#ABFSU #သဘောထား ကြေညာချက် ။ #ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မှ ဦးဆောင် ချီတက်နေသော ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်း (ပင်မ/ မန္တလေး-ရန်ကုန်) ။

သဘောထား ကြေညာချက် ။

နေ့စွဲ။ ၂၀၁၅ ခု မတ်လ(၅)ရက် ကြာသပတေးနေ့။

၁။ ၅-၃-၂၀၁၅ နေ့တွင်ကျင်းပပြုလုပ်မည့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် ပတ်သတ်သော အမျိုးသားလွှတ်တော်ကြားနာပွဲသို့ ကျွန်ုပ်တို့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း(ပင်မ) ရှိ ဗကသများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များတက်ရောက် ကြားနာရန် မူလအစီအစဉ်ရှိပါသည်။

၂။ သို့သော်လည်းလက်ရှိအခြေအနေတွင် အစိုးရမှ ကျွန်ုပ်တို့ ပင်မစစ်ကြောင်းအား အကြောင်းမဲ့ အင်အားများစွာဖြင့် ပိတ်စို့တားဆီးပြီး ခြိမ်းခြောက် အကြပ်ကိုင်လျက်ရှိပါသည်။

၃။ ထို့ကြောင့် ကျွန်ုပ်တို့ ပင်မစစ်ကြောင်းမှ ဗကသများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များသည် အမျိုးသားလွှတ်တော် ကြားနာပွဲသို့ တက်ရောက်ရန် စီစဉ်ထားပြီး ဖြစ်သော်လည်း ကျွန်ုပ်တို့ ပင်မစစ်ကြောင်း အားယခုကဲ့သို့ သပိတ်မှောက်ကျောင်းသားများ၏ လုံခြုံရေး အလွန်စိုးရိမ်နေရသော တားစီးပိတ်ပင်ခြိမ်းခြောက်မှု ခံနေရသည့်အတွက် အဆိုပါကြားနာပွဲသို့တက်ရောက်နိုင်တော့မည် မဟုတ်ပါ။

၎။ အမျိုးသားလွှတ်တော် ဥက္ကဌထံ လိပ်မူပြီး ၄-၃-၂၀၁၅ နေ့စွဲဖြင့် ပေးပို့သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ ကွန်ယက်(NNER) ၏ ပေးပို့စာတွင် ဖော်ပြပါရှိသည့် လွှတ်တော်ကြားနာပွဲသို့ တက်ရောက်မည့် အစီစဉ်ရွှေ့ဆိုင်းခြင်းသည် အကျိုးအကြောင်းဆီလျော်ပြီး အခြေအနေနှင့် ကိုက်ညီကာ ကျွန်ုပ်တို့ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်း(ပင်မ)
(မန္တလေး-ရန်ကုန်)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ်

ABFSU သဘောထား ကြေညာချက် ။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ လွှတ်တော်ကြား နာပွဲကို
NNER ပညာရေးကွန်ရက် ကိုယ်စားလှယ်တွေ မတက်ရောက်တော့ဘဲ အစီအစဉ်ရွှေ့လိုက်တယ်လို့ မနေ့ညကကြေညာလိုက်ပါတယ်။
လွှတ်တော်ကြားနာပွဲကို ဒီနေ့ မတ်လ ၅ ရက်နေ့ မှာ
ကျောင်းသားကိုယ်စားလှယ်တွေ တက်ရမှာဖြစ်ပြီး၊
NNER ပညာရေးကိုယ်စားလှယ်အဖွဲ့တွေက ၇ ရက်နေ့ မှာ
တက်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဦးဆောင်တဲ့ သပိတ်မှောက်ကျောင်းသားတွေကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ
အစိုးရက အင်အားသုံးတားဆီးထား လို့
ကျောင်းသားတွေမတက်နိုင်တဲ့အတွက်
သူတို့လည်း မတက်သင့်ဘူးလို့ ဆုံးဖြတ်တဲ့အကြောင်း
NNER ပညာရေးကွန်ရက်က ဒေါက်တာ သိန်းလွင်က RFA ကိုပြောပါတယ်။
“ရွေ့ဆိုင်းတာက အခုကျောင်းသားသပိတ်စစ်ကြောင်းကို တားဆီးနေတာရှိတယ်၊ ကျနော်တို့အဲ့ဒါကို စိုးရိမ်တယ်၊ ဒီကျောင်းသားတွေက
သူတို့ခရီးကြမ်းကြမ်းနဲ့ ရန်ကုန်ကိုသွားချင်တယ်
ဒါပေမယ့် သွားခွင့် မရဘူး၊
သွားခွင့်မရတဲ့အတွက် အဲ့ဒီသပိတ်စစ်ကြောင်းမှာက
လေးပွင့်ဆိုင် ဆွေးနွေးပွဲတက်တဲ့ ကျောင်း သားခေါင်းဆောင်တွေပါတယ်၊
သူတို့ကမတက်နိုင်ဘူး၊
စိုးရိမ်စရာက သူတို့ကိုတားဆီးထားတယ်၊
အကြမ်းဖက်ဖြိုခွဲမယ်လို့လည်း စိုးရိမ်နေရတယ်၊
အဲ့လိုအခြေအနေမျိုးမှာ ကျနော်တို့ NNER အနေနဲ့က Continue reading “#ABFSU #သဘောထား ကြေညာချက် ။ #ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ”

#ဗကသပင်မသပိတ်စစ်ကြောင်းမှ #၏စာမေးပွဲကိုရှေးရှု၍အစိုးရထံအချက်

ဗကသပင်မသပိတ်စစ်ကြောင်းမှ ၁၀တန်းစာမေးပွဲနှင့်သံဃာတော်များ ၏စာမေးပွဲကိုရှေးရှု၍အစိုးရထံအချက် ၈ချက်တောင်းဆိုပြီးဆက်လက်ချီတက်မည် အကြောင်းကိုသတင်းစာရှင်းပွဲလုပ်ပြီ 1:သာယာဝတီထိလမ်းလျှောက်မယ် 2:သာယာဝတီကနေ ရန်ကုန် ကားစီမယ် 3:ရန်ကုန်သွားရာလမ်းမှာအလံထောင်မယ် 4:ရန်ကုန်သွားရာလမ်းမှာသီချင်းဖွင့်သွားမယ် 5:ရန်ကုန်သွားရာလမ်းမှာကားကိုပုံမှန်မောင်းမယ်(မနှေးမမြန်) 6:ရန်ကုန်သမဂ္ဂရင်ပြင်(သို့)ရွှေတိဂုံကျောက်တိုင်မှာဂါရဝပြုမယ် 7:ပြီးရင်လူစုခွဲမယ်ရဲအာဏာပိုင်တို့ကအတင်းအကျပ်ပြန်မပို့ရဘူး 8:လုံခြုံရေးကားတန်းကိုခွာလိုက်ရမယ် အထက်ပါဖော်ပြချက်အတိုင်းငြိမ်းချမ်းစွာချီတက်ပြီး လွှတ်တော်တွင်းအခြေအနေများကိုစောင့်ကြည့်လေ့လာမှုများပြုလုပ်သွားမည်မည် cr.ko Min Zaw 11034209_436729183118804_8337401487495121007_n10329026_436729206452135_1701221033963540794_n11025197_436729173118805_1179034546568766756_n
ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ချီတက်နေသော ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ပင်မ) မှ သတင်းစာ ရှင်းလင်းပွဲကို ၂. ၃. ၁၅ ညနေ ၄း၁၅ နာရီက ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပဲခူးတိုင်း နယ်/လုံ ဝန်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေး၍ တောင်းဆိုချက် (၈)ချက် တောင်းဆို ခဲ့တာတွေကို အဓိကထား ထုတ်ပြန်ပေးခဲ့ပါတယ်။

11025719_908757025841046_2870836285646814708_n

တောင်းဆိုမှု (၈)ချက် သည် မကြာမီ ဖြေဆိုတော့မည့် ကျောင်းစာမေးပွဲများ အပေါ် စိုးရိမ်နေကြသော ကျောင်းသား/သူများ နှင့် မိဘပြည်သူများအား စိတ်ချမ်းမြေ့စေရန် နှင့် ၊ ဆက်လက်ကျင်းပမည့် သံဃာတော် အရှင်သူမြတ်များ၏ စာမေးပွဲများအပေါ် စိတ်ချမ်းမြေ့စေရန် တို့ကို အလေးထား၍ မိမိတို့ ကြေညာထားသည့် ရန်ကုန် သို့ အချိန်တို ရက်တိုဖြင့် စာမေးပွဲများ မတိုင်မီ ရောက်ရှိပြီး အဘက်ဘက်မှ အကောင်းဆုံး ဖြစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

၁။ ၃. ၃. ၁၅ နေ့မှာ သာယာဝတီ ကို ဆက်လက်ချီတက်ပြီး ညအိပ် နားမယ်။

၂။ ၄. ၃. ၁၅ နံနက်မှာ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ကားများဖြင့် သွားလိုတယ်။ ကားများကလဲ ပြန်ကြားရေး ကား အပါအဝင် ကိုယ့်အစီအစဉ်နဲ့ ကားများ သုံးပါမယ်။ (ရဲတပ်ဖွဲ့မှ စီစဉ်သောကားများ မစီးပါ)။

၃။ သမဂ္ဂ အလံထောင်ပါမယ် ။

၎။ ကျောင်းသား သီချင်းဖွင့်မယ် ။

၅။ လမ်းတစ်လျှောက် ပြည်သူမျာ သိရှိစေရန် ဖြေးဖြေး မှန်မှန် ဖြင့် ကားများ မောင်းနှင်မည်။

၆။ ရန်ကုန် သို့ ရောက်ရှိပါက ရွှေတိဂုံ (သို့မဟုတ်) သမဂ္ဂ ရင်ပြင် နေရာတွင် အခမ်းအနား တရပ်ကျင်းပ၍ လူစုခွဲမည်။

၇။ လူစု ခွဲပြိးနောက် ကိုယ့်အစီအစဉ် နဲ့ ကို ကျောင်းသားများ အိမ်ပြန်မည် ဖြစ်ပြီး သက်ဆိုင်ရာမှ လိုက်လံပို့ဆောင်မှု စီစဉ်မှုကို လက်မခံပါ။

၈။ ထိုသို့ ရန်ကုန် သွားရာတွင် လုံခြုံရေးကားများ လိုက်ပါခြင်းကို လက်ခံသည်။ သို့သော် ရှေ့ပြေးယာဉ် ခပ်ခွာခွာ နှင့် နောက်မှ လုံခြုံရေးကား များ ခပ်ခွာခွာ လိုက်ရန် တို့ ဖြစ်ပါသည်။ Continue reading “#ဗကသပင်မသပိတ်စစ်ကြောင်းမှ #၏စာမေးပွဲကိုရှေးရှု၍အစိုးရထံအချက်”

#လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပူးတွဲကြေညာချက် #မွန်ပြည်နယ် နယ်လုံဝန်ကြီး ၏ #အတားအစီးများကို ကျောင်းသားသပိတ် စစ်ကြောင်းေ

ABFSU CWC
လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ရလာဒ်။

လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ ရလာဒ် အရ သပိတ်မှောက် ကျောင်းသားများ တောင်းဆိုထားသည့် အချက် (၁၁ ) ချက်လုံး ဆွေးနွေး သဘောတူ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။

Pre Condition ၉ ချက် အောင်မြင်စွာရရှိခဲ့ပြီး နောက်
တောင်းဆိုချက် ၁၁ ချက် ကို ဆက်လက်ဆွေးနွေး၍ ခဲ့ခြင်း ဖြစ်ပါသည်။

ရှေ့လုပ်ငန်းစဉ်များကို နောက်ရက်များတွင် ကော်မတီဖွဲ့ ၍ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရဲရင့်ကျော်
၁၁. ၂. ၁၅
ညနေ ၄း၃၀

10993407_899024586814290_6334903329340223336_n-1

UPDATE: လေးပွင့်ဆိုင်ဆွေးနွေးပွဲ ပူးတွဲကြေညာချက် [ရန်ကုန် ၁၁-၂-၂၀၁၅] 10868169_1579313972313747_1327082454912528179_n10968573_1579314032313741_3977587990044933121_n NNER10351258_758348137595610_4036818036219693694_nNNERNNER မွန်ပြည်နယ် နယ်လုံဝန်ကြီး ၏ အတားအစီးများကို ကျောင်းသားသပိတ် စစ်ကြောင်း အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီ . . . .။ (11 Feb 2015) 4 :45 Pm cr. Ko Thu 15879_775900592500369_3669066283041456138_n10330322_775900629167032_5542495054322715097_n10363320_775900725833689_384630232175912352_n Ko Kyaw Khant မြေလတ်ကျောင်းသားတွေကို ဘီးလင်းမြို့နယ် သို့ လာပို့ပေးတဲ့ Express ကား ကို ပုဒ်မ ၂၂ နဲ့တရားရုံးသို့ ပို့ဆောင်ပြီး ဒဏ်ငွေ တစ်ထောင်ပေးဆောင်ခဲ့ရကြောင်း သိရှိရပါသည်၊၊ွှ မြေလတ်ကျောင်းသားတွေကို လာပို့တဲ့ ရွှေစင်စကြာင်္ကားကို ဘီလင်းမြို့နယ် ရဲစခန်းက ဖမ်းဆီးထားကြောင်း၊အခု တရားရုံးသို့ ပို့မည်ဟု သိရကြောင်း ဒလ -ရန်ကုန် ကားဇတ် ပေါ်မှာ 10959448_10205892483650064_4732365793985939738_n10978632_10205892497970422_2702667016766773154_n ၁၁.၂.၂၀၁၅ မော်လမြိုင် ၊ထားဝယ် ဒီမိုကရေစီသပိတ်စစ်ကြောင်း နှင့် သထုံ ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားများပူးပေါင်းကြပါပြီ 10374503_10205893025103600_8915035121208086968_n10987656_10205893024743591_5458955065947679556_n

#update #နောက်ဆုံးရသတင်း #သပိတ်မှောက် ကျောင်းသား #ရဲများအား မိုင်တိုင် #‎ရတနာပုံတက္ကသိုလ်‬ ကျောင်းသားများသမဂ္ဂ

“ အဆစ်အပို မယူလိုပါ
ကိုယ်စီသီလနှင့်.
ညီမျှသော အကျိုးသာ
ရကြစေလိုပါ၏။ ”
.
– မင်းကိုနိုင်
(၂၈-ဇန်န၀ါရီ-၂၀၁၅)

ko min ko naing

 

ကျောင်းသားသမဂ္ဂသတင်းလွှာ
“ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ” သို့
ဆက်သွယ်/ဝင်ရောက်/အကြံပြု လိုပါက
Messages box မှဖြစ်စေ
ကိုနိုင်ရဲဝေ -09256437402
ကိုအောင်ဆန်းဦး -09402570608
ကိုအောင်မျိုးလှိုင် -0933732738
သို့ဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း

‪#‎ရတနာပုံတက္ကသိုလ်‬ ကျောင်းသားများသမဂ္ဂ

ကျောင်းသားတွေ ဘာကြောင့် သပိတ်မှောက်နေသလဲ လာလာမေးကြသူများအတွက်
ကျွန်တော်တို့ တောင်းဆိုထားတဲ့ ဒီ ၁၁ ချက်ကို ရောက်တဲ့နေရာတိုင်း ဟောပြောပါတယ်
အဲ့ဒီ အချက် (၁၁)ချက်ကို မသိသေးသူများရှိ
နေသေးသည့်အတွက် ပြန်လည်ဝေမျှအပ်ပါသည်

10945683_714684648646734_4791820021270796016_n10532496_714684651980067_8637027611349014570_n

Kyaw Gyi AB

ကျောက်ပန်းတောင်း
အုတ်အော်သောင်းနင်း တဲ့
အခု ဈေးမြောက်လမ်းက ဈေးအနောက်လမ်းချိုး
အဖြူ အစိမ်း ၇၀ ခန့် လိုက်ပါချီနေ တဲ့
ထူးခြားမြို့ 
၎း၄၀့ 

——–

၂၉.၁.၂၀၁၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ပုပ္ပါးမှ ကျောက်ပန်းတောင်းသို့ ချီတက်လာသည့် အမျိုးသား ပညာရေး သပိတ်စစ်ကြောင်းအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ လိုက်ပါကူညီဖေးမ စောင့်ရှောက်မှု ပုံရိပ်မှတ်တမ်း။

FFSSYGNFFSSYGN10363901_339764766227650_598082311059923348_nFFSSYGN10952379_529258340549056_1107310031_n

 

ကျောက်ပန်းတောင်းမှာ
ဗကသသပိတ်တပ်ကြီး
လက်ရှိအင်အား
၅၀၀၀ကျော်သွားပြီ

ABFSUABFSU

10945032_10202723617011705_5212244313801728856_n

 

ကျောက်ပန်းတောင်း
စကမှုသိပ္ပံကျောင်း
တံခါးကိုအောင်မြင်စွာ
ဖွင့်ခိုင်းနိုင်ခဲ့ပြီ

10246594_714619828653216_6452035374211136932_n10410224_714619818653217_5944887810524095762_n

ကျောင်းသားသပိတ်အား
ကျောက်ပတောင်း ပြည်သူလူထုမှ
မြို့လုံးကျွတ်နီးပါ ထွက်ပြီး ကြိုဆို
အားပေးထောပ်ခံနေ ကြပါတယ်
credit Ahngai Kong Ahngai

1379953_714635418651657_644975826488925628_n-1

Min Naing
သပိတ်မှောက် စစ်ကြောင်း အတွင်းသို့့ ကျောင်းသားကျောင်းသူ များပိုမို များပြာလာနေပါတယ်

10945026_1777526455804835_7324058726344479339_n10435989_1777526525804828_1426336922546246246_n
Phoe Khwar

ကျောက်ပန်းတောင်းမြို့ထဲတွင်လှည့်လည်သပိတ်မှောက်နေပါပြီ။
ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်း
ကျောက်ပန်းတောင်းမြို့
29.1.2013
4:06pm

1546376_427275597420609_6175162596659000732_n10942587_427275554087280_6589795317572947259_n10406365_427275694087266_8049652242830896471_n

ယနေ့ 29.1.2015
ရခိုင်စစ်ကြောင်း စတင်လှုပ်ရှားပါပြီ။ ကျောင်းသားအင်အား ၄၀၀၀ကျော်ဖြင့် အဖွဲ့ပေါင်းစုံစွာ ရဟန်းပျိုတွေပါဝင်ကြပါတယ်။ မြို့တွင်းမှာသာ လှုပ်ရှားနေပါသေးတယ်။
၁ ရက်နေ့ သတင်းကိုစောင့်ပြီး လိုအပ်လာရင် ရန်ကုန်ကို တက်ပါမယ် ။

10944062_426286910870171_412183590_n10947750_426310864201109_1576535905_n

29.1.2015
နံနက် (10:20) မှာ ပုပ္ပါးမှ စတင်ထွက်ခွာလာပါပြီ။
ကျောက်ပန်းတောင်းမြို့မှာ ညအိပ်ပါမယ်။
ပုပ္ပါးမှကျောက်ပန်းတောင်းသို့ ၁၀ မိုင်ဝေးပါတယ်။
မန်းလေး စစ်ကြောင်း ဆက်လက်ချီတက်လျှက်ရှိနေတုန်းပါပဲ။
ဖုန်းသတင်းဖြင့် >> cr. ချော စန

10947507_426277520871110_1950653580_n10953088_426273130871549_932611952_n

ဗကသ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းကြီး ကို သောင်းသောင်းဖျဖျ ကြိုဆိုနေကြတဲ့ ကျောက်ပန်းတောင်းမြို့နယ်က မိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများ
Nat Shin Naung

 

10941007_714627201985812_417821585530831481_n10958588_714627211985811_6589516676750733993_n

 

Kyaw Gyi AB

တောင်သာ ဝဲလောင် ၉မိုင်
ဝဲလောင် ပုပ္ပါး ၁၈ မိုင်
ရဲ ၁၀၀ ဂိတ်လွန်တဲ့ နောက် ၂မိုင်လောက်မှာ
ကျောက်ပန်းတောင်းမြို့ နယ် အစကို ရောက်ပါတယ်
လမ်းခရီးလုံခြုံရေးအရ ကျောင်းသားတွေဟာ ကတိပေးထားတဲ့အတိုင်း ကားပေါ်ကို တက်ပါတယ်
ဦးကျော်သူ ကားတွေ အပါအဝင် ၃၀ ကျော်ခန့် ပါ
အချိန်ကတော့ ၇း၁၀ ပါ
လမ်းတလျောက် လူထုကြိုဆိုမှုက ပြင်းထန်ပါတယ် နောက် ၄၅ မိနစ်လောက်မှာ
ပုပ္ပါလွင်ကျေးရွာ ရောက်ပါမယ်
ပုပ္ပါလွင်ကျေးရွာမှ ကျောင်းသူ/သားများကို ကြိုဆိုပါ၏ ဗီနိုင်းက အစိမ်းရောင်ပေါ်မှာ အဖြူစာလုံး နဲ့  ပေါ့
နားချင် နားနေဖို့ တော့ မိုးကာတွေ ဖျာတွေ ခင်းထားတယ်

Palaw Tharlay
နောက်ဆုံးရသတင်း
=============
သပိတ်မှောက် ကျောင်းသား စစ်ကိုနိုင်ကို ဖမ်းဆီးထားတယ် ဆိုတဲ့ သတင်းမမှန်ကန်ပါ။
ခဏတာ ပြောဆိုဖို့ ခေါ်ယူတဲ့ သဘောလေက်သာ ရှိခဲ့ပါတယ်။
ယခု မှောင်နေပြီ ဖြစ်တဲ့အတွက် လုံခြုံရေးအရ ကားများဖြင့် ပုပ္ပါးသို့
ထွက်ခွါနေကြောင်း သတင်းရရှိပါသည်။

——-

ရဲများအား မိုင်တိုင် ၄၃၂ တွင်ချထားပြီး….
တံတားထိပ်တွင်…..
မြင်းခြံမှ ကိုကိုနိုင်(မင်းစစ်နိုင်) အား ဖမ်းဆီးသွားကြောင်း……
Hlaing Zayar Oo

10645143_663131247146709_7489973352597076801_n

Agga Thi Ha

ကျွန်တော်တို့စစ်ကြောင်း
အတားအစီးကိုကျော်ဖြတ်ပြီး
အခု၇း၃၀ကစပြီးကားစီးပါပြီ
**************************
စစ်ကြောင်းမှသတင်းပေးပို့ ချက်ရရှိပါတယ်
အချိန် – ၇း၃၅

——-

မိုင်တိုင်အမှတ် ၄၂၃ တွင် အုပ်ချုပ်ရေးမှူးအဖွဲ့  ရဲတပ်ဖွဲ့ဝင် အင်းအား ၁၀၀ ခန့် မှ ကျောင်းသားများ ဖြတ်သန်းမည့် လမ်းကြောင်းအား ပိတ်ဆို့ တားဆီးရန် စီစဉ်နေသည်။
သတင်းထောက်များ မေးမြန်းချက်အား တာဝန် အရ ဟု သာဖြေသည်။
( အချိန်။ ။၎ နာရီ ၄၇) cr.Pyae Sone Aung

10425510_635747329888336_3069879710155769070_n10511111_635747506554985_4837709209291165960_n10955599_635747393221663_4619798302295412891_n10945397_635747266555009_696983575067272902_n

!! #RIP #ဆုတောင်း #လှမျိုးနောင်ကတော့အခုထက်ထိ၈၈ #အကျဉ်းသားဟောင်းအဖြစ်ခံယူထား

နာရေးကိစ္စရပ်များ ပေါ်ပေါက်လာချိန်၌ အခက်အခဲများ ကြုံတွေ့နေကြသည့် ကျန်ရစ်သူ မိသားစုများတို့၏ အပူမီးများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တတ်အားသ၍ (အခမဲ့) ကူညီငြိမ်းသတ် ဖေးမလျှက်ရှိပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ကူညီမှုများသည် နှစ်စဉ်နှစ်တိုင်း (တစ်သောင်း) ပြည့်မြောက်သည့် ကွယ်လွန်သူ ကျား/မ၊ ကြီး/ငယ်မရွေးတို့အား အထူးနိဗ္ဗာန်ယာဉ်၊ အခေါင်း၊ သင်္ကန်းပရိက္ခရာများနှင့် အလှူငွေများ ကူညီပေးသည့်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) အထူးဧည့် အသင်းသား/သူများ၊ အသင်းသား/သူများ၊ ဧည့်အသင်းသား/သူများတို့ဖြင့် ကွယ်လွန်သူ၏ နောက်ဆုံးခရီးကို စည်းလုံးညီညွတ် စုံညီစွာ နေ့ချင်းမီးသင်္ဂြိုဟ်ခြင်းအား ပံ့ပိုးကူညီ ပေးခဲ့ရာ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ နာရေးကူညီမှု အမှတ်စဉ် (၉၉၆၆) အထိ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မကြာမီရက်ပိုင်း ၂၉.၁၁.၂ဝ၁၄ (သို့) ၃ဝ.၁၁.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှု(၁ဝဝဝဝ) ပြည့်မည့် ကွယ်လွန်သူ၏ ဈာပနအား ယခင်နှစ်များကဲ့သို့ ကူညီဖေးမ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း . . . . ။

(၂၀၁၃ ခုနှစ် နာရေးကူညီမှု (တစ်သောင်း)ပြည့် ဈာပနကူညီမှု မှတ်တမ်းဓါတ်ပုံများ)

ဦးလှမျိုးနောင် (ခ) မှန်ကြီး အသက် (၄၆) နှစ်သည် ၂၈.၁၁.၂ဝ၁၄ ရက်နေ့ နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ စံပြဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီး ၃ဝ.၁၁.
၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်ခြင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီဖေးမခဲ့သည်။

10628551_319305384940255_4493231060161057342_n10552464_319305338273593_4109961975623081077_n

1526768_319305254940268_7989313578883125630_n10170855_319305298273597_8405401519678664159_n10454321_319305398273587_116410552658726757_n10801628_319305418273585_3883675027321070799_n

10834184_498952953579595_343222484_n10834021_499077403567150_1582592801_n10833573_498952640246293_1340074829_n10811334_498952986912925_789014545_n10818673_498953000246257_448859027_n10154371_318597715011022_558352056345161871_n10833569_498952600246297_528771138_n10822473_499077390233818_1431721938_n

GRAPHIC DESIGN KO MYOE

10377147_10152874535943827_67374016107629338_n

ဆုတောင်း
========
ကြယ်တစ်ပွင့်ကြွေသွားပြန်ပြီ
ကောင်းရာသုဂတိလားပါစေ
နောင်ဘ၀ဒီလို ခေတ်ဆိုး စနစ်ဆိုးအောက်မှာလူပြန်မဖြစ်ပါစေနဲ့

11376_299374190259225_6923353391260668611_n1538811_299374223592555_3485819981860333198_n 14408_299374243592553_6825261702003478351_n

နိုင်ငံရေးအကျဉ်းသား(ဟောင်း)၊ ၁၉၈၈ အရေးတော်ပုံကြီးတွင် အရေးတော်ပုံ တပ်သားတစ်ဦးဖြစ်သူ ဦးလှမျိုးနောင်အသက် (၄၆) နှစ်သည် ၂၈.၁၁.၂ဝ၁၄ ရက်နေ့ နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ စံပြဆေးရုံကြီး၌ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါသည်။ ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သွားရောက်၍ သယ်ဆောင်ပြီး ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီ ဖေးမခဲ့သည်။ ဈာပနအခမ်းအနားအား ၃ဝ.၁၁.၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။
credit>>>နာရေးကူညီမူအသင်း.(ရန်ကုန်)Kyaw Soe Naing

1538686_299363593593618_2412076421368300624_n10301592_299363563593621_6010215225732045645_n

█ “ပြောမှသိ ထိမနာ သာမှသေ သေမှနာ”
ဤလေးရာ – လူတွင်မကျင့်ရာ။  crHlaing Bwa

10687341_791691160902179_4511660584469820554_o

ဒို့ စိုင်းတဲ့မြင်း တိမ်ယံခွင်းဖေါက်
မိုးသို့ ရောက်မှ နောက်တွန့် ကျန်ရင့်
မလွမ်းသင့်ဘူး ဆုတ်လို့ စူးတာစူးပေ့စေ။
လှမျိုးနောင် (၈၈)
(ခေတ်အဆက်ဆက် ကျောင်းသားပိုင်ခွပ်ဒေါင်းအလံတော်ကို
… လူယူသွားခဲ့သူများထံမှ ပြန်တောင်းခဲ့သူ)
နိုဝင်ဘာ (၂၈)၊ ၂၀၁၄၊ နံနက် ၈နာရီ ၄၀ တွင်ဘ၀တပါးသို့ 
ကူးပြောင်းသွားခဲ့သည်။

Ko Nyein Chan 28/11/
သူ၈.၄၀မိနစ်တွင်လက်ပြနှတ်ဆက်ထွက်ခွာသွားလေပြီ။

1535675_585923231535595_1968945490342657365_n

 

နိုင်ငံရေးအကျဉ်းသားဟောင်းလှမျိုးနောင်
စံပြဆေးရုံ အခြွေအရံအပေါင်းအသင်း
မဲ့ ။သတင်းမေးသူမရှိ။နတ္ထိ။ဘယ်မှာလဲ
Transitional justic။အရင်ကနိုင်ငံ
ရေးသမားတွေကိုဒေါက်ထောက်ကြည့် 
နေသူများအတွက်လည်းသတင်းပေး
လိုက်ပါတယ်။နောက်ဆုံးခရီးသွားတော့
မဲ့နိုင်ငံရေးသမားတစ်ယောက် cr. Chomyaoo Oo

10391393_1503120356607564_3129179569289607412_n

 

█ ငယ်ငယ်က လှမျိုးနောင်နဲ့ (တင်လှ – RASU Geology)

ကျွန်တော့်ရှေ့ မှာထထိုးကြတယ်။ ဘန်ကောက်က
မစ္စတာယာဒ့်အိမ်မှာ ဆွဲချိန်တောင်မရလိုက်ဘူး။
တင်လှကလက်မြန်တော့ လှမျိုးနောင်မျက်မှန်ကွဲပြီး
မျက်လုံးတစ်ဘက်ကို မျက်မှန်စတွေစိုက်သွားတာ သွေး
ကမတိတ်တော့ဘူး။ သည်တော့ တင်လှနဲ့ ကျွန်တော်နဲ့ 
.ပြဿ . နာဆက်ဖြစ်ခဲ့ကြတယ်။ တင်လှက အော်ကြီး
ဟစ်ကျယ်ပြောနေပေမဲ့ ကျွန်တော့်ကို ဘာမှပြန်မလုပ်
ခဲ့ဘူး။ ကျွန်တော် Taxi ငှားပြီးလှမျိုးနောင်ကိုဆေးခန်း
ပို့ ပေးလိုက်တယ်။ နောက်တစ်ပတ်မှာ တော့
အန်တီဒေါ်အေးအေးသန့်  (ဦးသန့် သမီး) က
လှမျိုးနောင်ကို မျက်မှန်အသစ်ပြန်လုပ်ပေးခဲ့တယ်။
… နောက်နှစ်ပတ်ကြာတော့ လှမျိုးနောင်နဲ့  တင်လှ
အတူတူ ရီနေခဲ့ကြတယ်။ တင်လှကတော့ အဲ့သည်ကိစ္စ
.ဖြစ်ပြီး (၈) လအကြာမှာ အသတ်ခံလိုက်ရတယ်။
.(၈၈) တောခိုကျောင်းသားတွေထဲမှာ ပထမဆုံး
အသတ်ခံသွေးမြေကျခဲ့ရတဲ့ကျောင်း သားဟာ
ကျွန်တော့်ကို အစ်ကိုလိုချစ်တဲ့ တင်လှပဲ။ သေမဲ့နေ့ 
အထိ အမှတ်တယတွေ ပေးသွားခဲ့တယ်။ တင်လှဆုံးတော့
ကျွန်တော် မခံမရပ်နိုင်အောင်ခံစားခဲ့ရတယ်။
လှမျိုးနောင် ထောင်ထဲမှာ မျက်လုံးတစ်လုံးအခြေအနေ
မကောင်းတော့ဘူးဆိုတာသိရတုံးက ကျွန်တော်
တအားခံစားခဲ့ရတယ်။
အခုလှမျိုးနောင်ကို သည်လိုပုံနဲ့ မြင်ရတော့ ကျွန်တော်
မျက်ရည်လည်နေမိပါတယ်။ (သူရေးပေးခဲ့တဲ့ “ဆုတ်လို့ 
စူးတာ စူးပေ့စေ” ဆိုတဲ့ ကဗျာလေးကိုလည်း ကျွန်တော်
မှတ်မှတ်ယယရှိနေမိတယ်) ။ cr.Hlaing Bwa

#######

10417514_306096836251747_645873633529977595_n

ဒီမိုကရေစီ သွေးသောက်ကြီး တစ်ယောက်ရဲ့ချို့ချို့တဲ့တဲ့
ရောဂါဝေဒနာ ခံစားနေရပုံက ဝမ်းနည်းကြေကွဲစရာကောင်းတယ်..
ဟိုတလောက မြအေး ဆိုတဲ့ မွတ်ခွေးကုလား ပန်းလှိုင်ဆေးရုံ
ကြီးပေါ်မှာ ဇိမ်ေကျကျ ဆေးကုတယ်ဆိုတုန်းက ၈၈ အာလူးစားကြသူတွေ ခွေးကုလားထံ အပြေးသွားပီး မျက်နှာလိုအားရလုပ်ကြဖို့ သတင်းမေးသွားဖားယားနေကြတာကို မှတ်မိနေသေးတယ် … cr.အာလူး စားကြ သူများ

########

စိတ်ထိခိုက်နေတယ်။အရှေ့ ကဦး၊ဒေါ်၊ကို၊မ စတဲ့ဟာတွေမထည့်တော့ဘူး။ကိုယ့်အချင်းချင်းလေးစားမှုရှိတာအားလုံးသိကြတယ်။

1480523_10204330438773905_3487496245505318068_n

လှမျိုးနောင်ဆိုတာသူဘဲ။ ၀ဲမှယာ လှမျိုးနောင်၊ မင်းကိုနိုင်၊ဌေးကြွယ်

နိုင်ငံရေးလှုပ်ရှားမှုနောက်ခံ။ ။ ၁၉၈၈ မတ်လအရေးတော်ပုံမှာထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့တယ်။စီနီယာ၊ဂျူနီယာပြောစတမ်းဆိုရင်မင်းဇေယျ၊လှမျိုးနောင်၊ဇော်မင်း၊ဌေးကြွယ်စတဲ့သူတွေက မတ်လရဲ့ခေါင်းဆောင်တွေဖြစ်လို့ စီနီယာတွေဖြစ်တယ်။ ၁၉၈၅လောက်ကစပြီးမြေအောက်လှုပ်ရှားမှုလုပ်နေခဲ့တဲ့သူတွေကိုထည့်မပြောပါ။
အခုမင်းကိုနိုင်တို့ ရဲ့၈၈ပွင့်လင်းဆိုတဲ့အဖွဲ့ မှာ စီနီယာအကျဆုံးတွေဆိုရင် မင်းဇေယျ၊ဌေးကြွယ်၊လှမျိုးနောင်စတဲ့ မကဒ တွေကစီနီယာတွေ၊ Continue reading “!! #RIP #ဆုတောင်း #လှမျိုးနောင်ကတော့အခုထက်ထိ၈၈ #အကျဉ်းသားဟောင်းအဖြစ်ခံယူထား”

#KNU/KNLA #PC မှ #ရဲဘော်များက အလှူငွေနှင့်ရေသန့်များ လာရောက်လှူဒါန်း ဓာတ်ပုံ – #ဖိုးသား/ပြန်ကြားရေး

KNU/KNLA PC မှ ရဲဘော်များက အလှူငွေနှင့်ရေသန့်များ လာရောက်လှူဒါန်း
ဓာတ်ပုံ – ဖိုးသား/ပြန်ကြားရေး

CR. ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ

 

10671395_944612732234730_4014005532797172963_n559605_944612132234790_8431215754239072428_n1374957_944612025568134_6632598098522793410_n1456661_944612122234791_9189296976102194149_n1509060_944612252234778_2504657444877331747_n10363958_944612268901443_631173742891650231_n10568957_944612685568068_7725709915743493956_n1461810_944609498901720_1046613415884666929_n10300530_944584005570936_6321612674893249894_n10676134_944583768904293_2676228166137638891_n

 

10411933_721665417902208_6742322535395101496_n250365_294949604035017_164928377645306126_n10547632_294957480700896_4099692045750023273_n

#15/11 #၈၈ က #ကိုမြအေး လာ ရောက်အားပေး #Khant #Minn #Htet

၈၈ က ကိုမြအေး လာ ရောက်အားပေး Khant Minn Htet
1653601_858307900869763_4888207929432935347_n

 

အရေးကြီးပြီ ညီနောင်အပေါင်းတို့

 

 

ဒို့အရေး သံတွေ ညံနေတဲ့ လှည်းတန်း

10405617_858302274203659_4096261181318834606_n
မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်….

မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်....
မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်….

အလေးပြုကျောင်းသားများ…..
သမဂ္ဂရင်ပြင်မှာ

10409264_858294747537745_8068543535711455238_n
မိုးရင့် ကြယ်

စိန်ပန်းပွင့်လေးတွေ
===============


သူတို့ ဘာကြောင့်ရဲရဲနီခဲ့ကြသလဲ
ငါလေ တဖွဲဖွဲတွေးမိတယ်
ငယ်ငယ်က လွယ်အိတ်နီနီ
ကြီးလာတော့ ပင်နီအင်္ကျီအနီ
ခေတ်ကြီးက ငါတို့ကိုနီခဲ့စေသလား
သမိုင်းဟာ နီနီစွေးစွေး
တစ်ယောက်ပြီး တစ်ယောက် ရဲရဲကြွေလို့ Continue reading “#15/11 #၈၈ က #ကိုမြအေး လာ ရောက်အားပေး #Khant #Minn #Htet”

#now #15/11/ #Myanmar #Burma Student Protesters at Hledan , near the university

DagonUniversity StudentsUnion

Students Boycott Education Law -photcr. Khant Minn Htet

1653601_858307900869763_4888207929432935347_n

မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်....
မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်….

ဒို့အရေး သံတွေ ညံနေတဲ့ လှည်းတန်း

10405617_858302274203659_4096261181318834606_n

အလေးပြုကျောင်းသားများ…..
သမဂ္ဂရင်ပြင်မှာ

10409264_858294747537745_8068543535711455238_n

 

သပိတ်
သပိတ်
မှောက် မှောက်
ကျောင်းသားသပိတ် ဒုတိယနေ့
ကျောင်းသားထု သပိတ် ကျောင်းသား ကျောင်းသူများသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို အလေးပြုပြီး လှည်းတန်း တံတားအောက် ကို ပြန်လည် ထွက်ခွါစဉ် နှင့် လှည်းတန်း တံတားအောက် စုဝေး ရောက်ရှိနေစဉ် ဆက်လက် တောင်းဆို တိုက်ပွဲဝင်ဆန္ဒဖော်ထုတ် သွားမည်ဟု သိရပါသည် ။
၁၅ – ၁၁ – ၂၀၁၄ . ၃ နာရီ ၃၀ မိနစ်
Myo Zaw

1557614_1545495552331613_8357773194745561034_n10372068_1545495462331622_7756583015064464826_n10441111_1545495505664951_3236839206397115238_n

1601543_600771626717519_5848481473013540384_n