆို၍ တစ်ဦးလျင် ဒေါ်လာ ၅၀၀ စီနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေများ
အားရယူပြီး တရားမ၀င် လမ်းကြောင်းမှ သယ်ယူပို့ဆောင်သူ
မင်းနိုင်၊ ရင်ရင်ဝင်းနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့နေသူ
မာမတ်ဆူလတန်(ခ) တင်ဝင်း၊ မရွှေလုံးတို့ (၄)ဦးအား ၁၀.၇.၂၀၁၃ရက်နေ့၀၈၃၅အချိန် ပန်းဘဲတန်းမြို့မရဲစခန်း
(ပ)၂၀၅/၂၀၁၃ ပုဒ်မ ၃၆၇/၃၇၀ ဖြင့်အမှုဖွင့်အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။

———

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးထံမှ သိရသည်။ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ရန်ကုန်မြို့သို့ ရောက်ရှိသည့်အခါတွင် သင်္ကန်းဝတ်ဖြင့် သံဃာအယောင်ဆောင်ကာ ပန်းပဲတန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တည်းခိုနေစဉ် ရဲတပ်ဖွဲ့မှ ဇူလိုင် ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနှစ်ဦးမှာ Parsujait Barua (၂၇)နှစ်၊ ပတ်စ်ပို့စ်အမှတ် Ae-4674854 နှင့် Antar Barua (၂၉) နှစ်၊ ပတ်စ်ပို့စ်အမှတ် Ac-9257706 ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရသည်။

သင်္ကန်းဝတ်ဖြင့် သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် အမည်မသိ မွတ်စလင် ဇနီးမောင်နှံနှစ်ဦးနှင့် ဖုန်းအဆက်အသွယ် ရရှိပြီး မလေးရှားနိုင်ငံသို့ ပို့ပေးမည်ဟု ပြောသဖြင့် မြန်မာနိုင်ငံသို့ ထွက်လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာလေဆိပ်မှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံလေဆိပ်မှ မြန်မာ့လေကြောင်းနှင့် ဇူလိုင် ၉ ရက်၊ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။

ရန်ကုန်လေဆိပ်သို့ အရောက်တွင် ဖုန်းဆက်ထားသည့် အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးမှ လာရောက်ကြိုခဲ့ပြီး တက္ကစီယာဉ်ဖြင့် ပန်းပဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ရှိ ပိုလိုတည်းခိုခန်း၊ အခန်းအမှတ် (၁၀၅) တွင် တစ်ရက်လျှင်ကျပ် ၁၂၀၀၀ နှုန်းဖြင့် တည်းခိုခဲ့ကြောင်း၊ ထမင်းစားရန်အတွက် သွားရာတွင် မွတ်စလင် လင်မယားနှစ်ဦးမှ သင်္ကန်းဝတ်ဖြင့် မသွားရန်၊ အရပ်ဝတ်ဖြင့် လဲလှယ်ကာ သွားရောက်စားသောက်ရန် စသည့်အချက်အလက်များကို စစ်ဆေးရာ၌ ထွက်ဆိုချက်အရ သိရသည်။
အဆိုပါ အမည်မသိ မွတ်စလင် လင်မယားနှစ်ဦးကို အမြန်ဆုံး ဖမ်းဆီးစစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့မှ ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးထံမှ ပါရှိလာသည့် ပစ္စည်းများ၊ ပတ်စ်ပို့နှင့် တယ်လီဖုန်းများကိုလည်း သိမ်းဆည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းကြည်အား ဆက်သွယ်မေးမြန်းရာ ၄င်းက “အခု ကျွန်တော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ မသင်္ကာတဲ့လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးက ဖောက်ခွဲဖို့ အကြံအစည်နဲ့ ရောက်လာတာ ဟုတ်မဟုတ်၊ အခြားအကြံအစည်တွေ ရှိမရှိ၊ ဘာကြောင့် ရောက်လာတယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ” ဟု ဇူလိုင် ၉ ရက်၊ ည ၇ နာရီက ပြောကြားသည်။

တည်းခိုခဲ့သည့် ပန်းပဲတန်းမြို့နယ်ရှိ ပိုလိုတည်းခိုခန်းမှ ညပိုင်းမန်နေဂျာဖြစ်သူ ဦးအောင်ကျော်ဦးက ဇူလိုင် ၉ ရက်၊ ည ၈ နာရီတွင် “သူတို့နှစ်ဦးက ဒီနေ့မနက်မှာပဲ လာပြီးတည်းတယ်။ မွန်းလွဲပိုင်းမှာပဲ ရဲတွေကလာပြီး ဖမ်းသွားတယ်။ သူတို့နှစ်ယောက်အပြင် ဆိုင်က မနက်ပိုင်းမန်နေဂျာ ကိုတင်မောင်မြင့်ကိုလည်း ခေါ်သွားပါတယ်” ဟု ပြောကြားသည်။

ပိုလိုတည်းခိုခန်းမှ ပိုင်ရှင်ဖြစ်သူအား မေးမြန်းရာ ၎င်းက “မနက်ပိုင်း မန်နေဂျာကတော့ ပတ်စ်ပို့ကို ကြည့်ပြီးတော့ တည်းခိုခွင့် ပေးလိုက်တာပါ။ သင်္ကန်းဝတ်နဲ့ လာတာလား၊ အရပ်ဝတ်နဲ့ လာတာလား ဆိုတာတော့ ကျွန်တော်မသိပါဘူး” ဟု ပြောကြားသည်။
Eleven Media Group