#update #အနာဂါတ် တိုင်းပြည် သာယာလှပဖို့ မုန်းသင့်သူကို #မုန်းပါသည်။ ပယ်သင့်သူကို ပယ်ပါသည်။

10421175_747097768692306_9222920357960354298_n

လက်ပံတောင်း ဆန္ဒပြပွဲမှာ
ABSDF ဥက္ကဋ္ဌဟောင်း ပါဝင်၍ ဝေဖန်မှုတွေထွက်ပေါ်
Friday, 02 January 2015
မန္တလေး၊ ဇန်နဝါရီ ၂
လက်ပံတောင်းတောင်အရေးနဲ့ ပတ်သက်လို့ မန္တလေးမြို့တော်မှာ
ဇန်နဝါရီလ ၁ရက်နေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မြောက်ပိုင်းလူသတ်မှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့
အဖွဲ့ ပါဝင်လာခဲ့ တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ပါဝင်လာတာလား။

နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မန္တလေးမြို့တော်မှာ
ဒုတိယအကြိမ် ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒေါက်တာနိုင်အောင်နဲ့
အဖွဲ့ ပါဝင်လာခဲ့တာဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက်
ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်နေတယ်လို့
မန္တလေး အခြေစိုက် နိုင်ငံရေး အသိုင်းအဝိုင်းတွေ ဆီကနေ စုံစမ်းသိရှိရပါတယ်။

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့အတူ
အင်အား ၃၀ကျော်ပါဝင်တဲ့ အဖွဲ့ဟာ ဆန္ဒထုတ်ဖော်မှု
စတင်ပြီး မိနစ်အနည်းငယ်ကြာမှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး
အစပိုင်းမှာ တခြားလူမှု အဖွဲ့အစည်းလို့ ယူဆခဲ့တယ်လို့
ABSDFမြောက်ပိုင်းပြန် ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ
ဦးညီကျော်က ပြောပါတယ်။

မိနစ် အနည်းငယ်အကြာမှာ ABSDF ဥက္ကဋ္ဌဟောင်း
ဒေါက်တာနိုင်အောင်မှန်း သိရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

သူတို့ဟာ တစ်စုံတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုခု ရှိပြီး နိင်ငံရေးအမြတ်ထုတ်ဖို့ ပါဝင်လာတာ ဖြစ်နိုင်တယ်လို့
ဦးညီကျော်က သုံးသပ်ပါတယ်။

ဒေါက်တာ နိုင်အောင်နဲ့ အဖွဲ့ဟာ ဆန္ဒထုတ်ဖော်ရာသို့
လေအိတ်ကားကြီးနဲ့ ရောက်ရှိလာပြီး ဆန္ဒပြရာ လမ်းကြောင်းတလျှောက် အစအဆုံး ပါဝင်ခဲ့တာ မဟုတ်ဘူးလို့
မန္တလေးမြို့တော်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းက ပြောပါတယ်။

သူတို့အဖွဲ့မှာ မှတ်တမ်းရိုက်ကူးသူတွေ သီးသန့်ပါဝင်ပြီး
ACDD အမှတ်တံဆိပ်ပါ တူညီအင်္ကျီ ဝတ်ဆင်ထားကြတယ်လို့
သူက ဆက်ပြောပါတယ်။

လက်ပံတောင်း အရေးအတွက် ဇန်နဝါရီလ ၁ ရက်နေ့က
ဆန္ဒထုတ်ဖော်ပွဲဟာ မန္တလေးမြို့ခံ နိုင်ငံရေးတက်ကြွ သူတွေ၊
အခြားဒေသက အဖွဲ့အစည်းတွေ၊ တောင်သူတွေ ပါဝင်ခဲပြီး
ABSDF ဥက္ကဋ္ဌဟောင်းနဲ့ အဖွဲ့ပါဝင် ဆန္ဒထုတ်ဖော်တာကို ကြိုဆိုတယ်လို့ ဦးအေးသိန်းက ပြောပါတယ်။

ဒေါက်တာနိုင်အောင်ဟာ ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့က
ကချင် အခြေစိုက် ABSDF(မြောက်ပိုင်း) ဋ္ဌာနချုပ်မှာ
ကျောင်းသားရဲဘော်တွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့
ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦး ဖြစ်တယ်လို့
မြောက်ပိုင်းကျောင်းသားဟောင်း တစ်ချို့ စွပ်စွဲထားသူလည်း ဖြစ်ပါတယ်။
– See more at: http://www.thevoicemyanmar.com/index.php/news/item/5159-lpt#sthash.e08ZZzNe.dpuf

http://7daydaily.com/story/28490#.VKk5kMnHhbJ

ACDD

• အနာဂါတ် တိုင်းပြည် သာယာလှပဖို့
မုန်းသင့်သူကို မုန်းပါသည်။
ပယ်သင့်သူကို ပယ်ပါသည်။
• ၈၈ တော်လှန်ရေး စတင်တည်ဆောက်ဆုံးက
အမှားတွေကို ဆက်ပြီး မသယ်ပါနဲ့တော့။
• မကောင်းတာ လုပ်ခဲ့တဲ့သူတွေအားလုံးက
တိုင်းပြည်ကို အပြည့်အဝ ဦးဆောင်မှုမပေးနိုင်ဘူး။
သူတို့အပြစ်တွေကို ဖုံးကွယ်ဖို့ အမြဲ စဉ်းစားနေရတယ်။ cr.U Htay Tint

1623659_744733948928688_4385295624842789522_n

1.1.2015
မန္တလေမြို့လက်ပတောင်းတောင်
ဒုတိယအကြိမ်
ဆန္ဒထုတ်ဖေါ်ပွဲမှာ
လက်နက်ကိုင်တော်လှန်ရေး ဦးဆောင်ခဲ့သူ
အားရ ပါးရ အော်ဟစ်နေသည် ။ Continue reading “#update #အနာဂါတ် တိုင်းပြည် သာယာလှပဖို့ မုန်းသင့်သူကို #မုန်းပါသည်။ ပယ်သင့်သူကို ပယ်ပါသည်။”

ယနေ့ပြုလုပ်သော ၈ လေးလုံးငွေရတုပွဲမှာ ABSDF ဥက္ကဌဟောင်း

SOURCE aungnaing.thu

Documents Collection ABSDF North Case-Killing Comrades(Spycase)

 naing aung 2

The Lady is Cho Cho Kyaw Nyein . Her son was one of the victim and she is telling naing aung that he should take the responsibility what he did.သိုး ထိန်း
စစ်ထောက်လှမ်းရေးဆိုပီးသတ်ခံရတဲ့ကျောင်းသားတပ်မတော်ကမောင်မောင်ကြွယ်က ငါ့မွေးစားသား ဒီကိစ္စမင်းတာဝန်ယူရမယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်ကိုပြောနေတာပါ မင်းမှာကလေးရှိလားဆိုတော့မရှိဘူးတဲ့ ဘွားတော်ကမင်းတနေ့ဝဋ်လည်မယ်လို့ပြောနေတာဖြစ်ပါတယ် ယနေ့ပြုလုပ်သော ၈ လေးလုံးငွေရတုပွဲမှာ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက သူ့မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ABSDF မြောက်ပိုင်း ပါဂျောင်မှာစစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီးကျောင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာကို မှတ်တမ်းရိုက်ထားတာဖြစ်ပါတယ် လူ၄၀ လောက်သတ်ဖြတ်ခံခဲ့ရတဲ့ သတ်ဖြတ်ပွဲကို ဒေါက်တာနိုင်အောင်က သတ်ခံရသူတွေဟာထောက်လှမ်းရေးတွေအမှန်ဖြစ်ကြောင်းသူတာဝန်ယူကြောင်းကမ္ဘာကိုကြေငြာခဲ့ သူဖြစ်ပါတယ် ဒေါက်တာနိုင်အောင်ဟာ ABSDF မြောက်ပိုင်းဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်ခေါင်းဖြတ်သတ်ခံရမှုအတွက်ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့်ထားတာကိုခံထားရသူလည်းဖြစ်ပေမယ့်ပြည်တွင်းမှာ လွတ်လပ်စွာလှုပ်ရှားသွားလာနေပြီးနိုင်ငံပြုပြင်တည်ဆောက်ရေး အကြောင်းအရာတွေကိုသင်တန်းတွေမှာပါဝင်ပို့ချဆွေးနွေးနေသူဖြစ်တယ်လို့သိရပါတယ် —

—-ယနေ့ပြုလုပ်သော ၈ လေးလုံးငွေရတုပွဲမှာ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက သူ့မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ABSDF မြောက်ပိုင်း ပါဂျောင်မှာစစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီးကျောင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာကို မှတ်တမ်းရိုက်ထားတာဖြစ်ပါတယ် လူ၄၀ လောက်သတ်ဖြတ်ခံခဲ့ရတဲ့ သတ်ဖြတ်ပွဲကို ဒေါက်တာနိုင်အောင်က သတ်ခံရသူတွေဟာထောက်လှမ်းရေးတွေအမှန်ဖြစ်ကြောင်းသူတာဝန်ယူကြောင်းကမ္ဘာကိုကြေငြာခဲ့ သူဖြစ်ပါတယ်

998912_362127727249950_744171770_n-1

ယနေ့ပြုလုပ်သော ၈ လေးလုံးငွေရတုပွဲမှာ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက သူ့မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ABSDF မြောက်ပိုင်း ပါဂျောင်မှာစစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီးကျောင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာကို မှတ်တမ်းရိုက်ထားတာဖြစ်ပါတယ် လူ၄၀ လောက်သတ်ဖြတ်ခံခဲ့ရတဲ့ သတ်ဖြတ်ပွဲကို ဒေါက်တာနိုင်အောင်က သတ်ခံရသူတွေဟာထောက်လှမ်းရေးတွေအမှန်ဖြစ်ကြောင်းသူတာဝန်ယူကြောင်းကမ္ဘာကိုကြေငြာခဲ့ သူဖြစ်ပါတယ် ဒေါက်တာနိုင်အောင်ဟာ ABSDF မြောက်ပိုင်းဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်ခေါင်းဖြတ်သတ်ခံရမှုအတွက်ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့်ထားတာကိုခံထားရသူလည်းဖြစ်ပေမယ့်ပြည်တွင်းမှာ လွတ်လပ်စွာလှုပ်ရှားသွားလာနေပြီးနိုင်ငံပြုပြင်တည်ဆောက်ရေး အကြောင်းအရာတွေကိုသင်တန်းတွေမှာပါဝင်ပို့ချဆွေးနွေးနေသူဖြစ်တယ်လို့သိရပါတယ်

1009811_362133397249383_1749865288_n

စစ်ထောက်လှမ်းရေးဆိုပီးသတ်ခံရတဲ့ကျောင်းသားတပ်မတော်ကမောင်မောင်ကြွယ်က ငါ့မွေးစားသား ဒီကိစ္စမင်းတာဝန်ယူရမယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ABSDF ဥက္ကဌဟောင်းဒေါက်တာနိုင်အောင်ကိုပြောနေတာပါ မင်းမှာကလေးရှိလားဆိုတော့မရှိဘူးတဲ့ ဘွားတော်ကမင်းတနေ့ဝဋ်လည်မယ်လို့ပြောနေတာဖြစ်ပါတယ် ယနေ့ပြုလုပ်သော ၈ လေးလုံးငွေရတုပွဲမှာ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက သူ့မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ABSDF မြောက်ပိုင်း ပါဂျောင်မှာစစ်ထောက်လှမ်းရေးလို့စွပ်စွဲပြီးကျောင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာကို မှတ်တမ်းရိုက်ထားတာဖြစ်ပါတယ် လူ၄၀ လောက်သတ်ဖြတ်ခံခဲ့ရတဲ့ သတ်ဖြတ်ပွဲကို ဒေါက်တာနိုင်အောင်က သတ်ခံရသူတွေဟာထောက်လှမ်းရေးတွေအမှန်ဖြစ်ကြောင်းသူတာဝန်ယူကြောင်းကမ္ဘာကိုကြေငြာခဲ့ သူဖြစ်ပါတယ် ဒေါက်တာနိုင်အောင်ဟာ ABSDF မြောက်ပိုင်းဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်ခေါင်းဖြတ်သတ်ခံရမှုအတွက်ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့်ထားတာကိုခံထားရသူလည်းဖြစ်ပေမယ့်ပြည်တွင်းမှာ လွတ်လပ်စွာလှုပ်ရှားသွားလာနေပြီးနိုင်ငံပြုပြင်တည်ဆောက်ရေး အကြောင်းအရာတွေကိုသင်တန်းတွေမှာပါဝင်ပို့ချဆွေးနွေးနေသူဖြစ်တယ်လို့သိရပါတယ်

Political prisoners or mass murderers?

SHAME ON AAPP -Lt-Col Khun Kyaw aka Than Gyaung- Than Chaung-How could he be named as political prisoner when he had committed murder, rape, beheading to fellow ABSDF members. Such a shame to put his name under the political prisoners. If they put his name under political prisoner and it could leverage the genuine political prisoners who are with clean hands. This could make confusions to the generations to start thinking that ABSDF members are also the same. It could deeply tarnish their ABSDF’s fame.

When President Thein Sein’s administration released 73 political prisoners on July 23, questions began to emerge about the eventual fate of three members of the militant All Burma Student’s Democratic Front (ABSDF) who remained behind bars.

7.28.4

The students who were accused of being enemy’s spies and were tortured in Pagyoung camp

The releases are evidence that the President intends to keep his promise made during a recent visit to the United Kingdom where he declared that there would be no more prisoners of conscience in Myanmar. However, what defines a political prisoner when they have engaged in acts of killing, perhaps even torture and murder, is a question that concerns ABSDF members Than Gyoung, Myint Soe and Sao Khun Kyaw.

The three are accused of killing 39 fellow students between 1991 and 1992, some of them executed after being accused of being military spies and others were tortured to death while being interrogated. These accusations raise difficult questions about the actions committed by militant student groups in the struggle against military rule, revealing some of the murkier internal politics of the pro-democracy resistance movement.

“All those arrested for political beliefs are accepted as political prisoners. But we cannot accept and forgive the acts of violating law and human rights. Those who committed crimes must face the punishment according to the law. We can’t mix them up,” said Kyaw Htwe, a leader with the opposition National League of Democracy.

Thirty-nine out of 73 prisoners recently released belonged to the All Burma Student’s Democratic Front (ABSDF), a group led by students who fled their homes to take up arms against the military dictatorship, after the brutal and bloody crackdown of the 1988 pro-democracy uprising. Many joined forces with various armed ethnic groups who were fighting for regional autonomy. Continue reading “Political prisoners or mass murderers?”

SHAME AAPPB_ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ

SHAME ON AAPP -Lt-Col Khun Kyaw aka Than Gyaung- Than Chaung-How could he be named as political prisoner when he had committed murder, rape, beheading to fellow ABSDF members. Such a shame to put his name under the political prisoners. If they put his name under political prisoner and it could leverage the genuine political prisoners who are with clean hands. This could make confusions to the generations to start thinking that ABSDF members are also the same. It could deeply tarnish their ABSDF’s fame.

—-

“The members of the ABSDF’s commission say they want to see KoThangyaung (a participant in Parjaung murder). Despite the government’s consent, I am not sure that we will be able to meet the former comrades including KoThangyaung in Thayarwady Prison and collect the data required from them,” said Ko Ye Lin.

http://www.myitmakhamediagroup.info/2013/05/28/absdf-to-apologize-to-the-families-of-the-student-killed-in-parjaumg-camp-of-absdf-nb/

More than 40 students were killed in executing over 100 student comrades alleged to be military intelligence in Parjaung camp of ABSDF-NB in early 1992 and 55 student comrades had escaped from the interrogating camp, according to the documents of the former student comrades who emancipated from the Parjaung camp.

credit emg 28.july

7.28.4

ပါဂျောင်တွင် အစိုးရ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော ကျောင်းသားလူငယ် အချို့

ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်းအဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

“ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကိုတရားစွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင်လုံလို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်းကိုလည်း ဦးစိန်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်” ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။

ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။ Continue reading “SHAME AAPPB_ABSDF မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေဆဲ ဦးသံချောင်း(ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ခြင်းမှာ အငြင်းပွားဖွယ်ဖြစ်နေ”

Moethee Zun (MTZ)- Naing Aung Back- be careful people

မိုးသီးဇွန် ဘာကြောင့် ပြည်တော် ပြန်ဝင်ရတာလဲ။

ကျနော်က သတင်းဌာနက မဟုတ်ပါ။ ဒါပေမဲ့

 အားလုံးပဲ သိသင့် သိထိုက်တာမို့ ပြန်လည် မျှဝေတာပါ။ ပေးပို့သူကတော့ အမည် မဖော်လိုသူ တစ်ယောက် ပေးပို့လာခြင်းပဲ ဖြစ်ပါတယ်။

အပေါ်ပုံကို မိုးသီးဇွန် ဂျာမနီကို သွားပြီးတော့ မွတ်စလင် အဖွဲ့နဲ့ ပေါင်းစည်းကာ တောင်းစားရေးနဲ့ ပေါင်းစားရေး အစည်းအဝေးမှာ အမှတ်တရ ရိုက်ထားတာပါ။ ပေးပို့သူက အဲဒီပုံကို ဒီလို မှတ်ချက် ပေးထားပါတယ်။

((( မိုးသီးဇွန်နဲ့  ဂျာမဏီက ရိုဟင်ဂျာ ဥက္ကဌ George Khan တွဲရိုက်ထားတဲ့ ဓါတ်ပုံ
ရှိတယ်..သူတို့ တွေက အမြဲဆက်သွယ်ပြီး မူစလင်တိုင်းပြည်တွေက
ငွေတွေ ယူပြီး တွဲလုပ်နေကြတယ် )))

အခု ကျနော်က မိုးသီးဇွန်ကို မုန်းလို့လည်း မဟုတ်ပါဘူး။ သူနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ သူ ဘာကြောင့် ပြန်ဝင်လာရသလဲ။ သူပြန်ဝင်လာတော့ အောက်က အဖွဲ့အစည်းတွေက ဘာလို့ ကြိုဆိုကြတာလဲ ဆိုတာကို ယှဉ်ပြီးတော့ နှိုင်းပြချင်လို့သာ တွဲတင်လိုက်တာပါ။ ပုံမှာ ပါတဲ့ သူကိုလည်း ယှဉ်ကြည့်ကြပါ။

ကျနော် ဒီပုံကို မျှဝေ တင်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒါပါပဲ။ ပေးပို့ပေးတဲ့ သူကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်

နှစ်သက်မိသော ပုံရိပ်များ

 

 

သတင်းထောက် တွေ ကို တရားနာ ပရိသတ် ထင် ပြီး မိန့် ခွန်း ချွေနေတာ

———————

ပြည်တော်ပြန်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကိုကြိုဆိုခြင်း

ပြည်တော်ပြန်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကိုကြိုဆိုခြင်း

ABSDF NORTH CASE_video-ABSDF massacre case reopen in Myanmar

            ABSDF (မြောက်ပိုင်း) ကချင်ဒေသတွင် ထောက်လှမ်းရေးဟု သံသယဖြစ်ကာ စစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့် သေဆုံးသွားသူ မ.က.ဒ.တ (မပ) ဗဟိုကော်မတီဝင် ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးမှ မြောက်ဥက္ကလာပ ရဲစခန်းသို့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်းပေးတိုင်ချက်ဖွင့်ခဲ့ပါသည်။ မြောက်ဥက္ကလာပ ရဲစခန်းမှ ပ ၈၆၉/၁၂၊ ပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့် လက်ခံခဲ့ပါသည်။ ဖခင်ဖြစ်သူမှာ ဦးစိန်မှာ ABSDF (မြောက်ပိုင်း) ကချင်ဒေသ သင်တန်းအမှတ်စဉ် (၅) တွင် သင်တန်းသားများ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းနှင့် ဗဟိုကော်မတီဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သူ ဟူသည့် စွပ်စွဲချက်များဖြင့် ပါဂျောင်ဒေသ လိုင်ဇာစခန်းတွင် မတရား ဖမ်းဆီး နှိပ်စက်ခံခဲ့ရမှုကြောင့် သေဆုံးခဲ့ရသည်ဟု မြောက်ပိုင်းပြန်ရဲဘော်များမှ သိရှိရသဖြင့် အခုလို တရားစွဲဆိုရခြင်းဖြစ်ကြောင်း၊ အမှန်တရားအတွက် ဖော်ထုတ်နိုင်မည်ဟု ယုံကြည်သည့်အကြောင်း ဘားမားဗီဂျေမီဒီယာအား ပြောကြားလိုက်ပါသည်။

ABSDF massacre case reopen in Myanmar

တရားစွဲ ဆိုမှု ရှိ လာလျှင် မြောက်ပိုင်း ကိစ္စ အတွက် အဓိက တာဝန် ရှိသည့်
မိုးသီးဇွန် နှင့် နိုင်အောင် ကို ဖမ်းဆီး စစ်မေး မှု များ ပြု မည် ဟု ခိုင်လုံ တိကျ
သည့် သတင်း ရပ် ကွက် မှ FNG က သိရှိရသည်။

ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာသည့် ရှေ့ နေ စေကျာ်ကျော်မင်း ယနေ့ ဖမ်းဆီးထောင်ချခံရ သည်။

၁၉၉၂ ခုနှစ်က ပါဂျောင်ဒေသ၌ ဖြစ်ခဲ့သော ABSDF (မြောက်ပိုင်း) စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ ABSDF အဖွဲ့ ဗဟို၏ ဥက္ကဋ္ဌဟောင်း၊ လက်ရှိ အင်န်ဂျီအိုတစ်ခုဖြစ်သော FDB ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာနိုင်အောင်က ယနေ့ ရန်ကုန်လေဆိပ်သို့ ရေ

ာက်ရှိလာစဉ် မြောက်ပိုင်းလူသတ်မှုများနှင့် ပတ်သက်၍ တာဝန်ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို အောက်ပါအတိုင်း ပြောကြားခဲ့သည်။”အဲဒီအချိန်တုန်းက ကျွန်တော်က တောင်ပိုင်းမှာ ရှိနေတာ။ အဲဒီကိစ္စတွေဖြစ်ပြီးတော့မှ ကျွန်တော်က သိရတာဆိုတော့ ကျွန်တော်တို့ ဗဟိုက အဲဒီကိစ္စတွေကို သူတို့ မြောက်ပိုင်းကနေ ဆုံးဖြတ်ပြီးတော့မှ ကျွန်တော်တို့က သိရတဲ့ကိစ္စ၊ နောက် အဲဒီအချိန်တုန်းကလည်း ကျွန်တော်တို့ စခန်းတွေက သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သူ ရှိတာပေါ့လေ။ ဆိုတော့ သူတို့ဆုံးဖြတ်ပြီးမှ ကျွန်တော်တို့ သိရတဲ့ကိစ္စ၊ ကျွန်တော်သိရတဲ့အချိန်မှာ ကျန်တဲ့သူတွေ ဆက်မသတ်ဖို့နဲ့ ပြန်ပြီးတော့မှ သူတို့ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ သွားပြီးကြိုးစားပေးပါတယ်”ဟု ပြောကြားသည်။
Docs about ABSDF North Case:Interviews,Statment,Papers     http://www.scribd.com/collections/3414072/ABSDF-Conferences