#update #လောက်ကိုင်-ကုန်ကြမ်း #ကားလမ်းပေါ်ရှိ #(၁၈)မိုင်လမ်းဆုံ အနီးတ၀ိုက်တွင်

update 25/2/ ကြက်ခြေနီ ကားတွေ အပစ်ခံနေရတဲ့ နေရာ ကို အတိ အကျ သိတဲ့ လူရှိလား ။ ဖုန်းကြားရှင် အဖွဲ့ က မဟုတ်ဖူး ငြင်းနေတယ် ။ လောက်ကိုင် ချင်းရွှေဟော် ကားလမ်းကနေပြီး ၃ မိုင် လမ်းရှောက်ရင် တရုပ်ပြည် နယ်စပ်ရောက်တယ် ။ 10996507_10204055951023211_5752975664251261031_n 11021413_10204055951623226_2364513836070586285_o ################ #လောက်ကိုင်-ကုန်ကြမ်း ကားလမ်းပေါ်ရှိ (၁၈)မိုင်လမ်းဆုံ အနီးတ၀ိုက်တွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီလ (၂၂)ရက်တွင် တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ပြီး ဖေဖော်ဝါရီလ(၂၃)ရက်တွင် တပ်မတော်စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူအဖွဲ့များဆုတ်ခွာသည့် အဆိုပါတောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ်နယ်မြေရှင်းလင်းခဲ့တဲ့ ပုံတွေ ဖြစ်မယ် ။ cr. Htay Tint 11021117_10204049842030490_5691937791569418534_n10854472_10204049854230795_8052929365707964078_o

MOI ကိုးကန့်သောင်းကျန်းသူအဖွဲ့များက ကုန်းကြမ်းမြို့ တပ်ရင်း ဌာနချုပ်နှင့်
လောက်ကိုင်မြို့ တွင်းသို့ အဝေးမှ နှောင့်ယှက် ပစ်ခတ်၊ ကုန်းကြမ်း
-လောက်ကိုင် ကားလမ်းမိုင်တိုင်(၂၃)အနီးရှိ တောင်ကုန်းအား တပ်မတော် စစ်ကြောင်း များက တိုက်ခိုက်သိမ်းပိုက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော်-ဖေဖော်ဝါရီ -၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်းမြို့တွင်ရှိသော နယ်မြေခံ တပ်ရင်းဌာန ချုပ်အား ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ကိုးကန့်သောင်းကျန်း သူအင်အားစု အချို့မှ ဒုံးပစ်လောင်ချာ၊ လက်နက်ငယ်များဖြင့် အဝေးမှ လာရောက်နှောင့် ယှက်ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ ပြန်လည် ပစ်ခတ်ခဲ့ သဖြင့် သောင်းကျန်း သူများ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ လောက်ကိုင်မြို့ပတ်ဝန်း ကျင်တွင် နယ်မြေရှင်း လင်းရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်း က ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ ကိုးကန့်သောင်း ကျန်းသူအင်အားစုအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများထံမှ အမ်(၂၂) ၁လက်၊ ကျည် ၂၆ တောင့်နှင့် ကျည်အိမ် ၁ခု တို့ကို သိမ်းဆည်းရမိခဲ့သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့များသည် လောက်ကိုင်မြို့အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့်သောင်းကျန်းသူများ က လောက် ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာဘက်မှ လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်၏ နေအိမ်ဝင်းအတွင်းသို့ ကျရောက်ပေါက် ကွဲ ခဲ့ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ ၁ ဦးသေဆုံး၍ ၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။
ထိုသို့ လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ် ခဲ့သော နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။
ကုန်းကြမ်း-လောက်ကိုင် ကားလမ်းတွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှစ၍ ကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်း ဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် မိုင်တိုင်(၂၃)အနီးရှိ ကိုးကန့်သောင်းကျန်း သူများ ယာယီခြေ ကုပ်ယူ ထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၂၁၇၅ တောင် ကုန်းအား တိုက်ခိုက်သိမ်းပိုက်ရ ရှိခဲ့ပြီး ဆုတ်ခွာ သွားသော ကိုးကန့်သောင်း ကျန်းသူများနောက်သို့ တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်း လျက် ရှိကြောင်း သတင်းရရှိသည်။

10398685_665130123614857_8392314573819614054_n

#19/2 #UPDATE #War News #ဓာတ်ပုံ.. #တရုတ်သတင်းမီဒီယာ လောက်ကိုင်မြို့တွင် #တိုက်ပွဲအခြေအနေပြင်းထန်

Kyaw Thu
နာရေးကူညီမှုအသင်း-ရန်ကုန်

11001784_1795264994032127_7770346905050870935_n11002494_1795265017365458_8453739084777514461_n

လောက်ကိုင်မှစစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူတစ်ဦးယမန်နေ့ မန်လီရူးဝါးနှင့် လုံထန်အကြား ကိုးကန့်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်သေဆုံး 1922279_711427755622523_5490743769708975791_n-1 ကုန်ကြမ်းတွင် ပိတ်မိနေသည့် ကျောင်းဆရာမ ၂၀ ဦးကို ကယ်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိ 10408158_711428902289075_7682897653428995388_n

MNDAA RED CROSS ATTACK

MNDAA RED CROSS ATTACK

10337693_1417886561843017_8718061633591768616_n10392309_1417886581843015_6746986179560971001_n Senior General Min Aung Hlaing ရှမ်းပြည်နယ် (ကိုးကန့်) ကိုယ် ပိုင် အုပ် ချုပ် ခွင့်ရ ဒေ သ တွင် အုပ် ချုပ် ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ဗိုလ်မှူးကြီး စောမြင့်ဦးအား လွှဲပြောင်းပေးအပ် … ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/ ၂၀၁၅) ၁၃၇၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက် ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက်အမှတ်(၁)ကို ၁၃၇၆ခုနှစ်၊ တပို့တွဲလပြည်ကျော်(၁၄)ရက်၊ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံးဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။ ၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။ ၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေ မှူးများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။ ၄။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများ ဖြင့်လည်းကောင်း၊ မိမိ တာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော် လည်းကောင်း၊ အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်- (က) အုပ်ချုပ်ရေး ၁- လုံခြုံရေး ကိစ္စရပ်များ၊ ၂- လူမှုရေး ကိစ္စရပ်များ၊ ၃- ကုန်သွယ်ရေး ကိစ္စရပ်များ၊ ၄- သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ။ (ခ) တရားစီရင်ရေး ၁- တရားရုံးများဖြင့် ဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မူခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့် ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ ၂- စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မူခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင် နိုင်သည်။ ၃- ပြစ်ဒဏ်ချမှတ်ခြင်း။ တည်ဆဲ ဥပဒေများတွင် မည့်သို့ပင် ပါရှိစေကာမူ နောက်ဆက်တွဲ ဇယား(က)ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူ တစ်ဦးအား စစ်ခုံရုံးက ပြစ်မှု ထင်ရှား စီရင်ပါက အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်- (ကက) သေဒဏ်၊ (ခ ခ) နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်၊ (ဂ ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။ ၄- အတည်ပြုခြင်း။ စစ်ခုရုံးများက ချမှတ်သော ဆုံဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ် သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်- (ကက) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ (ခ ခ) ပြစ်ဒဏ် လျော့ပေါ့စေခြင်း၊ Continue reading “#19/2 #UPDATE #War News #ဓာတ်ပုံ.. #တရုတ်သတင်းမီဒီယာ လောက်ကိုင်မြို့တွင် #တိုက်ပွဲအခြေအနေပြင်းထန်”