#update #DKBA #KAF #ကိုပါကြီးသည် #KKO #လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.

နိုဝင်ဘာ(၂)ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေငြာချက်

10407026_803386469725633_352441345355633328_n

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ ထုတ်ပြန်ချက်
အောက်တိုဘာ ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ယနေ့ကျင်းပပြီးစီး ခဲ့သော ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ နှစ်ရက်တာ ဆွေးနွေးပွဲ ထုတ်ပြန်ကြညာချက် အပြည့်အစုံ
1939808_558935680918482_2428926272513533967_o10700128_558936147585102_7214655191619122283_oKAF AGREEMENT

 

ယနေ့ DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ကျင်းပပြီးစီးခဲ့သည့် ကော်သူးလေတပ်မတော် ဆိုင်ရာဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်
အောက်တိုဘာ – ၃၀ – ၂၀၁၄
Audio ကရင်အမျိုးသား(မီဒီယာ) – ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်

https://soundcloud.com/mahn-myo-myint/ks1orqyguytb

ကိုပါကြီးသည် (KKO) လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.

အောက်တိုဘာ – ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
အလွတ်တန်းသတင်းထောက်ကိုပါကြီးသည် DKBA ၏နိုင်ငံရေးဦးဆောင်အဖွဲ့ KKO နှင့် လုံးဝပတ်သက်မှုမရှိသည့် သတင်းထောက်တဦးဖြစ်သည်ဟု အဖွဲ့၏ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ်စောမိုရှေးက ယနေ့ညနေက ဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပသတင်းထောက်များကို တရားဝင်ရှင်းလင်းပြောဆိုခဲ့သည်။
ကေကေအိုတွင် ပြန်ကြားရေးဌာနမရှိကြောင်း ကိုပါကြီးသည် ဒီကေဘီအေမှပြုလုပ်သည့် အခမ်းအနားများကို ပုံမှန်သတင်းလာယူသည့် သတင်းထောက်ဖြစ်ကြောင်း မိမိတို့အဖွဲ့ဝင်မဟုတ်ကြောင်းကို ရှင်းလင်းပြောဆိုခဲ့သည်။
ယနေ့ညနေက ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်တွင်ပြုလုပ်သည့် ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးပွဲအပြီးတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပုံစာ – ယနေ့ညနေတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။ cr. ကရင်အမျိုးသား- မီဒီယာ
10679860_558885800923470_425865084035263628_o10273140_558885600923490_6101462358786303109_o

 

https://democracyforburma.wordpress.com/2014/10/29/burma-myanmar-ကော်သူလေးတပ်မတော်-kaf-ဖ%E1%80%BC/

#UNFC #အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ #ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု #KNU #ဆုံးဖြတ် “

CR. ကရင်အမျိုးသား- မီဒီယာ
(UNFC) အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု KNU ဆုံးဖြတ် ”

အောက်တိုဘာ – ၂၈ – ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)

ယနေ့ဆက်လက်ပြုလုပ်သည့် KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်အဖြစ်အပြီးသတ် နုတ်ထွက်ခြင်းမရှိသေးဘဲ အမြင်မတူညီမှုများနှင့်သဘောထားကွဲလွဲမှုများကို (UNFC) တာဝန်ရှိသူများနှင့် KNU တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် အစည်းအဝေးက ယနေ့တွင်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဘားအံခရိုင်လေးဝါးစခန်းတွင် ယခုလ ၂၃ ရက်နေ့က စတင်ပြု လုပ်ခဲ့သည့် အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးကို မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည်ဟုလည်း သတင်းရရှိသည်။

အစည်းအဝေးသို့ KNU ဗဟိုကော်မတီဝင် ၅၀ ဦးရှိသည့်အနက် ရာနှုန်းပြည့်နီးပါး တက်ရောက်ခဲ့ကြသည်။

ပုံစာ – ဘားအံခရိုင်လေးဝါးစခန်းတွင်ပြုလုပ်နေသည့် ကေအင်န်ယူ

1901849_557826041029446_3190957783851351825_n

#MYANMAR #BURMA #ကရင်ငြိမ်းချမ်းရေးကောင်စီ ကြေညာချက်ထုတ်ပြန်

ကျား နဲ့ ဆင် လယ်ပြင်မှာ တွေ့ကြပြီ၊ မြေခွေးငစဉ်းလဲ စားဖို့ ဝါးဖို့ ချောင်းနေပြီပေါ့။

10710789_851791358186783_6007730645605579181_n

ပြီးခဲ့သောရက်က ဗိုလ်မှုးကြီး တိုက်ဂါး နှင့် အဖွဲ့ က ထုတ်ပြန်ခဲ့သော သတိပေးကြေညာချက်

10616388_282098178655670_3149170792776340819_n

မြန်မာစစ်တပ်ရာဇသံ ကရင်တက်ဖွဲ့လက်မခံ
စက်တင်ဘာ – ၁၇ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
KNU/KNLA . PC ကရင်ငြိမ်းချမ်းရေးကောင်စီနဲ့ကလို့ထူးဘောကရင်အစည်းအရုံး KKO အဖွဲ့တွေကို မြ၀တီအခြေစိုက် ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှူးကနေ ဒီလ ၁၄ ရက်နေ့စွဲနဲ့တားမြစ်သတိပေးစာပေးပို့ခဲ့တာကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လက်မခံတဲ့အကြောင်း ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။
အလားတူကြေညာချက်ကို မကြာမီထုတ်ပြန်သွားမယ်လို့လည်း ကလို့ထူးဘောကရင်အစည်းအရုံး KKO အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကြေညာချက်ကို ပြည်တွင်းပြည်ပက သတင်းဌာနတွေကို ကရင်ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးကြီးတိုက်ဂါးက ဒီနေ့ရက်စွဲနဲ့ပေးပို့ခဲ့တာပါ။
သူက” ဒီကိစ္စကိုလက်မခံနိုင်တဲ့အတွက် မီဒီယာကနေတဆင့် နိုင်ငံတကာက သိရှိနိုင်ဘို့အတွက် ထုတ်ပြန်ရတာဖြစ်တယ်”ဆိုပြီး ကရင်အမျိုးသား(မီဒီယာ)ကို ဒီနေ့မွန်းလွှဲပိုင်းမှာပြောဆိုခဲ့ပါတယ်။

 

10650049_532823146863069_75536286746900664_n10712401_532823140196403_6994151411787396782_o

စက်တင်ဘာ – ၁၇ – ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)

မြ၀တီအခြေစိုက် ရှေ့တန်းအမှတ် (၂၇၅ )ခြေလျ င်တပ်ရင်းမှ ပေးပို့သည့်သတိပေးတားမြစ်ခြင်း သတိပေးစာနှင့်ပတ်သက်၍ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU / KNLA .PC မှ ယနေ့ရက်စွဲဖြင့် ကြေညာချ က်တစောင် ထုတ်ပြန်ခဲ့သည်။

သတင်းအပြည့်အစုံကို မကြာမီဖော်ပြပေးပါမည်။ CR. ကရင်အမျိုးသား- မီဒီယာ

10661765_532757193536331_3444342676555756976_o10714279_532757336869650_5903284613180051495_o1601990_532757223536328_6326643460283232011_o10321502_532757333536317_7439468844794163996_o