Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ (မှူးဇော်)
အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”
၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။
အီးယူရဲ့နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ တစ်ဦးဖြစ်တဲ့ Federica Mogherini ကတော့ လှေနဲ့ လူ မှောင်ခိုတွေပင်လယ်ပြင်ထွက်မလာခင်အချိန်မှာ ကုလသမဂ္ဂအနေနဲ့ အီးယူရဲ့ဆုံးဖြတ်ချက်ကို အတည်ပြု ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီးယူအနေနဲ့ လူမှောင်ခိုတွေ ကို ကုန်းမြေမှာရော ပင်လယ်ပြင်မှာပါ နှိမ်နင်းနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံက တာဝန်ရှိသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အပြည့်အ၀ ရရှိဖို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။ အစပိုင်းမှာ အီးယူဥက္ကဌ က Boat People တွေကို အီးယူနိုင်ငံတွေ ခွဲဝေပြီး တာဝန်ယူဖို့ ပြောကြားခဲ့တဲ့အချိန်မှာ အပြင်းအထန် ကန့်ကွက်ပယ်ချခဲ့တာက ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။
တစ်ကယ်တော့ Boat People လို့ခေါ်တဲ့ ပြဿနာဟာ အီးယူနိုင်ငံအတွက်တော့ ခုမှအသစ်ဖြစ် ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ လှေစီးလူသားတွေ ပင်လယ်ပြင်မှာ သေကြေဆုံးရှုံးနေကြတာလည်း အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူဦးရေ (၈)သန်း နေရာရွှေ့ပြောင်းတိမ်းရှောင် မှုတွေ ဖြစ်ခဲ့ရပြီး လူ(၄)သန်းဟာ နိုင်ငံပြင်ပ လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ရပြီးတဲ့နောက် အိမ်နီးချင်း နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီထဲကမှ တချို့က လစ်ဗျားကို ရောက်လာကြတယ်။ တချို့ကတော့ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတဲ့ လူမှောင်ခိုလမ်းကြောင်းကြီး အတိုင်း အီဂျစ်၊ ဆူဒန်တို့ကို ထွက်ပြေးကြပါတယ်။ ဒီလူတွေဟာ အီရစ်ထရီးယားက ထွက်ပြေးလာတဲ့ လူတွေနဲ့ ရောနှောသွားပြီး ဥရောပကမ်းခြေတွေဆီ ထွက်ခွါလာခဲ့ကြတာ ဖြစ်ပါတယ်။ UNHCR ရဲ့ စာရင်း ဇယားတွေအရ ယခုနှစ်အတွင်း အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ လှေစီးလူတွေဟာ နှစ်သိန်းခြောက် သောင်းကျော်အထိ ရှိလာခဲ့ပြီ လို့လည်း ဆိုပါတယ်။ ဒီနည်းအတိုင်းပဲ လစ်ဗျား၊ အီရီထရီးယား၊ အာဖဂန် နစ္စတန်၊ မာလီ၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ပါလက်စတိုင်း၊ ဆီနီဂေါနဲ့ အခြားဒေသများက လှေစီးလူသားတွေဟာ ဂျာမဏီ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဗြိတိန်၊ ဘယ်လ် ဂျီယန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်စတဲ့ ဥရောပနိုင်ငံတွေဆီကို တအိအိနဲ့ ရောက်ရှိနေခဲ့ကြတာ ဖြစ် ပါတယ်။ အန္တရာယ်များလှတဲ့ လူမှောင်ခို တစ်ယောက် ပင်လယ်ပြင်ခရီးစဉ်တစ်ခေါက်ကို ဒေါ်လာ ငါးရာ ကနေ ဒေါ်လာ တစ်ထောင်အထိ လူမှောင်ခိုဂိုဏ်းတွေကို ပေးရတယ်လို့ Continue reading “#Boat #People #ပြဿနာတွေရဲ့ “အဖြေ” #က ဘာလဲ (မှူးဇော်)”
You must be logged in to post a comment.