Suu Kyi :National unity is achievable

TIDDIM—Myanmar may have yet to enjoy true national unity despite its independence, but the idea of national unity is not a dream but a reality that can be  achieved, according to opposition leader Aung San Suu Kyi.

 

DASSK

Suu Kyi, leader of the National League for Democracy (NLD), was speaking at a ceremony to open a post-primary school at Zonwanzan village in Tiddim Township, Chin State, yesterday.

“Our country has various national races. Bamar is also one of them. But we (Bamar) are the majority. Some view all except Bamar as ethnic groups. Actually, we are all ethnic groups. We all must have unity to develop our country. We must have the spirit of unity,” said Suu Kyi.

“Over the past 20 or 30 years of our political activities, our National League for Democracy party has regarded all the ethnic parties as our loyal friends. When our party was suffering from hard times, it was the ethnic parties who stood by us. This is why national unity is the thing that can really be achieved. My belief is that it is not a dream.”

For example, she said, her own father (Myanmar’s independence hero General Aung San) said he was able to achieve independence only after forging national unity with the ethnic groups.

“Since my father’s death, I trust in our national races, which have been loyal to us. So we must establish a union with loving kindness and truthfulness. We must establish a democratic union. We already have independence, but we have not been able to establish a genuine democratic country. We have not achieved national unity yet. We must try to achieve it,” said Suu Kyi, who is also a Lower House MP.

Suu Kyi, adding that the majority Bamar people should not bully the ethnic minorities, called for coordination and understanding among them. She also stressed the need for individuals to develop a sense of responsibility and urged schoolteachers to cultivate that spirit among their young students.

The NLD leader has been touring Chin State since Monday. This is her first visit there since 2003.

BURMA MYANMAR : ကချင်ပြည်တောင်ပိုင်း တိုက်ပွဲပြန်ဖြစ်၊ ဘဇူကာ(၁)လက်၊ === ရိက္ခာကား (၁) စီး KIA,မှ သိမ်းဆည်း

ကချင်ပြည်တောင်ပိုင်း တိုက်ပွဲပြန်ဖြစ်၊ ဘဇူကာ(၁)လက်၊
================================
ရိက္ခာကား (၁) စီး KIA,မှ သိမ်းဆည်း
====================
(KNG)
ကချင်ပြည်နယ် တောင်ပိုင်းတွင် မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲ ဖြစ်ပွားရာ ရိက္ခာကား ၁ စင်းနှင့် ကျည်လက်နက်များ သိမ်းဆည်းရမိကြောင်း KIA က ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာတွင် ယမန်နေ့ ၆ ရက် တနင်္လာနေ့ ညနေတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိက္ခာကား ၁ စင်း၊ ကျည်ဆံ ၁၀၀၀ ကျော်၊ ဘဇူကာ ၁ လက်၊ MA သေနတ် ၂ လက်နှင့် ဒုတပ်ကြပ် ခင်ဇော်ဦး၊ တပ်သား အောင်ကျော်မှူးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်အောင်က ပြောသည်။

တပ်ရင်းမှူး ကျော်သူရ ဦးဆောင်သော ခလရ ၅၆ စစ်အင်အား ၁၀၀ ကျော်သည့် စစ်ကြောင်း မုန်းခေါင်စခန်းမှ မုန်းဒိန်ပါရွာသို့ တိုးချဲ့လာစဉ် KIA တပ်ရင်း ၁၂ ၏ မိုင်းမိပေါက်ကွဲပြီး စတင်ပစ်ခတ်လာရာမှ တနာရီခွဲကြာအောင် တိုက်ပွဲ ဖြစ်ခဲ့သည်။

အစိုးရတပ်မှ ကျဆုံးမှုများလာပြီး အစိုးရတပ်သည် “တပ်လဲလှယ်ရန်လာသော တပ်ဖွဲ့ဖြစ်ကြောင်း လမ်းမှားပြီး ဝင်လာခြင်းဖြစ်ကြောင်း၊ KIA တပ်ရင်း ၁၂ အား ပစ်ခတ်ရန်ဝင်လာခြင်းမဟုတ်ကြောင်း” အနူးညွှတ် တောင်းပန်ခဲ့ကြောင်းသိရသည်။

ထိုသို့ အစိုးရတပ်မှ တောင်းပန်ခြင်းကြောင့် ညနေ ၅ နာရီခွဲချိန် ခလရ ၅၆ တပ်ရင်းမှူး ကျော်သူရထံ စစ်သုံးပန်း ၂ ဦးနှင့် သေနတ် ၃ လက်ကို ပြန်လည်အပ်နှံခဲ့ကြောင်း KIA တပ်ရင်း ၁၂ ဗိုလ်မှူး လဘန်ဂျွန်အောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် တပ်ရင်း ၁၂ ရွာများတွင် တပ်စွဲထားသော အစိုးရတပ်သည် ဒီဇင်ဘာ ၂၈ ရက် ညက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သဘောတူညီချက်များ အကောင်အထည်ဖော်သည့် အနေဖြင့် တပ်ဆုတ်သွားသော်လည်း ဇန်န၀ါရီ ၃ ရက်နေ့တွင် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

မုန်းဒိန်ပါရွာရှိ အစိုးရစစ်ကြောင်းသည် ၂ ရက် ၃ ရက်အကြာတွင် ပြန်လည်ဆုတ်ခွာမည်ဟု KIA တပ်ရင်း ၁၂ အား ပြောခဲ့သော်လည်း ယခုချိန်ထိ ဆုတ်ခွာခြင်းမရှိသေးသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်ကြောင်း KIA တပ်ရင်း ၁၂ မှ ပြောသည်။

တိုက်ပွဲနှင့် ပါတ်သက်ပြီး အစိုးရဖက်မှ တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

 KIA

ဗိုလ်ချုပ်ခွန်မုန်း(မ်) ဦးဆောင်သော RCSS ငြိမ်းချမ်းရေးကော်မတီနှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သော UPWCသည် ချင်းမိုင်ခရိုင်တွင်ယနေ့ ညနေပိုင်း၌တွေ့ဆုံ့ဆွေးနွေးနေပါသည်။

ဗိုလ်ချုပ်ခွန်မုန်း(မ်) ဦးဆောင်သော RCSS ငြိမ်းချမ်းရေးကော်မတီနှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သော UPWCသည် ချင်းမိုင်ခရိုင်တွင်ယနေ့ ညနေပိုင်း၌တွေ့ဆုံ့ဆွေးနွေးနေပါသည်။

1510717_10152174599018594_853421096_n

 

1511249_10152174598823594_1751137326_n

 

PHOTO CREDIT Nyo Ohn Myint
PHOTO CREDIT Nyo Ohn Myint

တန်တူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းလား???

တန်တူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းလား???

တကယ်လို့ မီတာခ ကို ရခိုင်တွေက တစ်မီတာ ၃၄ ကျပ်၊ ဗမာတွေက တစ်မီတာ ၅၀၀ ပေးနေရတယ်ဆိုရင် ၊ မကျေနပ်လို့ ဆန္ဒပြကြလို့ ထောင်ကျတဲ့ လူတွေထဲမှာ ရခိုင်လူမျိုး ပိုများမယ်ထင်တယ်….

ဂျပန်နဲ့ အင်္ဂလိပ် ဗမာပြည်ကို ကျွန်ပြုတော့ ၊ ပထမဆုံး ထပြီး အင်္ဂလိပ်နဲ့ ဆော်တာ ရခိုင်လူမျိုးပါ၊ ဒါ ရခိုင်ပြည်တစ်ခုအတွက် လွတ်လပ်မှုကို တောင်းခဲ့တာ မဟုတ်ဘူး

ဗမာပြည်သူတွေကို ပထမဆုံး နိုင်ငံရေး မျက်စိ ဖွင့်ပေးခဲ့တာ ရခိုင်လူမျိုး ဆရာတော် ဥတ္တမ ဖြစ်တယ်၊ ရခိုင်ပြည်သူ လွတ်မြောက်ဖို့အတွက် မဟုတ်ဘူး ၊ တနိုင်ငံလုံးအတွက် အလုပ် လုပ်ခဲ့တာ၊

ရခိုင်ပြည်သူတွေ လျှပ်စစ် မီးတာခ (၅၀၀) ဆောင်လာတာ တော်တော် ကြာပြီ ဘယ်ဗမာ မြန်မာက ထပြီး ဦးဆောင် လှုပ်ရှားသလဲ ….. ရခိုင်က ဂစ်တွေ အစိုးရက တရုတ်ကို ရောင်းစားတယ်၊ ဘယ်ဗမာမြန်မာ ဦးဆောင်ပြီ ထ ကန့်ကွက်သလဲ …..

ကျွန်တော်စောင့်ပြီးပြောတာ မဟုတ်ပါဘူး … ရခိုင်တွေဟာ ဘယ်တော့မှ တကိုယ်ကောင်းမဆန်ဘူး ၊ စိတ်ထဲမှာလဲ အကွေ့အကောက်မရှိဘူး ၊ အများအကျိုးအတွက် အမြဲတမ်းလုပ်တတ်တယ်….. ရခိုင်တွေ မီတာခ ၅၀၀ ရာပေးနေရလို့ ဗမာတွေကို (၅၀၀) ပေးရမယ်လို့ ကျနော်မဆိုလိုဘူး မလိုလားဘူး ၊ ဒါပေမယ့် ဗမာတွေ ကိုယ်တိုင်က ဒါ လုံးဝ မတရားဘူးလို့ စိတ်ထားတတ်ရမယ်…. Continue reading “တန်တူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းလား???”

Myanmar: CHIN NATIONAL CONFERENCE-ချင်းအမျိုးသားညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များ

ချင်းအမျိုးသားညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များ
CHIN NATIONAL CONFERENCECHIN
၁။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များလေ့လာခြင်း (Framework for Political Dialogue)
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ အားလေ့လာသုံးသပ်ခြင်း (Constitutional Reform)
၃။ မြေယာနှင့် သဘာဝသယံဇာတကိစ္စများ
(Land and Natural Resources)
၎။ တရားဥပဒေရေးရာ လေ့လာသုံးသပ်ခြင်း
(Jurisdiction Reform (Legislative and Judiciary))
၅။ အခြင့္အေရးၥမ်ား
(က) ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး
(Rights: Language and Culture)
( ခ ) ချင်းမျိုးနွယ်စု ၅၃ မျိုးအရေး (53 Dialects)
( ဂ ) ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် (Religious Rights)
၆။ စီးပွားရေးဆိုင်ရာ အရေးကိစ္စများ (အခြေခံအဆောက်အဦးများဖွံ့ဖြိုးတိုးတက်ရေး)
(Economic Issues (Infra Development))
၇။ စားနပ်ရိက္ခာဖူလှုံမှုနှင့် လူသားချင်းစာနာထောက်ထားမှု
(Food Security and Humanitarian Issues)
၈။ ပညာရေးဆိုင်ရာ ကိစ္စများ (Educational Issues)
၉။ ကျန်းမာရေးဆိုင်ရာ ကိစ္စများ (Health Issues)
၁၀။ (က) ချင်းဒုက္ခသည်များအရေး (Refugees)
( ခ )အမျိုးသမီး အမျိုးသား တန်းတူညီမျှရေး (Gender)
( ဂ )မူးယစ်ဆေးဝါး အရေး (Drug)
CNC Joint Organizing Committee

https://www.facebook.com/pages/Chin-National-Conference/551054324949795

MYANMAR: T.N.L.A update News တအန်းတပ် ၂၅၆ နှင့် မြန်မာတပ် ခမရ ၅၀၆ ရင်ဆိုင်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၂ ဦး ကျဆုံး

T.N.L.A update News

တအန်းတပ် ၂၅၆ နှင့် မြန်မာတပ် ခမရ ၅၀၆ ရင်ဆိုင်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၂ ဦး ကျဆုံး

၃ ရက် အောက်တိုဘာလ ၂၀၁၃ ခုနှစ်

နမ့်ဆန်မြို့နယ် ဘန်လူမ် ရွာအနီး တောတန်းတွင် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာ တပ်မတော် ခမရ ၅၀၆ စစ်ကြောင်းတို့ ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၀၅း၃၀ နာရီခန့်မှ ၀၆း၀၀ နာရီခန့်အထိ နာရီဝက်ကျော်ကြာ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်မှ အနဲဆုံး ၂ ဦးကျဆုံး။

တပ်ရင်း ၂၅၆ သည် မိမိတပ်ရင်းနယ်မြေ တောတောင်တွင် ပြောက်ကျားအခြေချ လှုပ်ရှားရင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူထုစည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ အစိုးရတပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်။

တအန်းတပ်မတော် တပ်ရင်း ၂၅၆ တပ်ဖွဲ့ဝင်များမှာ ထိုဒေသတွင် မြန်မာစစ်ကြောင်းထိုးစစ်ဆင်လာမည်ကို ကြိုတင်သိရှိထားသဖြင့် ပြောက်ကျားစစ် နည်းဗျူဟာအရ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသဖြင့် ထိခိုက်ဒါဏ်ရာရရှိသူမရှိဟု တပ်ရင်းမှူးမှ သတင်းပေးပို့ ။

တအန်းတပ်မတော် သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြောပွဲများ ပြုလုပ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်ရာ စည်းကမ်းဥပဒေ ဆိုင်းပုဒ်ကို အုပ်ချုပ်ရေး၊ စည်းရုံးရေး တအန်းရွာတိုင်းနီးပါးတွင် စိုက်ထူခဲ့ ။

စက်တင်ဘာလကုန်မှစတင်၍ မြန်မာတပ်ဖွဲ့မှ ထိုဆိုင်းပုဒ်များလိုက်လံ ဖျက်သိမ်းသဖြင့် တိုက်ပွဲဖြစ် ။

သတင်းနှင့်ပြန်ကြားရေးဌာန

P.S.L.F/T.N.L.A

P.S.L.F/T.N.L.A