Breaking news
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ မန်တုံမြို့နယ်၊ ပန်ကန်းကျေးရွာ အနီးတွင် ယနေ့ နိုဝင်ဘာလ ၆ ရက် နေ့လည် ၁၀း၀၀ နာရီ အချိန်မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၈၇၆) နှင့် မြန်မာ့တပ်မတော် တပ်မ(၉၉) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။
ယခုလအတွင်း သုံးကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
တအာင်းဒေသတိုက်ပွဲဆက်တိုက်ပြန်ဖြစ်လာ
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာနှင့် နမ့်ပုံကြားတွင် နိုဝင်ဘာလ ၄ ရက် နေ့လည် ၁၁း၃၀ နာရီ အချိန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ရင်း (၁၀၁) နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားသည့်တိုက်ပွဲသည် ညနေ ၁၄း၃၀ နာရီ အချိန်တွင် တိုက်ပွဲပြီးဆုံးသည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ
ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှု အသေးစိတ်အား အတည်မပြုနိုင်သေးပါ။
တအာင်းတပ်( TNLA) လှုပ်ရှားစခန်းတစ်အား မြန်မာ့တပ်မတော်မှ နိုင်ဝင်ဘာ (၂) ရက်နေ့ တွင် စတင် တက်ရောက်တိုက်ခိုက်လာကာ ထိုနေ့တွင် ပန်ပူးလေး ကျေးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုများသဖြင့် ပိန်းပွန်ကျေးရွာဖက်သို့ ဆုတ်ခွာသွားခဲ့သည်။
တအာင်းတပ်မတော်မှ ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် လုံကမ်ဖက် တပ်ရွှေ့လာရာ မြန်မာ့တပ်မတော်မှ ဆက်လက်လိုက်လံ တိုက်ခိုက်ရာမှ နှစ်ဖက် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။
မန်ပူးလေးကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့အလောင်း မြှုပ်နှံ့ထားသည့်နေရာ ၄ နေရာနှင့်ကျည်ဆံအချို့ တွေ့ရှိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
PSLF -TNLA News & Information Department
You must be logged in to post a comment.