MYANMAR BURMA : ALD စစ်တွေတွင် လူထု တွေ့ဆုံ ဟောပြောပွဲ ပြုလုပ်

ALD စစ်တွေတွင် လူထု တွေ့ဆုံ ဟောပြောပွဲ ပြုလုပ်

(နိရဉ္စရာ- ၂၇ နိုဝင်္ဘာ ၂၀၁၃) / ကိုစောထွန်း (စစ်တွေ)

ALD (ဗဟို)မှ ကြီးမှူး ကျင်းပသော စစ်တွေမြို့ လူထု တွေ့ဆုံ ဟောပြောပွဲကို နိုဝင်္ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းတွေ့ဆုံ ဟောပြောပွဲကို စစ်တွေမြို့ River Village (RV)ခန်းမဆောင်တွင် ပြုလုပ်ရာ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ယင်းဟောပြောပွဲတွင် ALD ဥက္ကဌ ဦးအေးသာအောင်မှ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် အနာဂတ် ရခိုင်နိုင်ငံရေးအလားအလာများကို အလေးပေး ဟောပြောခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဖဆပလ ခေတ်ကလည်း တွဲရေး- ခွဲရေးကိစ္စ၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊ မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ရန်(သို့) ပြန်လည်ရေးဆွဲနိုင်ရန် ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းက အကျယ်တဝင့် ပြောကြားသည်ဟု ဆိုသည်။

ယင်းပြင်သူက ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်မည်ဆိုလျှင် လွတ်တော် ထဲမှာ မပြင်ဘဲ လွှတ်တော်ပြင်ပတွင် ပြင်ဆင်ခြင်းကို ပို၍ သဘောကျကြောင်း၊ လွတ်တော်ထဲမှာ ပြင်ဆင်မည်ဆိုပါကလည်း သူ့အနေဖြင့် မကန့်ကွက်ကြောင်း၊ တိုင်းပြည်ကောင်းရေး အတွက် ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဆင်ရန်လိုကြောင်း ယင်းက ပြောကြားသည်။

ယင်းအခမ်းအနားသို့ စစ်တွေမြို့မှ ဖိတ်ကြားထားသော ဧည့်သည်များ၊ ပါတီ၏ မြို့နယ် ကော်မတီဝင်များ၊ စစ်တွေမြို့မှ ရဟန်းတော်များ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ မြို့လူထုများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြသည်။

ထိုအပြင် ဗဟိုအလုပ်အမှုဆောင်များမှ ဦးလှမြင့်ကလည်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်သော အကြောင်းအရာများ ရှင်းလင်းပြောကြားသလို ဗဟို အလုပ်မှုဆောင် ကော်မီတီဝင် ဦးကျော်ထွန်းအောင် မှလည်း ရက္ခိုင် သမိုင်းဆိုင်ရာများနှင့် လက်ရှိ ရက္ခိုင်ပြည်သူ/သားတို့၏ ဘဝ အခြေအနေ များကို ရှင်းလင်း ပြောကြားခဲ့သည်။

တက်ရောက်လာသူများမှ မေးခွန်းများအား အမေးအဖြေ ပြုလုပ်ကြပြီး နေလယ် တစ်နာရီခွဲမှ စတင်ခဲ့သော အခမ်းအနားကို ညနေ (၄း၀၀)နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်ဟု သိရသည်။

ALD သည် နောက်ရခိုင်ပါတီကြီး တစ်ခု ဖြစ်သော RNDP နှင့် တပါတီအဖြစ် Arakan National Party အမည်ဖြင့် ပေါင်းစည်းထားပြီး ရွှေးကောက်ပွဲကော်မရှင်တွင် ၎င်းပါတီသစ်အား မှတ်ပုံတင်ခွင့်ရရန် လျှောက်ထားကြောင်း သိရသည်။
safe_image.php
http://www.narinjara.com/burmese/?p=7992

RNDP & ALD JOIN as a Leading National Party to protect… video

 

RNDP

RNDP and Arakan League for Democracy (ALD) immediately to merge a solo largest political party of Arakan; b) to abolish the rights of establishing political party, voting and candidate rights by none citizens who hold temporary National ID cards; c)  to abolish the rights for  illegal migrants from government auction, owner rights of land, d) to protect the people in Mrdae island from the affect of their livelihoods by gas and oil project ; e) to try electricity in the whole Arakan state by Shwe Gas with cheap price; f) to oppose the RP electoral system.

 

အမျိုးသားရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နဲ့ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ပူးပေါင်းလိုက်ပြီလို့ အောက်တိုဘာ ၅ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ကိုမှတ်ပုံတင်တော့မည်၊ ရခိုင်နှစ်ပါတီခေါင်းဆောင်များက သံတွဲ၌ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ရခိုင်တို့အား ခြွင်းချက်မရှိချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆို။

credit share arakan news

ရခိုင်အမျိုးသားပါတီ(ANP)ကိုမှတ်ပုံတင်တော့မည်၊
ရခိုင်နှစ်ပါတီခေါင်းဆောင်များက သံတွဲ၌ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ရခိုင်တို့အား ခြွင်းချက်မရှိချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆို။
===========
အောက်တိုဘာ ၅ရက်နေ့က ရန်ကုန်မြို့၊၇မိုင်ခွဲရှိ Café 47 ခန်းမတွင်ကျင်းပသော RNDP နှင့် ALD ခေါင်းဆောင်များ၏ပထမနေ့တွေ့ဆုံဆွေးနွေးပွဲမှ မကြာမီရက်အတွင်း ရခိုင်နှစ်ပါတီပေါင်းစည်းသည့် ရခိုင်အမျိုးသားပါတီ Arakan National Party (ANP)ကို လာမည့်ရက်ပိုင်းအတွင်း ကော်မရှင်၌ မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့သည်။

ပထမနေ့ဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဦးအေးသာအောင်(ALDဥက္ကဋ္ဌ)နှင့် ဒေါက်တာအေးမောင်(RNDPဥက္ကဋ္ဌ) တို့က “သံတွဲ၌ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ရခိုင်တို့ကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရန်” အစိုးရအား အလေးအနက် တောင်းဆိုခဲ့ကြသည်။

ပထမနေ့ဆွေးနွေးပွဲသို့ ပါတီတစ်ခုစီမှ CEC ၁၅ဦးစီ ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်စုစုပေါင်း ၃၀တို့ စုံညီစွာတက်ရောက်ခဲ့ကြသည်။၊ဒုတိယနေ့တွေ့ဆုံပွဲကိုလည်း မနက်ဖြန်(အောက်တိုဘာ၆ရက်) နေ့လည်၁နာရီတွင် တိုနေရာ၌ပင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး၊ ANPအတွက် ဖွဲ့စည်းပုံနှင့် အခြားလိုအပ်ချက်များကို ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

Thein Hlaing

1383096_589957217727422_1698884470_n

AWAITING ARAKAN NATIONAL PARTY, PROCESS PROGRESSES

ALD-RNDP-1

 

NARINJARA NEWS

(Sitttwe, 17 September 2013): The process of combining two influential Arakanese political parties is going on in full swing.  Recently both the parties namely Arakan League for Democracy (ALD) and  Rakhine Nationalities Development Party (RNDP) have sent the list of their representatives to the combination  committee for further course of actions, said the leaders from both the parties.

U San Kyaw Hla, a central committee member of RNDP informed that their party had sent the list of 15 delegates to the combination committee as well as to the ALD central committee following their central committee meeting.

The RNDP had selected the  15 member delegation in their central committee meeting held on 7 and 8 September 2013. The list of RNDP delegates include some influential leaders like Dr Aye Maung (president of RNDP), U U Hla Soe (general secretary), U Khaing Pray Soe (member of secretary board) etc.

Similarly, the ALD had also prepared the list of 15 member delegation to submit to the combination committee and also the RNDP central committee.

U Kyaw Myint, vice president of ALD, said that their party hold the central committee meeting at Kyauk Pru, a gas-rich town of Arakan on 16 & 17 August to select the 15 member delegation. Later they arrived at RNDP head office in Sittwe on 25 August to meet their counterparts.

The list of ALD delegates include prominent leaders like  U Aye Tha Aung, U Kyaw Myint, U Tun Kyaw, U Myo Kyaw, U Hla Myint, U Tun Shwe Thein etc.

The ALD and RNDP have already decided to merge in a solo political entity named Arakan National Party (ANP) with 30 central committee members.

According to the party sources, leaders from both ALD and RNDP will now meet on 22 or 23 September in Sittwe to discuss about the process of registration for the ANP with the Burma Election Commission.

Soon after the registration process of the ANP  is over with the country’s election commission, the ALD and RNDP are expected to demolish their respective parties according to the constitutional provisions.

RAKHINE STRAIGHT VIEW: ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ၅၈၃-နှစ်မြောက် “ရခိုင်အမျိုးသားနေ့” ကို စစ်တွေတွင်ကျင်းပ

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ၅၈၃-နှစ်မြောက် “ရခိုင်အမျိုးသားနေ့” ကို
စစ်တွေတွင်ကျင်းပ
=================စစ်တွေ၊ စက်တင်ဘာ-၆

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏၅၈၃-နှစ်မြောက်“ရခိုင်အမျိုးသားနေ့”ကို စက်တင်ဘာလ၅ရက်နေ့က စစ်တွေမြို့ရှိအဖွဲ့ချုပ်ရုံး၌ကျင်းပခဲ့ကြောင်း ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးကျော်ထွန်းအောင်က ပြောကြား သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏အမျိုးသားနေ့ဆိုင်ရာသတ်မှတ်ချက်အရ
ရခိုင်သမိုင်းပညာရှင်ဦးဦးသာထွန်းအဆိုပြုခဲ့ သော ရခိုင်ဘုရင်
မင်းစောမွန်မြောက်ဦးမြို့ကိုပန္နက်ချခဲ့သည့်(တော်သလင်းလဆန်း၁ရက်နေ့)ကိုရွေးချယ်၍ ကျင်းပရခြင်းဖြစ်သည်ဟု ဦးကျော်ထွန်းအောင် ကဆိုသည်။

ALD၏ ရခိုင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ဦးကျော်ထွန်းအောင်က RSVကိုအခုလိုပြောဆိုသည်။
“ဘုရင်မင်းစောမွန်ဟာရခိုင်ပြည်နဲ့ရခိုင်လူမျိုးအတွက်သူ့အသက်ကစတေး
ပြီးတော့ရခိုင် သက္ကရာဇ်၇၉၂ခုနှစ်၊
တော်သလင်းလဆန်း(၁)ရက်နေ့မှာမြောက်ဦးကိုတည်ခဲ့တယ်။သူတည်ခဲ့တဲ့နေ့ကပင်နှစ်ပေါင်း ၅၈၂နှစ်ကြတဲ့ ဒီကနေ့အထိ အန္တရာယ်အမျိုးမျိုးကြားကမြောက်ဦးဟာတည်တံ့နေပြီးတော့၊ ရခိုင်လူမျိုး ဟာလည်း ရှင်သန် နေခဲ့တယ်။
ဒီလိုအသက်နဲ့ရင်းပြီးဆောင်ကျဉ်းပေးခဲ့တဲ့အောင်မြင်မှုကိုဂုဏ်ပြု သော
အားဖြင့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်က ၁၉၈၉-ခုနှစ်ကပင်
ဆရာကြီးဦးဦးသာထွန်းအဆိုပြုချက်အပေါ် ပါတီခေါင်း ဆောင်တွေရဲ့
သဘောတူညီချက်အရ ဒီနေ့ကို “ရခိုင်အမျိုးသားနေ့”အဖြစ် သတ်မှတ်ခဲ့ကြတယ်”ဟုပြောကြားခဲ့ပါသည်။

ထိုစဉ်ကစစ်အာဏာရှင်တို့ကတစ်ဖက်သတ်ပါတီကိုဖျက်သိမ်းခဲ့အပြီး၊ရခိုင်အမျိုးသားနေ့ကိုပြည်သူလူထုကြားမှာချပြ၍တစ်မျိုးသားလုံး၏အတည်ပြုချက်ကိုရယူနိုင်ခြင်းမရှိခဲ့သော်လည်းရခိုင်ပြည်သူ
လူထုတစ်ရပ်လုံးလက်ခံ ကျင်းပလာစေရန်ကြိုးပမ်းသွားမည်ဟလည်ုး ၄င်းက ဆိုသည်။

အခြားတစ်ဖက်၌ဖေဖော်ဝါရီလ၂၈ရက်နေ့ကစစ်တွေမြို့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)ရုံး၌
ပြည်နယ်ဝန်ကြီးသုံးဦးတက်ရောက်သည့် အစည်းအဝေးမှ “ရခိုင်အမျိုးသားနေ့ရွေးချယ် သတ်မှတ်ရေး
ကော်မတီ”တစ်ရပ်ကိုရခိုင်ရေးရာကျွမ်းကျင်သူပညာရှင်၁၅ဦးဖြင့်ဖွဲ့စည်း ခဲ့ကြပြီး၊၆လအတွင်းရခိုင်အမျိုးသားနေ့ကိုမဖြစ်မနေသတ်မှတ်
သွားမည်ဟု အဆိုပါကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ရခိုင်ပါတီနှစ်ခုတစ်ပါတီအဖြစ်ပေါင်းစည်း ရေးကိုဇောင်းပေးနေရ၍
ရခိုင်တိုင်းရင်းသား တို့အတွက် အရေးကြီးလှသော“အမျိုးသားနေ့”ကိစ္စအား
ယာယီအားဖြင့် ဆိုင်းငံ့ထားရသည်ဟု ကော်မတီ ဥက္ကဋ္ဌဖြစ်သူ
ဒေါက်တာတင်အောင်၏ပြောကြားကို စက်တင်ဘာလ၃ရက်နေ့ထုတ်မဇ္ဈိမသတင်းစာ၌ကိုးကားဖော်ပြခဲ့သည်။

ALD၏လက်ရှိ ကျင်းပနေသောအမျိုးသားနေ့နှင့် ရခိုင်အမျိုးသားနေ့ ရွေးချယ်
သတ်မှတ်ရေး ကော်မတီက သတ်မှတ်မည့်အမျိုးသားနေ့အကြားတွင်
အများပြည်သူအထင်အမြင်လွဲမှားကာ ၀ိဝါဒများကွဲပြားလာနိုင်၍ ဤကိစ္စနှင့်
ပတ်သက်၍ ALDဗဟိုအလုပ်အမှုဆောင်နောက်တစ်ဦးဖြစ်သူ
ဦးလှမြင့်၏အမြင်ကိုRSVမှမေးမြန်းရာသူကအခုလိုပြန်လည်ဖြေကြားခဲ့
သည်။

“ကျနော်တို့ပါတီကျင်းပနေတဲ့ Arakan National Dayဟာ
လွန်ခဲ့တဲ့၂၅နှစ်လောက်က ပါတီခေါင်းဆောင် တွေရဲ့ သဘောတူ သတ်မှတ်ချက်နဲ့အညီဆက်လက်ကျင်းပနေတာဖြစ်ပါတယ်။ အမျိုးသားနေ့ဆိုတာ တစ်မျိုးသားလုံးနဲ့သက်ဆိုင်နေတာမို့
ပါတီတစ်ခုတည်းရဲ့ဆုံးဖြတ်ချက်နဲ့လုပ်နေလို့လည်းမရပါဘူး။ ဒါပေမဲ့
ရခိုင်မှာ ဒီနေ့ထိ တစ်မျိုးသားလုံး လက်ခံထားတဲ့ နေ့မရှိသေးဘူး။
ရခိုင်သမိုင်းပညာရှင်တွေအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး လက်ခံတဲ့
အမျိုးသားနေ့ပေါ်ထွန်းလာရင်တော့ ကျနော်တို့ပါတီကလည်းအဲဒီနေ့ကို
ပြည်သူနဲ့တသားတည်း အသိအမှတ်ပြုလက်ခံပေးဖို့အသင့်ပါပဲ။”

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)အတွင်းရေးမှူး
ဦးခိုင်ပြည်စိုး က လည်း “မိမိတို့ပါတီအနေဖြင့်
ရခိုင်အမျိုးသားနေ့ကိုကြိုတင် သတ်မှတ် ထားခြင်းမျိုးမပြုဘဲ၊
ရဟန်းရှင်လူ၊ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအရ သာလျှင် လုပ်ဆောင် သွားမည်” ဟုပြောကြားခဲ့သည်။

ဖေဖော်ဝါရီ၂၈မှာဖွဲ့စည်းခဲ့သော ရခိုင်အမျိုးသားနေ့ ရွေးချယ်
သတ်မှတ်ရေးကော်မတီအနေဖြင့် “ပြည်တွင်း
ပြည်ပရခိုင်လူမျိုးတို့မှသတ်မှတ်သင့်သည့်အမျိုးသားနေ့အဆိုပြုလွှာများကိုလက်ခံခြင်း”အပါအ၀င်ချမှတ်ထား သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိနေပြီး၊
ရခိုင်ပြည်သူလူထုသို့ ကော်မတီမှ ကြေညာချက် တစ်စောင်ကိုလည်း
မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟုသိရသည်။

ကော်မတီ၏ဆုံးဖြတ်ချက်အရအဆိုပြုလိုသည့်နေ့ကိုရွေးချယ်ရာတွင်“ရာသီဥတုသာယာကောင်းမွန်သည့်နေ့နှင့်
အောင်ပွဲခံနေ့ဖြစ်ရမည်”ဟူသောအခြေခံအချက်များလည်းပါဝင်ကြောင်း“ရခိုင်အမျိုးသားနေ့ရွေးချယ်
သတ်မှတ် ရေး ကော်မတီ”၏ ထုတ်ပြန်ချက်တစ်ရပ်တွင်ဖော်ပြထားသည်။

ကြာသပတေးနေ့ကကျင်းပသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ၅၈၃-နှစ်မြောက်ရခိုင်အမျိုးသားနေ့အခမ်းအနားသို့ ပါတီဝင် ၁၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြပြီး၊
၎င်းတို့၏ ပါတီမှရွေးချယ်သတ်မှတ်သည့် “အောင်နီ၊ အောင်ဖြူနှင့်
န၀ရူပဗျာလ္လ” ရုပ်ပုံပါ အမျိုးသားအလံကိုလွှင့်ထူခြင်း၊
ရခိုင်သမိုင်းနှင့်ရခိုင်အမျိုးသားနေ့ အကြောင်းများကို
အကျယ်တ၀င့်ဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။

1240608_212579505532881_445257493_n
37052_212694338854731_554311744_n

ANP ပါတီ ဖွဲ့စည်းပုံအတွက် ALD ကိုယ်စားလှယ်အဖွဲ့ စစ်တွေသို့ထွက်ခွာ-ARAKAN TIMES

ANP ပါတီ ဖွဲ့စည်းပုံအတွက် ALD ကိုယ်စားလှယ်အဖွဲ့ စစ်တွေသို့ထွက်ခွာ

ရခိုင်ပြည် စစ်တွေမြို့ရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ(ANP) ဖွဲ့စည်းပုံအသစ်အတွက် ရခိုင်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နှင့် တွေ့ဆုံဆွေးနွေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကနေ စစ်တွေမြို့သို့ ယနေ့ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

” အခု ရန်ကုန်က ရခိုင်ဒီမိုကရေစီအဖွဲ့ဝင် ကိုယ်စားလှယ်တွေ စစ်တွေကို ဒီနေ့ထွက်သွားကြပါတယ်။ မနက်ဖြန် ၁၆ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ နောက်ဖြစ်ပေါ်လာမဲ့ ပါတီအသစ် (ANP) ပါတီအတွက် ဖွဲ့စည်းပုံ ရည်ရွယ်ချက်တွေကို ရေးဆွဲဖို့ ဖြစ်ပါတယ်။ ” ဟု ALD ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

1000849_554192671303877_1798555357_n

ဆက်လက်ပြီး သူက ” အဓိက မူဝါဒ တစ်ခုအနေနဲ့ကတော့ လူမျိုးကို အခြေခံသော ပြည်နယ်များဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့ဆိုတဲ့ မူကတော့ နှစ်ပါတီသဘောတူပြီး ဖြစ်ပါတယ်။ နောက်ထပ် ပါတီရဲ့ မူဝါဒ၊ ဖွဲ့စည်းပုံနဲ့ ပတ်သက် ပြီးတော့ ပါတီနှစ်ခုမှာ ရှိနေကြတဲ့ မူဝါဒတွေ ဖွဲ့စည်းပုံတွေကို သုံးသပ်ပြီးတော့ အကောင်းဆုံးဆိုတာကို အဲဒီအထဲက ကောက်ယူပြီးတော့ ရေးဆွဲဖို့ ဖြစ်ပါတယ်။ ” ဟု ဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးကျော်မြင့်က ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင် ငါးဦးဖြင့် လွှတ်လိုက်ကြောင်း သူက ဆက်ဆိုသည်။

” ALD ဖက်ကတော့ ဦးကျော်မြင့် ဦးဆောင်ပါတယ်။ နောက်ပြီးတော့ ဦးလှမြင့်၊ ဦးထွန်းကျော်၊ ဦးမျိုးကျော်၊ ဦးဘကျော် ပါပါတယ်။ ဒီဖက်ကတော့ ငါးယောက်ပဲ ဖြစ်ပါမယ်။ အတွင်းရေးမှူးက ကျောက်ဖြူကို ပါတီကိစ္စနဲ့ သွားစရာရှိလို့ ကျောက်ဖြူကိုပဲ လွှတ်ရပါတယ်။ ငါးယောက်ပဲ သွားကြပါတယ်။ ” ဟု ပြောသည်။

Arakan times

ARAKANESE TO HONOUR 2 LEADERS IN YANGON

By Maung Ni Moe NARINJARA NEWS
( Yangon, 8 July 2013) : Two leaders representing Arakan League for Democracy (ALD) and Rakhine National Development Party (RNDP) are going to be awarded with a highest Arakanese national award for their relentless efforts for the cause of Arakanese unity.

All together 21 Arakanese civil society groups have decided to honour U Aye Tha Aung (president of ALD) and Dr Aye Maung (president of RNDP) for their successful initiatives to merge both the Arakan based political party into a single entity, said U Aung Thein Tun, vice-president of Rakhita Foundation, the leading organization of the award ceremony.

 

The photo was taken by Narinjara during the meeting held by 21 civil society groups.
The photo was taken by Narinjara during the meeting held by 21 civil society groups.

Nearly 60 delegates from the Arakanese civil society groups agreed to award the prize to them in a meeting held at Arakan State Dharma Hall inside the mighty Shwe Dagon pagoda campus in Yangon on 6 July.

“We all admire both the leaders because of their selfless efforts for the benefit of Arakanese people as a whole. The Arakanese people today need an united move and hence they wholeheartedly supported the move to merge both the influential Arakanese political party (ALD and RNDP) into Arakan National Party. Both U Aye Tha Aung and Dr Aye Maung played a very significant role in this endeavour,” added U Aung Thein Tun.

Mentionable is that both ALD and RNDP are major parties of Arakan in particular and Burma (Myanmar) in general. Both the parties won many parliamentary seats in 1990 and 2010 general elections of Burma.

Recently the leaders of both the parties had agreed to dissolve their respective identities to come out as a single entity for the cause of Arakanese people.

“All Arakanese cheered the leaders of two parties for the decision. So we have decided to organize a ceremony on 14 July, which is our (Rakhita Foundation) annual foundation day, in Yangon to award U Aye Tha Aung and Dr Aye Maung,” informed U Aung Thein Tun.

SIGNING CEREMONY OD RNDP AND ALD UNIFICATION_RNDP နှင့် ALD တို့ “ရခိုင်အမျိုးသားပါတီ” အမည်ဖြင့် သမိုင်းစာမျက်နာသစ် ဖွင့်လှစ်

KO MYAT AUNG

RNDP နှင့် ALD တို့ “ရခိုင်အမျိုးသားပါတီ” အမည်ဖြင့် သမိုင်းစာမျက်နာသစ် ဖွင့်လှစ်

( နိရဉ္စရာ- ၁၇ ဇွန် ၂၀၁၃) / မောင်ရမ္မာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့သည် လက်ရှိ ရှိနေသော မိမိတို့ ပါတီများအား ဖျက်သိမ်းပြီး ရခိုင်အမျိုးသား ပါတီ ( Arakan National Party) အဖြစ် ပူးပေါင်း လိုက်ကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

RNDP နှင့် ALD ခေါင်းဆောင်များ ယနေ့ (ဇွန် ၁၇) ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။

( Photo Credit : Kyaw Win Khaing )
( Photo Credit : Kyaw Win Khaing )

954852_348643791904978_1165613695_n-1

ထိုသို့ ပေါင်းစည်းလိုက်ကြောင်းကို ပေါင်းစည်းရေး အစည်းအဝေးမှ ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။

ရန်ကုန်မြို့ ရခိုင်သဟာယ အသင်းရုံး၌ ၂၀၁၃ ခု ဇွန်လ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှ အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

နှစ်ပါတီသဘောတူ ကြေငြာချက်တွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ရခိုင်ဒ်ီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။ Continue reading “SIGNING CEREMONY OD RNDP AND ALD UNIFICATION_RNDP နှင့် ALD တို့ “ရခိုင်အမျိုးသားပါတီ” အမည်ဖြင့် သမိုင်းစာမျက်နာသစ် ဖွင့်လှစ်”

:ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ တစ်ပါတီတည်းပေါင်းစည်းရန် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီလိုက်ပြီဖြစ်သည်။

Rakhine Citizen Journalists  15.JUNE 2013 :ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ တစ်ပါတီတည်းပေါင်းစည်းရန် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီလိုက်ပြီဖြစ်သည်။

Rakhine Citizen Journalists
Rakhine Citizen Journalists

ဇွန်လ ၁၅ရက်

ရခိုင်နှစ်ပါတီပေါင်းစည်းရေး စတင်ဆွေးနွေးကြဖို့ ရတပ(RNDP) က ALD ထံ တရားဝင် စာဖြင့်အကြောင်းကြား

By Han Maung Thein

စစ်တွေ ၊ ၀၃ ဇွန်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

 

964705_605143729505205_609366224_o

ရခိုင်နှစ်ပါတီ ပူးပေါင်းနိုင်ရေးအတွက် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နှစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဇွန်လ (၁၅) ရက်တွင် စတင်တွေ့ဆုံကြမည့် အကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကိုယ်စား ဒေါက်တာအေးမောင်က လက်မှတ်ရေးထိုးထားသည့် စာကို ယနေ့ညနေ ခြောက်နာရီခန့်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ထံ ပေးပို့လိုက်သည်။

စစ်တွေ ALD ဌာနချုပ်သို့ ပေးပို့သော မိတ္တူမှာ ပြီးခဲ့သော နာရီပိုင်းအတွင်းရောက်ရှိသွားမည် ဖြစ်ပြီး၊ ALD ရန်ကုန်ဗဟိုသို့ ပေးပို့မည့် မူရင်းစာမှာ တစ်ရက်နှစ်ရက် အတွင်း ရောက်သွားမည်ဖြစ်သည်။

မကြာမီက အမ်းမြို့တွင် ကျင်းပပြီးစီးခဲ့သည့် ရတပပါတီ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပူးပေါင်းရေးအတွက် အခြေအမြစ်ရှိရှိ တိုးတက်ဖြစ်ထွန်းမှုများ ဖြစ်ပေါ်လာစေရေးအတွက် အရှိန်မြင့်ဆောင်ရွက်ရန် စတင်ခြေလှမ်းလှမ်း လိုက်ခြင်းဖြစ်သည်ဟု ရတပ ဗဟိုကော်မတီဝင်တစ်ဦးက Coral Arakan News အား ပြောကြားသည်။

“အများ ယုံကြည်ကိုးစားခြင်းခံရသည့် တတိယအင်အားစုများရှေ့မှောက်တွင် ကြိုတင်စည်းကမ်းချက်များ မပါရှိဘဲ မျက်နှာချင်းဆိုင်တွေ့ဆုံကာယုံကြည်မှုတည်ဆောက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန် လူကြီးမင်းတို့ပါတီမှ ထိပ်ပိုင်း ခေါင်းဆောင် (၅) ဦး နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးလိုပါသည်” ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

၂၀၁၃-ခုနှစ် ဇွန်လ (၁၅) ရက်နေ့ နံနက် ကိုးနာရီတိတိ အချိန်တွင် ရန်ကုန်မြို့ ရခိုင်သဟာယ အသင်း ရုံးခန်းတွင် ရတပဥက္ကဌ ဒေါက်တာအေးမောင် ခေါင်းဆောင်သော ရတပ ကိုယ်စားလှယ် ငါးဦးနှင့် တွေ့ဆုံရန် အတွက် ALD ဘက်မှ မိမိတို့ သင့်တော်သည် ဟု ယူဆရာ ALD ထိပ်ပိုင်းခေါင်းဆောင် ငါးဦးစာရင်းကို RNDP သို့ ပေးပို့ပါရန် ယင်းစာက မေတ္တာရပ်ခံထားသည်။

ဖုန်းနံပါတ်များနှင့်တကွ ပူးတွဲဖော်ပြထားသော RNDP ဘက်မှ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီဝင်များမှာ ဒေါက်တာအေးမောင်၊ ဦးသာထွန်းလှ၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးဖိုးမင်း နှင့် ဦးဦးရွှေမောင် တို့ ဖြစ်သည်။

( Coral Arakan News အတွက် ဟန်မောင်သိန်း ရေးသားသည်။ )