နိုင်ငံသားမဟုတ်သူများ ပါတီထူထောင်ခွင့်နှင့် မေးပေးပိုင်ခွင့်ကို ဖျက်သိမ်းပေးရန် RNDP ပါတီတောင်းဆို
=============(Arakan Times-မိုးဇော်-သတင်း)=====
မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားမဟုတ်သူများအား ပါတီထူထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် ဆန္ဒမေးပေးပိုင်ခွင့် ရရှိနေခြင်းကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)မှ မေလ ၂၇ ရက်နေ့က အမ်းမြို့တွင်ကျင်းပသော ပထမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးမှ တောင်းဆိုလိုက်သည်။
အဆိုပါ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးကို မေလ (၂၇)မှ (၂၉)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပကာ အချက်(၆)ချက်ပါသော ၁/၂၀၁၃ သဘောထား ထုပြန်ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက် အပုဒ်(၂)တွင် ပါရှိသည့် ယာယီသက်သေခံကပ် ကိုင်ဆောင်၍ ပါတီထူထောင်ခွင့်နှင့် မဲပေးပိုင်ခွင့်ကို ပယ်ဖျက်ပေးရေး ကိစ္စနှင့် ပါတ်သက်၍ RNDP ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုက အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။
“၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီမှာ ဘူးသီးတောင်၊ မောင်တော ဘက်ကတက်တဲ့ လွှတ်တော် အမတ်တွေဟာ နိုင်ငံသားမဟုတ်၊ သူတို့ မိဘတွေကလည်း နိုင်ငံသားမဟုတ်ဆိုတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်စာရင်း အမည်ပေးရပါတယ်။ စာရင်းလည်းသွင်းပြီးရော ဒီလူတွေဟာ နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာတဲ့ လူတွေမဟုတ်ဆိုတာကို ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ မောင်တောမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေက လက်မှတ်ထိုးပြီးတော့ စာတင်ခဲ့ကြတယ်။ ကျနော်တို့ ယင်းဒေသက ကိုယ်မရှင်နှင့် ခရိုင်ကော်မရှင်ကပါ
ကန့်ကွက်ခဲ့ပါတယ်။ ဒါတောင်မကလို့ ပြည်နယ် ကော်မရှင်ကလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သို့သော် ပြည်ထောင်စု ကော်မရှင်က ဒီကိစ္စကို ဘာတစ်ခုမှ အဖြေမပေးခဲ့ဘဲနဲ့ ဗဟိုရဲ့ အမိန့်နဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် အမည်သွင်းခွင့်ကို ခွင့်ပြုလိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ကျနော်တို့က လုံးဝပယ်ဖျက်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ ” ပြောသည်။
ဤ မျက်နာစုံညီ အစည်းအဝေးမှ မေလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေငြာချက်မှာ “ RNDP ပါတီနှင့် ALD ပါတီတို့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောက်ရွက်ရေး၊ တရားမဝင်နိုင်ငံသားမဟုတ်သူ ဘင်္ဂလီများမှာ အစိုးရ၏ လုပ်ငန်းလိုင်စင်များကို ဆွဲယူခွင့်နှင့် မြေယာလုပ်ပိုင်ခွင့်များ ရရှိနေခြင်းကို အမြန်ဆုံးပယ်ဖျက်ပေးရေး၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ဒေသခံများမှာ စီမံကိန်းကြောင်း ဆုံးရှုံးနစ်နာမှုများ မရှိရအောင် အခိုင်အမာ ရပ်တည်ကာကွယ်ပေးရေး၊ ရွှေသဘာဝဓါတ်ငွေ့ကို ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲခွင့်ရရှိရေး၊ ပြည်ထောင်စု ကော်မရှင်မှ အကြံပြုတောင်းဆိုထားသည့် အချိုးကျကိုယ်စားလှယ်ပြု စနစ်(PR) ဖြင့် ပြောင်းလဲကျင့်သုံးခြင်းကို လုံးဝကန့်ကွက်ရေး။ ” ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည်။
( Ann, 1 June 2013) : A three day long annual central committee meeting of Rakhine National Development Party (RNDP), which won 34 Parliamentary seats in 2010 general election in Burma, concluded Wednesday with a charter of demands with six points.
The RNDP elaborated 6 points of demands in its statement issued on 29 May just after the central committee meeting was concluded. The demands include a) to hold a discuss meeting between RNDP and Arakan League for Democracy (ALD) immediately to merge a solo largest political party of Arakan; b) to abolish the rights of establishing political party, voting and candidate rights by none citizens who hold temporary National ID cards; c) to abolish the rights for illegal migrants from government auction, owner rights of land, d) to protect the people in Mrdae island from the affect of their livelihoods by gas and oil project ; e) to try electricity in the whole Arakan state by Shwe Gas with cheap price; f) to oppose the RP electoral system. Continue reading “The RNDP elaborated 6 points of demands in its statement issued on 29 May-burmese/english”
You must be logged in to post a comment.