#ကရင်လက်နက်ကိုင်များအရေး #KNU နဲ့ #DKBA #ဆုံဆည်းမြိုင်မှာဆွေးနွေး

ကရင်လက်နက်ကိုင်များအရေး KNU နဲ့ DKBA ဆုံဆည်းမြိုင်မှာဆွေးနွေး
အောက်တိုဘာ – ၁၉ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား (မီဒီယာ)
ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းအပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့များအရေးနဲ့ပတ်သက်ပြီး KNU နဲ့ DKBA ထိပ်သီးခေါင်းဆောင်တွေ ဒီနေ့ ဒီကေဘီအေဌာနချုပ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ – KNU ဘားအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေး – KNU ဥက္ကဌ၏စစ်ရေးနိုင်ငံရေးအကြံပေးအရာရှိ စောထူးထူးလေး – ပဒိုမန်းငြိမ်းမောင် – ပဒိုရောဂျာခင် – ပဒိုရွှေမောင်း – ဗိုလ်မှူးကြီးဖောဒိုနှင့် ဒီကေဘီအေအဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ်နှင့်ဗိုလ်မှူးချုပ်စောကျော်သက် အပါအ၀င် ဒီကေဘီအေက အဆင့်မြင့်ခေါင်းဆောင်များ ဒီနေ့ဆွေးနွေးခဲ့ကြတာပါ။
အဓိကဆွေးနွေးတာတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြားက အခြေအနေတွေဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်နေသူတဦးက ဆိုပါတယ်။
ဒီဆွေးနွေးပွဲကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေးကော်မတီမှာပါတဲ့ ဘုန်းတော်ကြီးအချို့ လည်းတက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ဆွေးနွေးပွဲတက်ခဲ့တဲ့ တောင်ကလေးအေးရိပ်သာကျောင်းဆရာတော် ဘုန်းတော်ကြီး အရှင်အဂ္ဂ၀ံသက”ပဏာမအလွတ်ဆွေးနွေးပွဲဖြစ်တယ် ဒီနေ့ဆွေးနွေးတာက KNU နဲ့ DKBA ဆွေးနွေးတာဖြစ်ပြီး အဓိကဆွေးနွေးတာက ဒီလ ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်ကိစ္စဖြစ်တယ် ဒါပေမဲ့ သောင်မတင်ရေမကျဘဲ ဒီလ ၂၉ ရက်နေ့မှာပြန်တွေ့ဘို့ရှိတယ် ဒီနေ့ဆွေးနွေးတာမပြတ်ဘူး”လို့ မိန့်ကြားပါတယ်။
KNU အဖွဲ့ကတော့ ကော်သူးလေတပ်မတော်ဆိုင်ရာကိစ္စကို လာမဲ့ ၂၃ ရက်နေ့မှာပြုလုပ်မဲ့ KNU ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပြီး DKBA နဲ့ နောက်တကြိမ်ပြန်တွေမှာဖြစ်တယ်လို့သိရပါတယ်။
ယခုလ ၂၉ ရက်နေ့မှာ KNU DKBA အပါအ၀င် ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းအပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့နဲ့သက်ဆိုင်တဲ့ အစည်းအဝေးတရပ်ကို DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်မှာ ကျင်းပပြုလုပ်ဘို့ရှိတယ်ဆိုပြီး ဗိုလ်မှူးချုပ်ကျောက်သက်က အတည်ပြုပြောဆိုပါတယ်။
လက်ရှိမှာတော့ ကရင်လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးကော်မတီ ဖွဲ့စည်းထားသလို – ဒီ လ ၁၃ ရက်နေ့ကလည်း ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခုကနေ ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းလိုက်တဲ့အတွက် ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ရှုတ်ထွေးမှုအချို့ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပုံစာ – DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်က စစ်ရေးပြကွင်း ။ CR. ကရင်အမျိုးသား- မီဒီယာ

10703526_552507884894595_4325893217263137662_n

 

#CLIP #၂၀၁၄ခုနှစ် ကရင်တော်လှန်ရေးနေ့မှာ ဗိုလ်ချုပ် နာဒါးမြနဲ့တွေ့ခဲ့စဉ်က

ကရင်အမျိုးသားအလံတော်အောက်က ကရင်တော်လှန်ရေး တပ်ဖွဲ့တွေပါဝင်တဲ့ ၂၀၁၄ ခုနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားမှာ နာဒါးမြ ပြောခဲ့တာလေးကို အမှတ်တရ တင်ပေးလိုက်တယ်။

“ကျနော်တို့တိုက်ရမှာ ဗမာ မဟုတ်ဘူး ၊ စစ်အာဏာရှင်ကို တိုက်ရမှာ အဲဒါ အဖေလည်း ခဏခဏပြောတယ်” CR. YAMOUNAR

#BURMA #MYANMAR #UNITY #KAREN #REBEL@ #Kawthoolei #Armed #Forces

The commanders of units of different Karen rebel groups in southeastern Burma announced on Tuesday that they will begin military cooperation in order to deal with an increase in Burma Army operations in their areas in recent months.

Gen. Saw Lah Pwe, the head of the Democratic Karen Benevolent Army (DKBA) and Gen. Baw Kyaw Heh, deputy commander-in-chief of the Karen National Liberation Army (KNLA), who has support of KNLA brigades 2 and 5, agreed to work together. They are joined by two smaller rebel groups, the Karen National Defense Organization (KNDO) of Col. Nerdah Mya and the KNU/KNLA Peace Council of Col. Tiger.

The KNLA is the armed wing of the Karen National Union (KNU), the largest and oldest Karen ethnic armed group, and has a total of seven brigades.

The commanders said in a joint statement that they signed an agreement to begin military cooperation under the name of the Kawthoolei Armed Force. “In accordance with the wishes of the Karen people, we, the forces of KNLA, KNDO, DKBA, KNU/KNLA Peace Council, have unanimously reunified as the Kawthoolei Armed Forces,” the statement read.

Kawthoolei is the Karen name for the independent state that the Karen people have been aspiring to and fighting for since the 1940s.

The DKBA has about 1,500 fighters and KNLA brigades 2 and 5 can field an estimated 3,000 fighters. The KNDO and KNU/KNLA Peace Council are smaller groups with several hundred soldiers each.

Under the agreement, the armed groups will keep their current uniforms, insignias and flags, but they promised to cooperate and help each other in operations against the Burma Army.
#####
Saw Roger Khin, chief of the KNU department of defense, said in a statement that the KNU leadership was not involved in the agreement signed by the vice-chief of staff of the Karen National Liberation Army (KNLA) and the commander of the Karen National Defense Organization (KNDO), two military organizations of the KNU.

Saw Roger Khin said the cooperation agreement “was signed by the KNLA vice-chief of staff and the commander of the KNDO…through their own ideas.”It has been known for some time, however, that there are divisions within the KNU leadership. Baw Kyaw Heh, who has support of KNLA “hardline” brigades 2 and 5, and KNU vice-chairperson Zipporah Sein have expressed doubts over the direction of the KNU’s ceasefire negotiations with the central government and the Burma Army.

The KNU signed a bilateral ceasefire with Naypyidaw in early 2012 and the group has since maintained relatively good relations with the government.

On Thursday, KNU secretary Mahn Mahan sought to downplay the public differences over the recent agreement and insisted these were not signs of internal divisions.

“I don’t see it is a sign of a split within the KNU, because we all want to [unify] one way or another” with other groups, he said. “We are not against each other, although the two statements seem different.” see statement knu english

10659151_549900255155358_8174066187241113263_n10712883_699753426787480_501803037321943956_n

 

10687082_552921091474999_1329760262373795365_n

#DKBA #နိုင်ငံတော်ငြိမ်ချမ်းရေးထာဝရတည်တံ့ခိုင်မြဲံပါစေ။တစ်ဘက်မသာမာသူများ၏ #Media #၀ါဒဖြန့်မှုမှ လွတ်ကင်းကြပါစေ၊

နိုင်ငံတော်ငြိမ်ချမ်းရေးထာဝရတည်တံ့ခိုင်မြဲံပါစေ။တစ်ဘက်မသာမာသူများ၏Media ၀ါဒဖြန့်မှုမှ လွတ်ကင်းကြပါစေ၊ CR.Sanay Htun

10614138_793758307355116_5446656140738457425_n10624808_793758264021787_1154110985019765013_n

#UPDATE #ကော်သူးလေ တပ်မတော် #KAF #အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို

1619100_348458955333666_1328437920751197702_n

Thursday, 16 October 2014
ရွှေဟင်္သာ

ကရင် လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ ပါဝင်သော ကော်သူးလေ တပ်မတော် ( Kawthoolei Armed Force – KAF) အဖြစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ပေါင်းစည်း ခဲ့မှုကို ကရင် လူထု များနှင့် အရပ်ဖက် ကရင် လူမှု အဖွဲ့အစည်း များက လိုလားကြောင်း ၎င်းတို့၏ ပြောကြားချက် များအရ သိရှိ ရသည်။

“ကရင် တပ်များ ပေါင်းစည်းရေး၊ပါတီ ပေါင်းစည်း ရေးကိုလွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကရင် လက်နက်ကိုင် တပ်များ ပြည်လည် ပေါင်းစည်းရေး ကော်မီတီက အကောင် အထည် ဖော်ဖို့ ကြိုးပမ်း ခဲ့တာ ကြာပြီ၊ အခုမှ အကောင် အထည် ပေါ်ခဲ့ တာပါ” ဟု ကရင် အမျိုးသမီး ဖွံဖြိုး တိုးတက်ရေး အဖွဲ့မှနော်ဇူဇန်နာ လှလှစိုးကပြောသည်။

ထိုကဲ့သို့ ကော်သူးလေ တပ်မတော် အဖြစ် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း ခဲ့ရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) တို့ ပါဝင်ကြောင်း အောက်တိုဘာလ (၁၃) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန် ခဲ့သည့် ကြေငြာချက်၌ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အား ကိုယ်စား ပြု၍ ဒုတိယ စစ်ဦးစီးချုပ်က ၎င်း၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ အစည်း (KNDO) အား ကိုယ်စား ပြု၍ ဦးစီးချုပ်က ၎င်း၊ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) အား ကိုယ်စား ပြု၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် က၎င်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) အား ကိုယ်စား ပြု၍ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါး က၎င်း အသီးသီး လက်မှတ် ရေးထိုး၍ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပေါင်းစည်းမှုမှာ စစ်မှန်သော ပေါင်းစည်းမှု မဟုတ်ပဲ တစ်စုံ တစ်ဦးမှ အတုအယောင် ဖန်တီး ထားသော ပေါင်းစည်းမှု ကြေငြာချက်သာ ဖြစ်ကြောင်း ကနဦး၌ သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း ယင်းပေါင်းစည်းမှု ထုတ်ပြန်ချက်မှာ အစစ်အမှန် ကြေငြာချက် ဖြစ်ကြောင်း DKBA တပ်ဖွဲ့၏ ကလို့ထူးဘော စစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က အတည်ပြု ပြောသည်။

ဗျုဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “တစ်ကယ် အစစ်အမှန်ကို လက်မှတ် ထိုးထား တာပါ၊အတု အယောင် မဟုတ်ပါဘူး၊ ကရင် ပြည်သူ တွေက တောင်းဆိုလို့ ကရင် ပြည်သူ လူထုရဲ့အကျိုး စီးပွားကို ကာကွယ်ဖို့ အတွက်ကရင် ပြည်သူ တွေကပြန်ပေါင်း လိုက်ပါလို့ ဆိုလာတဲ့ အတွက် ကြောင့်ပါ” ဟု ဆိုသည်။

မရှေး မနှောင်း၌ ထိုပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ခဲ့သည့် KNU/KNLA – PC မှ အထူး ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးအား ၎င်းတို့ အဖွဲ့၏ စစ်ဥပဒေ ပုဒ်မ (၂) အပိုဒ်က အမိန့် ညွှန်ကြားချက် များအား လေးစား လိုက်နာမှု မရှိခြင်း၊ စစ်အက်ဥပဒေ ပုဒ်မ (၂၆) အရ အဖွဲ့အစည်း ဂုဏ်သိက္ခာ မထိခိုက် စေရန် ကာကွယ် ထိန်းသိမ်းရန်မှ ပျက်ကွက် ခြင်းနှင့် ထိုလုပ်ရပ် များအတွက် အထက် အရာရှိ များမှ ညှိနှိုင်းရန် ဆင့်ခေါ် မှုကို လက်မခံ သောကြောင့် အဖွဲ့မှ ထုတ်ပယ် လိုက်ကြောင်း အောက်တိုဘာ (၁၄) ရက်နေ့တွင် KNU/KNLA – PC အဖွဲ့မှ ကြေငြာချက် တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

အလားတူပင် ကရင် အမျိုးသား အစည်းအရုံး၏ ကာကွယ်ရေး ဌာနမှလည်း အဆိုပါ အောက်တိုဘာလ (၁၄) ရက်နေ့ ၌ပင် ကြေငြာချက် တစ်စောင်အား အလားတူ ထုတ်ပြန် ခဲ့ပြီး ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းရေး၌ လက်မှတ် ရေးထိုး ထားသည့် KNLA ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ် တို့သည့် ယင်းတို့၏ သဘောထား အမြင် အပေါ်တွင်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကြေငြာချက် ထပ်မံ ထုတ်ပြန် ခဲ့ပြီးနောက် ကော်သူးလေ တပ်မတော် – KAF အဖြစ် ပေါင်းစည်းရေး အစစ် ၊ အတု ဟူသည့် ဝေဖန်မှုမှာ ပိုမို မြင့်တက် လာခဲ့သည်။

တကွဲ တပြား ဖြစ်နေသည့် ကရင် လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်း နိုင်ရေး အတွက် ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ (၂၈) ရက်နေ့တွင် ကော့ကရိတ် မြို့နယ် ထို့ကော်ကိုး စခန်း၌ ကရင် လက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ တက်ရောက် ခဲ့သည့် ညှိနှိုင်း ဆွေးနွေးပွဲမှ “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” တရပ်ကို ဖွဲ့စည်း ခဲ့သည်။

ထိုအစည်း အဝေးအား ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ ၊ ဘုရားကုန်းခေါ် ပဒိုအောင်ဆန်း အဖွဲ့၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ အစိုးရ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA – PC) တို့ ဖြစ်ကြသည်။

ထို “ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ” ဖွဲ့စည်း ခဲ့သည့် ညှိနှိုင်း အစည်းအဝေး ၌လည်း အခြား ဆုံးဖြတ် ချက်များ ဖြစ်သည့်

(၁) နိုင်ငံရေး ဆွေးနွေး သည့်အခါ ထိရောက်မှု ရှိလာ စေရန် ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ် ကြရန်။

(၂) တမျိုးသားလုံးကို ကိုယ်စား ပြုသည့် နိုင်ငံရေး ဆွေးနွေး မှုကို KNU မှ ဦးဆောင်ရန်။

(၃) မူးယစ်ဆေးဝါး ပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်း သွားရန်။

(၄) ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လ တကြိမ် တွေ့ဆုံ ဆွေးနွေး သွားရန်။

(၅) ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါဝင်သော လူထု ရှင်းလင်းပွဲများ ကျင်းပ သွားရန်။

(၆) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့ များနှင့် ပြည်သူ များအား ထုတ်ပြန်ရန်

(၇) ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်း

စသည့် အချက်များကို ဆုံးဖြတ် ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲ အစည်း အဝေး ဆုံးဖြတ် ချက်ဖြင့် ဖွဲ့စည်း လိုက်သည့် “ ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ အဖွဲ့ဝင် များမှာ – ဗိုလ်မှူးကြီးစောချစ်သူ (BGF)၊ဗိုလ်မှူး စောကြာအဲ (BGF) ၊ ဒေါက်တာ စောဌေးမြင့် (BGF)၊ ဖိုးရင်နု (KNU/KNLA – PC)၊ ဗိုလ်မှူးကြီး စောယိုရှူး ၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့) ၊ ပဒိုဖောဒို့ (KNU )၊ ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU) နှင့် ဗိုလ်ချုပ်ကြီးဂျော်နီ (KNU)၊ ဗိုလ်ချုပ် စောမိုရှေး (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ ဗိုလ်မှူးကြီး စောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

လက်ရှိ၌ ထုတ်ပြန် ခဲ့သည့် ကြေငြာချက် များအရ ကရင် လက်နက်ကိုင် တပ်များ ကော်သူးလေ တပ်မတော် – KAF အဖြစ် ပြန်လည် ပေါင်းစည်း ခဲ့မှုမှာ အငြင်းပွား ဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော်လည်း ၎င်းပေါင်းစည်းမှုကို ကြိုဆိုကြောင်း ကရင် အဖွဲ့အစည်း များမှ ပြောကြားသည်။

ကရင် အမျိုးသမီး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်သည့်နော်အုန်းလှ ကလည်း “ကရင် လက်နက်ကိုင် အားလုံး ပူးပေါင်းတယ် ဆိုရင် အင်အားလည်း များလာ ပါတယ်။ ဒီတစ်ခုကို အစိုးရက သတိထား မိလာမယ်လို့ ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ပေါင်းစည်းမယ် ဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး အထောက်အကူ ဖြစ်မယ် လို့လဲ ထင်ပါတယ်”ဟုဆိုသည်။

အလားတူထားဝယ် အခြေစိုက်တာကဘော သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှ ကရင်အမျိုးသမီး တဦး ဖြစ်သူ နော်လောရာ ကလည်းအခု ကဲ့သို့ ပေါင်းစည်းခြင်း အားဖြင့်ကရင်လူမျိုး တစ်မျိုးလုံး စည်းစည်းလုံးလုံး ဖြစ်သွားမည် ဖြစ်ကာ လုပ်ဆောင်ချက် ကောင်းမကောင်း ဆိုသည် ကမူ ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်သည်ဟု ပြောသည်။

“လူထု ကတော့ ကွဲနေတာကို မကြိုက် ကြဘူး။ ပူးပေါင်း လိုက်ရင် သဘောထား တခုထဲ ထွက်လာ မှာပေါ့။ ကိစ္စ တခုမှာ သဘောထားတွေ အမျိုးမျိုး မထွက် တော့ဘူး။ငြိမ်းချမ်းရေး မှာလည်း သူတကွဲ၊ ငါတကွဲ လုပ်နေမယ့် အစား သေသေချာချာ ပူးပေါင်း လုပ်ရင် အဆင်ပြေ ပါတယ်” ဟုနော်လောရာက ပြောသည်။

ကရင်ပြည်နယ် ကျုံဒိုး မြို့မှ ဒေသခံ တစ်ဦးက ကရင် လူမျိုးများ ပေါင်းစည်း ရေးကို သဘော တူပြီး တိုက်ပွဲဒဏ် ခံစား နေရသော ရွာများလည်း ထိုပေါင်းစည်းရေးကို လက်ခံ ကြလိမ့်မည်ဟု ၎င်း၏ အမြင်ကို ပြောသည်။

====

KAF နဲ့ မြန်မာ့ ငြိမ်းချမ်းရေး အလားအလာ Continue reading “#UPDATE #ကော်သူးလေ တပ်မတော် #KAF #အဖြစ် ပေါင်းစည်းမှု အငြင်းပွားဖွယ် ကောင်းပေမယ့် ကရင် လူထုများ ကြိုဆို”

#MYANMAR #BURMA #THAILAND #VILLAGERS #fled #during #clash

11/10/2014 During firefight between Government Army and Democratic Karen Buddhist Army  DKBA Villagers  fled outside the town of myawaddy fled into Thai side 27.september 2014.
On September 29, fighting broke out between the Burma Army and DKBA troops from Company #3 under Klo Htoo Wah Tactical Command. Villagers in the area said that the fighting last about 20 minutes and included both small and heavy weapons. Villagers from Laung Kaing, Thamain Dut, Winka and Tihu Than are frightened by the fighting. Villagers said that around 200 soldiers are now stationed in their region. Villagers said that they now coming under scrutiny from the government troops and are being question about their allegiances to armed groups.

BY – Author: Karen News October 10, 2014

10609657_651173931662747_1023734540480082875_n10482277_651174168329390_5071832920499712416_n10374483_651173868329420_4652231352664703371_n10542808_651174001662740_7380688658862022451_o10556972_651174081662732_8320704341633924096_o

Democratic Karen Benevolent Army (DKBA) and Burma Army Fighting spreads Throughout Karen State

Fighting occurred between the Democratic Karen Benevolent Army and Burma Army on October 10, forcing Karen villagers to flee.

1969209_552920844808357_2215060053818668399_n10701963_552921251474983_3336484200173713988_n10687082_552921091474999_1329760262373795365_n

The latest armed clashes broke out at around 10am between the DKBA and the government’s army at Kaung Mu village in Kawkareik Township.

Sources from the DKBA’s liaison office in Kawkareik said that the fighting lasted about an hour. The fighting involved soldiers from the DKBA’s Klo Htoo Wah Tactical Command and the Burma Army under the Military Operation Command (MOC) #12. Continue reading “#MYANMAR #BURMA #THAILAND #VILLAGERS #fled #during #clash”

#MYANMAR #CLASH #GOVERNMENT #ARMY AND #DKBA #BURMA #THAI BORDER #CLOSED

27/9/2014 Since today morning  firefight has been taking place between Government Army and Democratic Karen Buddhist Army in the Thai-Myanmar border town of Myawaddy. Villagers outside the town of myawaddy fled into Thai side of the river Moei sailing along tai eyes .5 killed and 10 injured in clash

http://www.ch7.com/embed/88720?w=640&h=360&auto=true&

1477641_690169717745851_733677232907607514_n1555468_690169587745864_5251882576275922104_n10253742_690169704412519_2534840587508555834_n10696457_690169637745859_3906936044601338370_n10629862_690169677745855_3212203320425002214_n

#MYANMAR #BURMA #တိုက်ပွဲ ဖြစ်နေသည့် မြ၀တီမြို့ လက်ရှိ မြင်ကွင်း

1477641_690169717745851_733677232907607514_n10253742_690169704412519_2534840587508555834_n10696457_690169637745859_3906936044601338370_n10629862_690169677745855_3212203320425002214_n1555468_690169587745864_5251882576275922104_n

Saturday, September 27, 2014
ထိုင်း-မြန်မာနယ်စပ် မြဝတီမြိုအထွက် အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေပြီး၊ အနီးက ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဧရာဝတီက စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်ကစပြီး မြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက် ငယ်များ အပြင် အာပီဂျီများကိုပါ အသုံးပြုပစ်ခတ်နေတဲ့ အတွက် မြို့ခံတွေအတွက်ပါ စိုးရိမ်စရာရှိနေတယ်လို့ မျက်မြင် တွေက ပြောပါ တယ်။
မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ဝင် အရာရှိတဦးက “မြို့ထဲကို လာတဲ့ စစ်ကားကို DKBA က အာပီဂျီနဲ့ စထုလိုက် တယ်လို့ အဲတာကနေ နှစ်ဘက်တိုက်ပွဲစဖြစ်တာလို့ ကျနော်တို့ သတင်းရတာပဲ။ အခုလည်း အာရှလမ်းမကြီးပေါ်မှာ တဝုန်းဝုန်းနဲ့ ဆော်နေကြတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။ Continue reading “#MYANMAR #BURMA #တိုက်ပွဲ ဖြစ်နေသည့် မြ၀တီမြို့ လက်ရှိ မြင်ကွင်း”

#ယူနီဖောင်းမ၀တ်၊ လက်နက်မကိုင်ရန် ကရင်လက်နက်ကိုင် #၂ဖွဲ့ကို အစိုးရတပ် သတိပေး KIC NEWS

Untitled-1-300x187

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council)နှင့် ကလို့ထူးဘောကရင်အစည်းအရုံး(KKO)တို့အနေဖြင့် ယူနီဖောင်းဝတ်စုံနှင့်တကွ လက်နက်များကိုင်ဆောင် ကာ သွားလာခြင်းမပြုရန် မြ၀တီမြို့အခြေစိုက် အစိုးရစစ်တပ်က စက်တင်ဘာလ ၁၄ရက်နေ့တွင် တားမြစ်သတိပေးခဲ့သည်။

မြ၀တီမြို့ရှိ အစိုးရစစ်တပ် ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းက ၎င်းတားမြစ်သတိပေးစာကို KNU/KNLA PC နှင့် KKO အဖွဲ့များထံ အဓိကထားကာ ရည်ရွယ်၍ ပေးပို့ခြင်းဖြစ်ပြီး လက်ရှိ ယင်းစာကို သက်ဆိုင်ရာ ဆက်ဆံရေးရုံးများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

KNU/KNLA PC ၏ နယ်စပ်လုံခြုံရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက “သူတို့က ကျနော်တို့ကို စာပို့တာ ဟုတ်တယ်။ အဲ လိုအဖွဲ့အစည်းတွေအပေါ်မှာ ကန့်သတ်တားမြစ်တာကို လက်မခံနိုင်ဘူး။ သူတို့ တားမြစ်သလို (အစိုးရ)စစ်တပ်တွေ မြို့ထဲမှာ လက်နက်နဲ့ ယူနီဖောင်းနဲ့ မမြင်ချင်ဘူး။ ဒီကိစ္စကို တုံ့ပြန်တဲ့အနေနဲ့ ကျနော်တို့အဖွဲ့လည်း ကြေညာချက်စာ ထုတ်ပြန်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အပစ်အခတ်ရပ်စဲထားသည့် အဆိုပါ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စက်တင်ဘာလ ၁၄ရက်နေ့မှစ၍ မြို့တွင်းသွား လာရာတွင် ယူနီဖောင်းနှင့် လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရန် အပြင်းအထန် တားမြစ်ထားပြီး သွားလာမည်ဆိုပါက သက်ဆိုင်ရာ ဆက်ဆံရေးရုံးမှတဆင့် ရှေ့တန်းရုံး(မြ၀တီ)သို့ အသိပေးပြီးမှသာ သွားလာရမည်ဟု တားမြစ်စာထဲတွင် ဖော်ပြပါ ရှိသည်။

ထို့အပြင် ဖော်ပြပါ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရဌာနများ၏ ဥပဒေနှင့်အညီ လုပ်ဆောင်မှုများကို ၀င်ရောက်စွက် ဖက်ခြင်း မပြုရန်နှင့် သဘောတူညီထားသည့် ငြိမ်းချမ်းရေးမူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကိုပါ ယင်းသတိပေးစာ ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင်လည်းဖြစ်၊ KKO အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့အနေနဲ့ အစိုးရနဲ့ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေမှာ ယူနီဖောင်းကိစ္စတို့၊ လက်နက်ကိစ္စတို့က အဲလို အသေးစိတ် မပါဘူးဗျ။ အဲဒါကြောင့် လာမဲ့ စက်တင်ဘာ ၂၂ရက်နေ့ ရန်ကုန်မှာလုပ်မယ့် NCCT နဲ့ UPWC ဆွေးနွေးမှုမှာ ဒီလို တပ်ပိုင်းဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါတားမြစ်သတိပေးစာနှင့် ပတ်သက်၍ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပြီး ထိုသို့ မဟုတ်ပါက ထိပ်တိုက်ရင်ဆိုင် မှုများမှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုပါ ထိခိုက်လာနိုင်ကာ မလိုလားအပ်သည့် ကိစ္စရပ်များဖြစ်ပေါ်လာနိုင်ကြောင်း ဗိုလ် မှူးစောလုံ့လုံက ဆက်လက် ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ KNU/KNLA PC ၊ KKO လက်အောက်ခံ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA) စသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆက်ဆံရေးရုံးများ ထားရှိကာ လှုပ်ရှားသွားလာလျှက်ရှိသည်။http://www.kicnews.org/2014/09/ယူနီဖောင်းမ၀တ်၊-လက်နက်မ/

NAY MYO ZIN : ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၁၉ နှစ်မြောက် တပ်မွေးနေ့ကို တိုင်းရင်းသား တဦးVIDEO

Nay Myo Zin
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗိုလ်မှူးကြီးစောစန်းအောင် နှင့် အတူ ၁၉ နှစ်မြောက် တပ်မွေးနေ့ မှာ အမှတ်တရ
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗိုလ်မှူးကြီးစောစန်းအောင် နှင့် အတူ ၁၉ နှစ်မြောက် တပ်မွေးနေ့ မှာ အမှတ်တရ


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၁၉ နှစ်မြောက် တပ်မွေးနေ့ကို တိုင်းရင်းသား တဦး အနေနဲ့ရော မြန်မာ့လူမှု ဘ၀ တိုးတက်မြင့်မားရေးကို ကြိုးပမ်းနေတဲ့ လူမှု နိုင်ငံရေး သမား တဦး အနေနဲ့ပါ လေးနက်သော ရည်မှန်းချက်များနဲ့ သွားတက်ခဲ့ပါတယ်။
တပ်မွေးနေ့ကျင်းပရာ ဆုံဆည်းမြိုင် ဒေသ ဟာ မြ၀တီ ခရိုင် ၀ယ်လေ မြို့နယ်သို့ အသွား အတော့်ကို လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ဒေသဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ် ဟိုဘက် သည်ဘက် သောင်ရင်းမြစ်ငယ်သာ ခြားပြီး ဖွံ့ဖြိုးတိုက်တက်မှု အရတော့ အတော့်ကို နောက်ကျကျန်နေခဲ့တဲ့ ကရင်တိုင်းရင်းသားတို့ ဒေသဖြစ်ပါတယ်။
မွေးနေ့ မတိုင်မှီ ညဘက် အခမ်းနားမှာ တက်ရောက်လာသူထဲမှ အချို့ကို ဟောပြောခွင့်ပေးရာမှာ ကျနော်က လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အနာဂတ် ပြည်ထောင်စု ဆိုတာလေးကို အကျဉ်းမျှ တင်ပြဟောပြောခွင့် ရခဲ့ပါတယ်။

အခု ဖိုင်လ် လေးက တော့ မွေးနေ့မှ အပြန် လမ်းခုလတ် လွင်တီးခေါင် လမ်းကြမ်းကြမ်းမှာ ပြန်လိုက်ပို့ပေးတဲ့ တပ်ဖွဲ့ပိုင် ကားအကောင်းစားကြီး ခဲလုံးထိမှန် လို့ ထင်ပါရဲ့ ရေတိုင်ကီ ပေါက်သွားပြီး အင်ဂျင်ရပ်သွားတာနဲ့ နောက်ကား ကြုံကို စောင့်နေတုန်း အခိုက် အတန့်မှာ ရိုက်ကူးမှတ်တမ်းတင်လာတဲ့ ကျနော်ရဲ့ ခံစားမိသော အတွေးစိတ်ကူးလေးတွေဖြစ်ပါတယ်။