https://democracyforburma.wordpress.com/2015/03/10/အောင်ေ%E1%80%BBမဗိမာန်-ဘုန်း%E1%82%80က/ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ထုတ်ပြန်
ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် သတင်းရယူနေသည့် သတင်းထောက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ ယခုလုပ်ဆောင်မှုသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်မှောက်ကျောင်းသားများနှင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်၍ ပြည်သူလူထုထံ သတင်းတင်ပြပေးနေသော သတင်းမီဒီယာသမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။ Continue reading “!! #88 #MPC #ABFSU #ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း #ပင်မ #STATEMENT #DEADLINE #blockages”
Category: STUDENTS BOYCOTT
#အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ #သဘောထားကြေညာချက်
“အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ သဘောထားကြေညာချက်”
==========================================
အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့
၁၃၇၆-ခုနှစ်၊ တပေါင်းလဆန်း(၁၂)ရက်
၂၀၁၅ ခုနှစ် မတ်လ(၁)ရက်
ကြေညာချက်အမှတ် ၃/မနစ/၂၀၁၅(သဘေားထားကြေညာချက်)
၁။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှ ဦးဆောင်ကျောင်းသားခေါင်းဆောင်များသည် (၂၈.၂.၂၀၁၅)ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မကွေးကျောင်းတိုက်၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ ရဟန်း ရှင် လူ ပြည်သူများအား သံသယဖြစ်စေနိုင်သည့် ပုဒ်မများ ရှိသည့်အတွက် ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့အနေဖြင့် ယခင်ကျောင်းသားသပိတ်ဦးဆောင်လှုပ်ရှားနေသော ကျောင်းသားသမဂ္ဂအဖွဲ့စည်းထူထောင်ခွင့်၊ ဒီမိုကရေစီပညာရေး၊ ဆရာများသမဂ္ဂပေါ်ပေါက်ရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ရေးတို့အတွက် ကြိုဆိုထောက်ခံအားပေးခဲ့ပါသည်။
၃။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုရလာဒ်အဖြစ် ထွက်ပေါ်လာသော အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတွင် အမျိုးသားရေးရှုထောင့်မှ တိုင်းပြည်၏ အမျိုးသားလုံခြုံရေးအရ ပျော့ကွက်၊ ဟာကွက်၊ ယိုပေါက်တွေပါရှိသည်ကို တွေ့ရှိရသဖြင့် များစွာစိုးရိမ်ကြရပါသည်။
၎။ ထို့ကြောင့် ဒီမိုကရေစီယဉ်ကျေးမှုအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းမှ ရဟန်း ရှင် လူ ပြည်သူများ စိုးရိမ်သံသယဖြစ်နေသော ပုဒ်မအချို့အား စကားရပ်အစားထိုး၍သော်လည်းကောင်း၊ ပုဒ်မအချို့ အား ပယ်ဖျက်၍သော်လည်းကောင်း၊ တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာ ရေရှည်အကျိုးကိုမျှော်ကိုးလျှက် ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် ထိပ်တိုက်ရန်လို ဖြေရှင်းနည်းများကို ရှောင်ရှားကြပါရန် တိုက်တွန်းအပ်ပါ သည်။ Continue reading “#အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ #သဘောထားကြေညာချက်”
You must be logged in to post a comment.