!! #ဦးစိုးမြင့်ထွန်း #NLD #အလှပြ လှုံ့ဆော်ရေး #ရုပ်တရက်ကွယ်လွန်သွားကြောင်း

တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း
ရုတ်တရက်ကွယ်လွန် စစ်ကိုင်းတိုင်းဒေသကြီး
မြင်းမူမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် ၁
ဦးစိုးမြင့်ထွန်း NLD အလှပြ လှုံ့ဆော်ရေး
ယဉ်ပေါ်၌သီချင်းသီဆိုဖျော်ဖြေရင်း
ရုပ်တရက်ကွယ်လွန်သွားကြောင်း
မဲဆန္ဒနယ်မိဘပြည်သူများအား
ဝမ်းနည်းကြေကွဲစွာဖြင့် မကောင်းသတင်း
ပါးလိုက်ရပါသည်။
Credit . Minthet kha

12187729_812864028840096_8972343127156344579_n

12189567_812864058840093_2092446662161210894_n

11168149_812864088840090_1290823290675809553_n

“မြင်းမူမြို့နယ် ဒီချုပ်အမတ်လောင်းတစ်ဦး မဲဆွယ်နေစဉ် နှလုံးရောဂါကြောင့် ရုတ်တရက်ကွယ်လွန်”

မြင်းမူမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်းဦးစိုးမြင့်သည့် နိုဝင်ဘာလ၆ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်ခန့် တွင်မြင်းမူမြို့ ဈေးဒေါင့်တွင် မဲဆွယ်စည်းရုံးနေ စဉ်နှလုံးရောဂါကြောင့်ရုတ်တရက်ကွယ်လွန်သွား ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ သိရသည်။

မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မဲဆန္ဒနယ်
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သည် ကွယ်လွန်ချိန်တွင် အသက်
၅၃နှစ်အရွယ် ရှိကြောင်း သိရှိရသည်။
“ဒီနေ့(နိုဝင်ဘာ၆ရက်) ၁၂နာရီခန့်က ဦးစိုးမြင့်ကွယ်လွန်သွား တာပါ။ မြင်းမူမြို့ပေါ် ဈေးဒေါင့်မှာမဲဆွယ်စည်းရုံးရေးလုပ်နေ ရင်း နှလုံးရောဂါနဲ့ ကွယ်လွန် သွားတာပါ။ဆေးရုံမှာ ရင်ခွဲစစ်ဆေးချက် အရ နှလုံးမှာ အဆီဖုံးနေတာလည်း တွေ့ရပါတယ်။”ဟုမြင်းမူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးစိုးစံသက်ထွန်းက ပြောသည်။