#ဂွေးသီးနဲ့  #ဓါတ်ပုံတွဲရိုက်ဖူးသူများ #သတိ #အစိုးရ #ကို #လှန်မကြည့်နဲ့  ။

Htay Tint

11046828_10204156939987872_6940262918252855362_n-1

ဂွေးသီးနဲ့  ဓါတ်ပုံတွဲရိုက်ဖူးသူများ သတိ
အစိုးရ ကို လှန်မကြည့်နဲ့  ။
လိုအပ်ရင် ခုတုံးလုပ် အသုံချမယ် ။

ဂွေးသီး မြန်မာပြည် ပြန်ဝင်ခွင့် ဘယ်သူပေးခဲ့တာလဲ ။
ဂွေးသီး ကို တရားစွဲထားတာ ရဲက ဘာကြောင့် ခေါ်မစစ်ခဲ့တာလဲ ။
ဂွေးသီး မြန်မာပြည် အနှံ့  သွားခဲ့တယ် ။
အစိုးရ ခွင့်ပြု ချက်နဲ့ 
ဂွေးသီး အဖွဲ့ အစည်းပေါင်းစုံနဲ့  တွေ့ ဆုံခဲ့တယ် ။
ဆွေးနွေးခဲ့တယ် ။
ရဲက ဓါတ်ပုံမှတ်တမ်းတွေ လိုက်ယူထားတယ် ။

ဗဟိုအစိုးရ လွှတ်တော် နဲ့ အဖွဲ့ အစည်းတွေက
လက်ခံထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုကို
ဂွေးသီးက နောက်ကွယ်က ကြိုးကိုင်တဲ့
သဘောထားတွေ ရေးလာကြပြန်ပြီ ။

၁၉၈၈ ထဲက ဂွေးသီးကို ဗကပက စင်တင်တယ် လို့ ကြားဖူးတယ် ။
၁၉၉၀ ရွေးကောက်ပွဲမှာ ဂွေးင်္သီးကို ထောက်လှမ်းရေးက စင်တင်ဖို့ 
ငွေထုတ်ပေးတယ် လို့ ကြားဖူးတယ် ။
ကျောင်းသားတပ်တွေက ပြည်တွင်း နယ်စပ် ဆက်စပ်နိုင်ဖို့ 
ပြည်တွင်းက လူသိများတဲ့ ဂွေးသီးကို စင်တင် ပေးတယ် ။
၂၀၀၃ နောက်ပိုင်း အမေရိကန်မှာ ဂိန်နေတဲ့ ဂွေးသီးကို
မြန်မာပြည်က အတွင်း သတင်းပေးပြီး စင်တင်တယ် ။
၂၀၁၁ မှာ မိုးသီးကို မြန်မာပြည် ပြန်ဖိတ်ပြီး စင်တင်တယ် ။
၂၀၁၂ မှာ လူသတ်မှု သမိုင်းတွေ ပေါ်လာပြီး ဂွေးသီး
မြောင်းထဲရောက်သွားတယ် ။
၂၀၁၅ မှာ ဂွေးသီးကို ပညာရေးလှုပ်ရှားမှု နောက်ကွယ်က
ဆရာကြီး အဖြစ် လော်ဘီတွေက စင်တင်ပြန်ပြီ ။

ဒီလောက် အတွေးအခေါ်လေးနဲ့ 
လူထုကို ဦးဆောင် လော်ဘီလုပ်နေရင်
တိုင်းပြည် ပျက်ဖို့  တော်တော် နီးလာပြီ ။

ဗေဒင်ဆရာတွေ ဟောခဲ့တာတွေက
နိမိတ်ဖတ် သလို တနေ့ တခြား ပီပြင်လာနေပြီ ။
ဗျာဒိတ်ပေးခဲ့သလို ဖြစ်လာနေပြီ ။

အရှေ့  တရုပ်က ဖိ
ရှမ်းပြည်က အိဆင်းလာ
ရှိတဲ့ ဗမာ အနောက်က ကုလားအောက်မှာ တဲ့ ။

အစိုးရ နဲ့  လူထု
တပ်မတော်နဲ့  ကျောင်းသား
ဖွဲ့ စည်းပုံနဲ့  တိုင်းရင်းသား
ညီညွတ်နေခဲ့မယ် ဆိုရင်
ဘယ် အဖျက်သမားမှ
မြန်မာပြည်တွင်းမှာ
နလံမထူ နိုင်ဖူး ။

သန်း ၂ ထောင် ကြားက တိုင်းပြည်
ဘာပြသနာမှ မရှိဖူး ။

အစိုးရ မှားတာကို ထောက်ပြနေသူတိုင်း
ဂွေးသီး တပည့် လို့ ရေးနေတာတွေ
ရပ်ကြပါတော့ ပုဇွန် ဦးနှောက်လော်ဘီတွေ ။

MOETHEE ZUB LETPADAUNG COPPERMINING ISSUE

########
Thway Thit Sar

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးပါဆိုပြီး သပိတ်မှောက် မမှောက် ခင်ကပေါ့… သပိတ်မှောက် ကျောင်းသားခေါင်းဆောင်ပါ ဆိုသူတွေ အားလုံးက မိုးသီးဇွန်နဲ့ တွြေ့ပီး လက်ချာတွေယူ plan တွေ ဆွဲခဲ့ကြတယ်…
စဉ်းစားလို့ မရတာက… အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးလို့ ကြွေးကြော် သပိတ်မှောက်တယ်… ဒါပေမယ့် အမျိုးသားပညာရေး ဥပဒေ ကို ပြင်ဆင်ဖို့ထက်… ရန်ကုန်ကိုချီတက် ဆန္ဒပြဖို့က ဘာကြောင့် ပို အရေးကြီးနေရတာလဲ? Continue reading “#ဂွေးသီးနဲ့  #ဓါတ်ပုံတွဲရိုက်ဖူးသူများ #သတိ #အစိုးရ #ကို #လှန်မကြည့်နဲ့  ။”