နိုင်ငံတကာအကြမ်းဖက်အဖွဲ့နှင့်ချိတ်ဆက်မှုများ

မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ မြန်မာနိုင်ငံနှင့်အစိုးရအပေါ်တွင် လက်နက်ကိုင်တော်လှန်မှုနှင့် နိုင်ငံခြားဘာသာရေးအဖွဲ့များ၏ အကူအညီထောက်ပံ့မှုကို ရယူမှုမှာ အရေအတွက်အားဖြင့်နည်းပါးသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသည့်အချက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့အချို့သည် ကမ္ဘာလုံးဆိုင်ရာအစ္စလာမ္မစ်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လှုပ်ရှားမှုများ ရှိခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (
Rohingya Solidarity Organization) သည် ဘင်းဂလားဒေ့ရှ် ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အခြေစိုက်သော အစွန်းရောက်မူဆလင်အကြမ်းဖက်အဖွဲ့များနှင့် သိသာစွာဆက်သွယ်မှုများရှိနေသည်ကို ဆယ်စုနှစ်အနည်းငယ်ကပင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် တည်ထောင်စဉ်အချိန်မှရည်ရွယ်ချက်မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည်ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ၏ အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကိုစုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်ရေးအဖြစ် ပြောင်းလဲလာသည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာ သိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှ မည်သည့်တပ်ဖွဲ့ခွဲသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင်အခြေစိုက်၍ နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏တပ်သားအများစုသည် တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။ ယင်းအဖွဲ့အစည်းသည် ၁၉၉၀ခုနှစ်နောက်ပိုင်းမှစ၍ တိုက်ခိုက်ရေးပြုလုပ်ခြင်းများ အားနည်းလာခဲ့သော်လည်း မြန်မာ-ဘင်းဂလား နှစ်နိုင်ငံဒေသအတွင်းတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် လက်နက်နှင့်မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်းမှ ၀င်ငွေအများဆုံး ရရှိသောအဖွဲ့ဖြစ်သည်ကိုတွေ့ရှိရသည်။ ပါကစ္စတန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံမှ ရာဘိတယ်အလမ်အိုင်အစ္စလာမီ (Rabitaal-Alam-I-Islami) အဖွဲ့ ၏ ထောက်ပံ့ငွေများကို ရယူခဲ့ကြောင်းလည်းသိရှိရသည်။

၁၉၈၀ခုနှစ် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ ဂျမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့နှင့် အကြမ်းဖက်ကျောင်းသားများ အဖွဲ့အစည်းဖြစ်သည့် အစ္စလာမီချတ္တရရှီဘာ (Islami Chhatra Shibir) အဖွဲ့တို့မှ အကူအညီများကို စတင်လက်ခံခဲ့ကြောင်း သိရှိရသည်။ ဘင်းဂလားဒေ့ရှ်နိုင်ငံတွင်အဖွဲ့အစည်းထူထောင်ခဲ့ချိန်မှစ၍ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့သည် အင်အားကြီး ဆွန်နီမူဆလင်အဖွဲ့အစည်းဖြစ်သည့် ဟာရာကတ်-အာလ်-ဂျီဟတ်-အာလ်-အစ္စလာမီ (Harakat-ul-Jihad-ul-Islami) ၏လွှမ်းမိုးမှုအောက်တွင်ရှိနေခဲ့သည်။ (HuJI) ကို ၁၉၉၂ ခုနှစ်တွင် အာဖဂန်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော ဘင်းဂလားဒေ့ရှ်လူမျိုးစစ်သားများကို ထောက်ခံရန်ထူထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အယ်ကေဒါနှင့်တာလီဘန်တပ်ဖွဲ့များ၏ ၀ါဟာဘီ နှင့် ဒျူရိုဘန်ဒီ (Wahabist and Deobandist) သင်တန်းနည်းလမ်းများကို မျှဝေသင်ကြားခြင်းများလည်းပြုလုပ်ရာမှ အင်အားကြီးမားကာ ကွန်ယက်များစွာလည်းဖြန့်ကျက်နိုင်ခဲ့သည်။

(HuJI) သည် ဘင်းဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအဖွဲ့ဝင်များကို တပ်သားအဖြစ်ခေါ်ယူခဲ့မှုပြီး ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) နှင့်အဆက်အသွယ်မပြတ် ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အူခီယာ (Ukhia of Cox’s Bazar) ရှိ ဘင်ဂါလီရိုဟင်ဂျာအဖွဲ့၏ စခန်းတစ်ခုကို (HuJI) အဖွဲ့မှ လက်လွှဲရယူခြင်းကြောင့်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ပိုင်ဆိုင်မှုများကို ခြယ်လှယ်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သည်။ မြန်မာအစိုးရဘက်မှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီအဖွဲ့သည်လစ်ဗျားသမ္မတ (ဟောင်း) မွမ်မာကဒါဖီ၏ ထောက်ပံ့မှုများ ရယူနေကြာင်း ပြောဆိုမှုများရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၈ယောက်သည် လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်သင်တန်းများ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ အထောက်အထားများအရ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ပါကစ္စတန် ကက်ရှ်မီးယားဒေသရှိ (HuJI) ယခုအခေါ် ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့အစည်း၏ထောက်ပံ့မှုများလည်း ရယူခဲ့သည်။ Continue reading “နိုင်ငံတကာအကြမ်းဖက်အဖွဲ့နှင့်ချိတ်ဆက်မှုများ”