#ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ #အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ #တမှုထဲ ရှိတယ် ထင်နေတာ။

ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ တမှုထဲ ရှိတယ် ထင်နေတာ။
အခုမှ အမှုသစ် တခု ထပ်ပေါ်လာတယ်။
တပ်မတော်ကို ခုတုံးလုပ်ပြီး အောက်တန်းကျတဲ့ ၀ါဒဖြန့်ချီမှုတွေ လုပ်နေတာ ဟာ စစ်ဘက်က ကြိုးကိုင်ထားတဲ့ အုပ်စုက ဖြစ်တယ်။
ဒီလောက် အဆင့်အတန်း မရှိ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ လူတစုကို တပ်မတော်က လက်ခံထားတာကို အလွန် ၀မ်းနည်းမိတယ်။
တပ်မတော်ကြီး ဂုဏ်သိက္ခာ ကျဆင်းနေရခြင်း၊ လူထုရဲ့ မုန်းတီးမှုကို ပိုပိုခံယူလာရခြင်း အကြောင်းရင်းတွေထဲမှာ ဒီလို လူတွေရဲ့ ရှက်ဖွယ်လိလိ အပုပ်ချအတင်းအဖျင်း ပြောရေးနေသူတွေကြောင့်ပါ။
ကျနော်မသိ မမြင်ဖူးသော ကလေးမလေး အတွက် ကျနော် စိတ်မကောင်းပါ။ သူ့ မိဘတွေ ကျန်ရစ်သူ မိသားစုသာ မြင်ရရင် ပိုလို့တောင် စိတ်မကောင်းဖြစ်အုန်းမယ်။
သေသွားသူရဲ့ ပုံတွေကို ကိုယ့် အဖွဲ့အစည်း အတွက် ၀ါဒဖြန့်ချီရေးမှာ မဟုတ်တမ်းတရားယူသုံးတာလောက် ဖေါက်ပြန်မှု မရှိဘူးထင်ပါတယ်။
အမည်မသိ၊ မြန်မာလူမျိုးရော ဟုတ်မဟုတ် မသိရတဲ့ မိန်းကလေး ရဲ့ မိဘများကို ကျနော် နေမျိုးဇင် က ကြားကနေ တောင်းပန်လိုက်ပါတယ်။
စစ်မိစ္ဆာကောင်၊ စစ်အာဏာရှင် လက်ပါးစေ အလိုတော်ရိတွေ ရှိနေသေးသမျှ ကျနော်တို့ မြန်မာပြည် သူပြည်သားတွေ ဘ၀ အစစ မလုံခြုံသေးပါဘူး ဆိုတာ အခုလို ပုံတွေက ဖေါ်ပြနေပါတယ်။

နေမျိုးဇင် cr. nay myo zin

10426879_1500416000210130_7055076794407353342_n

မုဒိန်းကျင့် လူသတ်ကောင် နေမျိုးဇင်၏ လူမှုရေးအရှုပ်တော်ပုံ

နေမျိုးဇင်အကြောင်း မသိသေးတဲ့ ပြည်သူတွေအတွက် ခံစားခဲ့ရတဲ့ပြည်သူတစ်ဦးတစ်ယောက် အတွက် မခံစားနိုင်လို့ ရင်ဖွင့်ပြရတာပါ။

နေမျိုးဇင် ခြေရှုပ်ခဲ့တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက ခင်နှင်းဖြူ(ခ)မိဖြူကို အတည်ပါဆိုတဲ့ စကားလေးနဲ့ ဖျက်စီးခဲ့ပြီး၊ ကိုယ်ဝန်ရှိမှ သူတာဝန်မယူနိုင်တော့ပါဘူးပြောလို့ စိတ်ထောင်း ကိုယ်ကြေနဲ့ အဆိပ်သောက်ခဲ့တဲ့အတွက် ခင်နှင်းဖြူ(ခ) မိဖြူသည် (23-10-2014) ရက်နေ့မနက် ၄ နာရီ ၃၀ မိနစ်တွင် ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာနေ ၄င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ Continue reading “#ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ #အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ #တမှုထဲ ရှိတယ် ထင်နေတာ။”