တောင်ကြီးမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
တောင်ကြီး အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အောက်တိုဘာ ၂၅ ရက် ည (၈)နာရီ (၂၀)မိနစ်ခန့်အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ လမ်းမတော်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကိုက်( ၁၅၀ ) ခန့်အကွာ၊ အမှတ်(၁) ရဲစခန်းနှင့် ကမ္ဘောဇဘဏ်ကြားတွင် ရပ်ထားလျက်ရှိသည့်ကားတစ်စီး ဗုံးပေါက်ကွဲ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိ အခြားမော်တော်ယာဉ်တစ်စီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည့်အပြင် ပြည်သူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စစ်စံထွန်း ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း သိရှိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အိုက်ဆေး အသက်(၃၀)နှစ် ယာဘက်မျက်ခုံးရှေ့တစ်လုံးပေါက်ပြဲ ၊ ဦးဥာဏ် ထွန်းလင်း(၄၈)နှစ် ဘုရားဖူးဧည့်သည် ရန်ကုန်မြို့ ခြေသလုံးဘယ်ညာထိခိုက်ဒဏ်ရာရ ၊ ဇင်မောင်(၂၁)နှစ် ခြေသ လုံးထိခိုက်ဒဏ်ရာရ၊ ကိုငယ်(၂၁)နှစ် မိတ္ထိလာမြို့ ခြေဖမိုးထိခိုက်ဒဏ်ရာရ၊ ချစ်ဇွဲ(၁၅)နှစ်၊ ညောင်ရွှေမြို့ ၊ ဘယ် ခြေဖမိုး ထိခိုက်ဒဏ်ရာရရှိတို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခြင်း၊ လူနာများအားဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ရောက်ရှိလာပြီး ဖြစ်စဉ်များကို အသေးစိတ်စိစစ်ကာ ပြည်သူ များ အသက်အန္တရာယ် လုံခြုံရေးနှင့်ပတ်သက်၍ အသေးစိတ်စီမံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်အောင်က ပြောကြားရာတွင် လက်ပစ်ဗုံးဖြစ်ပြီး သက်သေခံသံကြိုး သံစများရရှိထားကြောင်း၊ လက်ပစ်ဗုံးသည် ထောင်စရာမလိုဘဲ ပစ်ချခဲ့၍ (၄)စက္ကန့်အတွင်း ပေါက်ကွဲနိုင်ကြောင်း၊ ထောင်မိုင်းမဟုတ်ကြောင်းနှင့် လက်ပစ်ဗုံးပေါက်ကွဲပါက ကားဓါတ်ဆီတိုင်ကီကို တိုက်ရိုက်ထိခိုက်ပြီး မီးလောင် ပေါက်ကွဲမှုတစ် ခုဖြစ်ပွားအောင် ရည်ရွယ်၍ ပြုလုပ်ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ တောင်ကြီး အောက်တိုဘာ ၂၅ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အောက်တိုဘာ ၂၅ ရက် ည (၈)နာရီ (၂၀)မိနစ်ခန့်အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ လမ်းမတော်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကိုက်( ၁၅၀ ) ခန့်အကွာ၊ အမှတ်(၁) ရဲစခန်းနှင့် ကမ္ဘောဇဘဏ်ကြားတွင် ရပ်ထားလျက်ရှိသည့်ကားတစ်စီး ဗုံးပေါက်ကွဲ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိ အခြားမော်တော်ယာဉ်တစ်စီး အနည်းငယ်ထိခိုက်ပျက်စီးခဲ့သည့်အပြင် ပြည်သူ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် စစ်စံထွန်း ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြာင်း သိရှိရသည်။ အဆိုပါဖြစ်စဉ် ဖြစ်လျှင်ဖြစ်ချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခြင်း၊ လူနာများအားဆေးရုံသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ရောက်ရှိလာပြီး ဖြစ်စဉ်များကို အသေးစိတ်စိစစ်ကာ ပြည်သူ များ အသက်အန္တရာယ် လုံခြုံရေးနှင့်ပတ်သက်၍ အသေးစိတ်စီမံ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြည်နယ်ပြန်/ဆက် MOI
Breaking News +++++++++++++++++++++++ တောင်ကြီး၊ အောက်တိုဘာ ၂၅ ။ ။ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း မြို့မရဲစခန်း နှင့် အောင်အောင်စတိုးအနီးတွင် ယနေ့ ည၈နာရီ၂၀ခန့် က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ကား (၄) စီး ၊ ဆိုင်ကယ် (၂) စီး နှင့် လူ (၃) ဦး ထိခိုက် ဒဏ် ရာရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မှ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ #Democracytoday Photo Caption :: ပေါက်ကွဲ မှု ဖြစ်စဉ်ကြောင့် တာဝန်ရှိသူများ ရှင်း လင်းရေးဆောင်ရွက်နေ မှု မြင်ကွင်းများ။ Source :: UptodateChannel
တာင်ကြီးပေါက်ကွဲမှု ၃ ဦး ဒဏ်ရာရ ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့မ ရဲစခန်းတိုက်တန်းရှေ့တွင် ဖြစ်ပွားသော ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၃ ဦးဒဏ်ရာရရှိပြီး စပ်စံထွန်းဆေးရုံသို့တင်ပို့ထားကြောင်းသိရှိရသည်။ ပေါက်ကွဲမှုဖြစ်ပွားသောကားကို ကရိန်းဖြင့်သယ်ဆောင်သွားပြီဖြစ်သည်။ cr.Irrawaddy
အောက်တိုဘာ ၂၅ ရက် (ယနေ့) ည ၈ နာရီ ၂၀ မိနစ် အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့လယ် ရဲစခန်းရှေ့တွင် ဗုံးဟုယူဆရသောအရာတစ်ခု ပေါက်ကွဲခဲ့ရာ ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ပြီး အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ – ခွန်စည်သာ(တောင်ကြီး)
You must be logged in to post a comment.