!! #TNLA #မြန်မာစစ်တပ်မှ #တအာင်းရွာသားတစ်ဦးအား #ဖမ်းဆီးနှိပ်စက်

မြန်မာစစ်တပ်မှ တအာင်းရွာသားတစ်ဦးအား ဖမ်းဆီးနှိပ်စက်
၅ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခု
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ ဆိုင်းလိန်ကျေးရွာနေ အဘ-ဦးဘစံ အမိ- ဒေါ်ခမ်းမှတ်တို့သား မိုင်းနေထွန်းအား နနံက် (၁၁)နာရီခန့်တွင် ဆိုင်းလိန်ရွာတွင် လာရောက်လှုပ်ရှားသည့် မြန်မာစစ်တပ်စစ်ကြောင်းမှ TNLA တအာင်းတပ်မတော်နှင့် စပ်ဆက်မှုရှိသူဟု စွပ်စွဲကာ
ဖမ်းဆီးရိုက်နှက် ညှင်းပန်းလျက်ရှိကြောင်း သိရသည်။ မိုင်းနေထွန်းသည် သာမာန် ကျေးရွာသား တစ်ဦးသာဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

###

February 5th Breaking News- မြန်မာစစ်တပ်မှ တအာင်းတပ်မတော်အား ထိုးစစ်ဆင်နေမှု အခြေအနေ
ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၁း၀၀ နာရီခန့်တွင် မြန်မာစစ်တပ် လေတပ်မှ ဤရက်အတွင်း TNLAနှင့် တိုက်ပွဲဖြစ်ပွားရာ မိုးကုတ်မြို့အနီး အံဖွယ်ဝင်္ကဘာတောင် အနီးတွင်ဂျတ်လေယာဉ် (၁)စီး နှင့် မိုင်းငေါ့ ပါလိုင်ကျေးရွာအုပ်စု ၀န်းကျင်တွင် ဂျတ်လေယာဉ် (၁)စီး ဝေဟင်မှ
ပျံသန်းပြီး ပစ်မှတ်လေ့လာသွားခဲ့သည်။
ထို့အပြင် မိုးမိတ်အခြေစိုက် မြန်မာ့စစ်တပ်မှလည်း TNLAနှင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ (၂) အဖွဲ့ စေလွှတ်လာပြီး အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ တစ်ဖွဲ့မှာ မိုးကုတ်မြို့အနီး အံဖွယ်ဝင်္ကဘာတောင်ဝန်းကျင် ခြေရာဖျောက်သွားသည်။
တဖန် မိုင်းငေါ့ရှိ မြန်မာစစ်တပ်ဖွဲ့မှ ခွန်ခါရှိ တပ်ဖွဲ့နှင့် ပေါင်းစည်းကာ အင်အား (၃၀၀)ကျော်ခန့် စစ်ကြောင်းမှလည်း တိုက်ပွဲဖြစ်ပွားရာအနီး မင်းကုန်းရွာဘက်သို့ စစ်အင်အားထပ်မံစေလွှတ်တိုးမြှင့်ထားပြီး မိုးကုတ်အခြေစိုက် မြန်မာ့စစ်တပ်ဖွဲ့များလည်း အံဖွယ်ဝင်္ကဘာတောင်တို့ လာရောက်စုစည်းထားကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

####

TNLA

TODAY Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး လေယာဉ်များသည် တိုက်ပွဲဖြစ်ပွါးရာနေရာဖြစ်သည့် ဆိုင်းလိန်ရွာနှင့် ရွှေညောင်ပင်ရွာ ၀န်းကျင်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၀၀နာရီချိန်တွင် ထပ်မံရောက်ရှိဝဲပျံ လျှက်ရှိသည်။ လေယာဉ်နှစ်စီးသည် တအာင်းတပ်မတော် TNLA တပ်စွဲထားသည့်တောင်ကုန်းနေရာအား ဗုံး(၂)လုံးကြဲသွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်(၂)စီးသည် လားရှိုးမြို့မှ တိုက်ပွဲဖြစ်ပွါးရာဒေသဖြစ်သည့်မိုးကုတ်နှင့် မိုးမိတ်မြို့နယ်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၃၀နာရီချိန်တွင် ထပ်မံသွားရာက်သည်။
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်(၂)စီးသည် လားရှိုးမြို့မှ တိုက်ပွဲဖြစ်ပွါးရာဒေသဖြစ်သည့်မိုးကုတ်နှင့် မိုးမိတ်မြို့နယ်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၃၀နာရီချိန်တွင် ထပ်မံသွားရာက်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ Continue reading “!! #TNLA #မြန်မာစစ်တပ်မှ #တအာင်းရွာသားတစ်ဦးအား #ဖမ်းဆီးနှိပ်စက်”