!! #ဆရာဒေါက်တာလှိုင်မြင့်ရဲ့ #အင်မတန်ကောင်းမွန်တဲ့ #သုံးသပ်ချက်

ဆရာဒေါက်တာလှိုင်မြင့်ရဲ့ အင်မတန်ကောင်းမွန်တဲ့ သုံးသပ်ချက်

ဘဂါင်္လီ လှေစီးဒုက္ခသည်တွေ အရေး ဖြေရှင်းမှုမှာ အစိုးရ၏ အားနည်းချက်များ။
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

11265559_830501910318385_1357744725749527028_n

စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးရှာချင်လို့ အာဏာသိမ်းတယ်လို့ ပြောရင် ငြင်းချင်ကြမယ် ။ မခံနိုင်ကြဘူး။ ဘယ်ဗိုလ်ချုပ်မှ ကိုယ်ကျိုးမရှာထားဖူးတိုပြီး ငြင်းရဲသလဲ။ စိန်ခေါ်တာကို လက်ခံရဲသူရှိလား။

ပိုဆိုးတာက အဲဒီကိုယ်ကျိုးရှာတဲ့နေရာမှာ ကိုယ်စီးနေတဲ့ လေယာဉ်ရဲ့  ငွေနည်းနည်းလေးသာရပေမည့် ဝက်အူသေးသေးလေးကို ဖြုတ်ရောင်စားတဲ့သူတွေ ။ အဲဒီဝက်အူသေးသေးလေးက ဈေးသာ မရပေမည့် ပန်ကာကိုထိန်းထားတဲ့ဝက်အူလေးဖြစ်နေရင်တောင် ဖြုတ်ရောင်းတဲ့လူစားတွေ။

ဗိုလ်မျိုးညွှန့်  ပါးစပ်ကတော့ တဖွဖွ။ ဒေါ်စုက အင်္ဂလိပ်နဲ့ အိမ်ထောင်ပြုထားလို့  မြေမြိုလို့ လူမျိုးမပျောက်ဘူး..လူမျိုးမြိုမှ လူမျိုးပျောက်မယ် တဖွဖွ။ ပြီးသူတို့ ကိုယ်တိုင် ဒီဘင်္ဂါလီတွေကိုလာဘ် ငွေယူလက်ခံခဲ့လို့  တနစ်တခြားပိုပိုများလာတယ်။

ကျောက်နီမော် မုဒိန်းလူသတ်မှုမှာ အခုဒေါ်စုကို နိုင်ငံရေးအကျပ်အတည်းထဲ တွန်းပို့ချင်တော့ ဒေါ်စုက မြန်မာဖက်ကပါရင် ဘင်္ဂါလီဂျီဟတ်ကို ဖွင့်ပေးပြီး လာရှင်းခိုင်းမယ်။ ရိုဟင်ဂျာဖက်က ပါရင် နိုင်ငံရေးအရ ကိုယ်လည်ပင်းကိုယ်ကြိုးတပ်မိလျက်သား..DILEMMA ။ စစ်တုရင် စကားနဲ့ ဆို အပိုင်ခွချက်ဘဲ။ ဒေါ်စုက တစက်မှ-မဟတော့ ပြဿနာက အမှိုက်မီးကနေ ပြဿဒ်မီးစွဲတော့တာ။ ကိုယ့်ရှုးကိုယ်ပတ်။ ခုတော့ မရှင်းတတ်ကြ။ အရေးထဲ မာနက ကြီးကြီး ငါတို့ လောက်မသိမတတ်။

ဒေါ်စုကိုပြောတော့ အင်္ဂလိပ်လက်တံတဲ့။ အခုသူတို့ က အမေရိကန် ပွဲစားကို ပုံအပ်ရတယ်လို့။ လုပ်လိုက်ရင် S တလွှဲချည်းဘဲ ။ သမတလစာက တလ သိန်း ၅၀ ( ဒေါ်လာ ၅၀၀၀ )။ သမတဘေးက ဝန်ကြိးတွေ( ၆ ဦး ) ရဲ့ လစာက တဦး၃၀ x ၆ = သိန်း၁၈၀ ။ ဒု-ဝံတွေ ၊ မပါသေး။။ အကြံပေးတွေငှားထားတာ ဟုတ်မဟုတ်တော့မသိ တဦးကို တလ ဒေါ်လာ ၈၀၀၀ ကနေ ၁၀၀၀၀- ။ သိန်း၁၀၀ ဝန်းကျင်။ သမတထက်တောင်ဈေးကြီးနေသေး။
ထမ်းပိုးထက် လက်ခကြီး ။

ကနေ့  ဘင်္ဂါလီလှေစီးဒုက္ခသည်ပြဿနာပေါ်လာတယ်။ တဖက်က ဟိုလိုပြောလာလျင် ဒီလိုလှဲ့ ပြော။ မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာသလိုဖြစ်နေတယ်။ ထိထိရောက်ရောက် မတုန့် ပြန်နိုင်ဘူး။ သမိုင်းလဲ မကျွမ်း ၊ သိပ္ဗံလဲ မသိ ခက်ပါဘိ။ ယောတိ ယောရာ ယောင်ခြာခြာ။

ကျနော်လူတတ်ကြိးမဟုတ်ပေမည့် ဗိုလ်သိန်းစိန်ရဲ့  လူတွေထက်တော့ ကိုယ်ကိုသာတယ်လို့ ယုံတယ် ။ သေခြာတာကတော့ ဗိုလ်ချုပ်ရဲ့ မိန့် ခွန်းကို အငှားယူသုံးပြီး ..တိုင်းပြည်ကိုဘယ်လောက်ချစ်သလဲ အချိန်မရွေးပြိုင်ရဲတယ် ။ လူထုက ဆုံးဖြတ်မယ်ဆို သူတို့ ထဲက သီဟသူရဘွဲ့ ရတဲလူလဲလာခဲ့  ပြိုင်ရဲတယ် ။

ကျနော်စဉ်းစားတာလေးတွေ ချပြချင်ပါတယ် ။ လူအများပြောင်းရွှေ့ မှုကို နစ်ဖက်စဉ်းစားရပါတယ် ။ PUSH & PULL factors..လူကို တွန်းထုတ်မှု နင့် ဆွဲငင်မှု အကြောင်းတရား ၂ မျိုးနဲ့ ချိန်ထိုးပါမယ် ။ ကနေ့  အာဖရိက လှေစီးတွေကိုလဲ သူတို့ ဒီလိုဘဲ ချင့်ချိန်ကြပါတယ် ။

( ၁ ) ဘင်္ဂလားဒေရှ့် ဟာ ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးနိုင်ငံ ။ တရားဝင်သန်းကောင်စာရင်း( နစ်၂၀ကျော်ခဲ့ ) စာရင်းက လူဦးရေသန်း၁၅၂ -သန်း ။ ခန့် မှန်းသူတွေက ၁၆၅ သန်း။ တိုင်းပြည်မှာ လူနေမရတဲ့ တောင်တန်းနဲ့  ကျယ်ပြန်တဲ့ ဒီရေနွံတောဧရိယာသာထုတ်လိုက်လျင် လူနေထိုင်နိုင်တဲ့ ဧရိယာက သေးသေးလေးမှာ လူ သန်း၁၆၀ ပြွတ်သိပ်ကျပ်ညပ်နေတာက အဓိက PUSH ကအဓိကတွန်းအား ။

( ၂ ) အလုပ်အကိုင်းရှားပါးမှု ။ နိုင်ငံရေးမတည်ငြိမ်မှု နင့် အဓိက နိုင်ငံရေးခေါင်းဆောင်အမျိုးသမိးနစ်ဦး၏ တဦးအပေါ်တဦး မုန်းတီးမှုကြိးမားခြင်း ၊ ညစ်ပတ်တိုက်ခိုက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံသော စီးပွားရေးလုပ်ငန်းကြိးများကိုပါတိုက်ခိုက်လာသည့်အထိ လွန်ကဲလာမှုက ရင်းနီးမည့်အလုပ်များကိုကန်ထုတ်နေမှုကလည်း အဓိက တွန်းမောင်းကန်အားဖြစ်နေပြန်သည် ။ Continue reading “!! #ဆရာဒေါက်တာလှိုင်မြင့်ရဲ့ #အင်မတန်ကောင်းမွန်တဲ့ #သုံးသပ်ချက်”