ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ
အကြမ်းဖက် တိုက်ခိုက်ခံရသော ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်
ကိုနိုင်ငံလင်းနှင့်အဖွဲ့အား လာရောက်ကြည့်ရှု့ သတင်းမေးပြီး
ဆေးရုံရှိ အခြားလူနာများကိုလဲ တွေ့ဆုံအားပေး
Credits: Thiha Min Wai
သာကေတမြို့နယ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဓားခုတ်ခံရ
သာကေတမြို့နယ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် အလှပြယာဉ်ဖြင့် လှည့်လည်ဖျော်ဖြေနေစဉ် အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်လံခုတ်မှုကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းနှင့် ပါတီဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝေဖြိုးအောင်က ပြောကြားသည်။ ယင်းကဲ့သို့ ဓါးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဦးနိုင်ငံလင်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အခြား ဒဏ်ရာရရှိသော ပါတီဝင်များနှင့်အတူ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသမှုခံယူနေကြောင်း ထပ်မံသိရှိရသည်။ “ကျွန်မမျက်စိရှေ့မှာတော့ ကိုနိုင်ငံလင်းက အဲ့ဒီလူကို ၀င်တားတယ်။ နှစ်ယောက်စလုံး လုံးသွားတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကိုနိုင်ငံလင်း ခေါင်းထိသွားလို့ ဆေးရုံကြီး ရောက်သွားတယ်လို့ သိရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ ဒေါ်သက်ထားနွယ်ဝင်းက အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။ သာကေတမြို့နယ်၊ မန်ပြေရပ်ကွက်၊ (၈)လမ်းထိပ်တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးနိုင်ငံလင်းအပြင် အလှပြယာဉ် အဖွဲ့ခေါင်းဆောင် NLD ပါတီဝင် ကိုနီနှင့် ဒေါ်သက်ထားနွယ်ဝင်း၏ campaign မန်နေဂျာ NLD ပါတီဝင် မသန္တာမော်တို့ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။ အဆိုပါ အလှပြယာဉ်နှင့်အတူ သာကေတမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၁) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (၂) မှ ဒေါ်သက်ထားနွယ်ဝင်း တို့နှင့်အတူ ပါတီဝင်များ လိုက်ပါလာခဲ့ကြောင်း သိရသည်။ အလှပြယာဉ် ဖျော်ဖြေနေစဉ် မန်ပြေရပ်ကွက် အရောက်တွင် အရက်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦး ထွက်လာပြီး အလှပြယာဉ်နှင့်အတူ လိုက်ပါလာသူများအား လက်သီးဖြင့် လိုက်ထိုးကြောင်း၊ ယင်းနောက် ပါတီဝင်များက ဖြန်ဖျေခဲ့ရာ အဆိုပါ အမျိုးသားသည် သူ၏အိမ်သို့ ပြန်သွားပြီး ငှက်ကြီးတောင်ဓားဖြင့် အလှပြယာဉ် ဖျော်ဖြေသည့် နေရာသို့ ပြန်လည် ရောက်ရှိလာကြောင်း၊ ယင်းနောက် ဓားဖြင့် လိုက်လံခုတ်သဖြင့် ဦးနိုင်ငံလင်းနှင့်အတူ ပါတီဝင်အချို့က တားဆီးခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်၏ ပြောကြားချက်အရ သိရသည်။ ဓားကိုင်ဆောင်၍ တိုက်ခိုက်သူအပြင် လက်ဗလာဖြင့် အမျိုးသားသုံးဦးပါ ထပ်မံရောက်ရှိလာပြီး ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း NLD ပါတီဝင် ကိုအောင်ကျော်က ထပ်မံပြောကြားခဲ့သည်။ အဆိုပါ ကျူးလွန်သူများအနက် နှစ်ဦးကို သာကေတမြို့မ ရဲစခန်းမှ ဖမ်းဆီးရမိကြောင်းနှင့် စစ်ဆေးနေဆဲ ဖြစ်ကြောင်း လက်တလော သိရှိရသည်။ (ဓာတ်ပုံ – ထက်ရှိုင်း) Website တွင် ဖတ်ရှုရန် >>>>>http://news-eleven.com/local/သာ%E2%80%8Bကေတ%E1%81%BFမိ%E1%80%B3%E1%82%95နယ်%E2%80%8Bအတ%E1%80%BCင်%E2%80%8Bး-nld-လ%E1%82%8Aတ်%E2%80%8B%E2%80%8Bတော်%E2%80%8Bကိုယ်%E2%80%8Bစားလ%E1%80%BDယ်%E2%80%8B%E2%80%8Bလောင်%E2%80%8Bး-ဦး%E1%82%8Fိုင်%E2%80%8Bငံလင်%E2%80%8Bး%E1%82%8F%E1%80%BDင်%E2%80%8B့-ပ%E1%80%ABတီဝင် PHOTO CR.Than Zaw သာကေတမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်းအား ဓားဖြင့်ခုတ်သူ မာန်ပြေ ၈ လမ်းအနောက်မှ ဦးဝင်းအောင်ရဲ့သား ဇော်လတ် ဆိုသူပါ လက်မောင်းမှာအရုပ်ထိုးထားတယ်
You must be logged in to post a comment.