#ဗကသပင်မသပိတ်စစ်ကြောင်းမှ #၏စာမေးပွဲကိုရှေးရှု၍အစိုးရထံအချက်

ဗကသပင်မသပိတ်စစ်ကြောင်းမှ ၁၀တန်းစာမေးပွဲနှင့်သံဃာတော်များ ၏စာမေးပွဲကိုရှေးရှု၍အစိုးရထံအချက် ၈ချက်တောင်းဆိုပြီးဆက်လက်ချီတက်မည် အကြောင်းကိုသတင်းစာရှင်းပွဲလုပ်ပြီ 1:သာယာဝတီထိလမ်းလျှောက်မယ် 2:သာယာဝတီကနေ ရန်ကုန် ကားစီမယ် 3:ရန်ကုန်သွားရာလမ်းမှာအလံထောင်မယ် 4:ရန်ကုန်သွားရာလမ်းမှာသီချင်းဖွင့်သွားမယ် 5:ရန်ကုန်သွားရာလမ်းမှာကားကိုပုံမှန်မောင်းမယ်(မနှေးမမြန်) 6:ရန်ကုန်သမဂ္ဂရင်ပြင်(သို့)ရွှေတိဂုံကျောက်တိုင်မှာဂါရဝပြုမယ် 7:ပြီးရင်လူစုခွဲမယ်ရဲအာဏာပိုင်တို့ကအတင်းအကျပ်ပြန်မပို့ရဘူး 8:လုံခြုံရေးကားတန်းကိုခွာလိုက်ရမယ် အထက်ပါဖော်ပြချက်အတိုင်းငြိမ်းချမ်းစွာချီတက်ပြီး လွှတ်တော်တွင်းအခြေအနေများကိုစောင့်ကြည့်လေ့လာမှုများပြုလုပ်သွားမည်မည် cr.ko Min Zaw 11034209_436729183118804_8337401487495121007_n10329026_436729206452135_1701221033963540794_n11025197_436729173118805_1179034546568766756_n
ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်ချီတက်နေသော ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ပင်မ) မှ သတင်းစာ ရှင်းလင်းပွဲကို ၂. ၃. ၁၅ ညနေ ၄း၁၅ နာရီက ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ပဲခူးတိုင်း နယ်/လုံ ဝန်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေး၍ တောင်းဆိုချက် (၈)ချက် တောင်းဆို ခဲ့တာတွေကို အဓိကထား ထုတ်ပြန်ပေးခဲ့ပါတယ်။

11025719_908757025841046_2870836285646814708_n

တောင်းဆိုမှု (၈)ချက် သည် မကြာမီ ဖြေဆိုတော့မည့် ကျောင်းစာမေးပွဲများ အပေါ် စိုးရိမ်နေကြသော ကျောင်းသား/သူများ နှင့် မိဘပြည်သူများအား စိတ်ချမ်းမြေ့စေရန် နှင့် ၊ ဆက်လက်ကျင်းပမည့် သံဃာတော် အရှင်သူမြတ်များ၏ စာမေးပွဲများအပေါ် စိတ်ချမ်းမြေ့စေရန် တို့ကို အလေးထား၍ မိမိတို့ ကြေညာထားသည့် ရန်ကုန် သို့ အချိန်တို ရက်တိုဖြင့် စာမေးပွဲများ မတိုင်မီ ရောက်ရှိပြီး အဘက်ဘက်မှ အကောင်းဆုံး ဖြစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

၁။ ၃. ၃. ၁၅ နေ့မှာ သာယာဝတီ ကို ဆက်လက်ချီတက်ပြီး ညအိပ် နားမယ်။

၂။ ၄. ၃. ၁၅ နံနက်မှာ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်သို့ ကားများဖြင့် သွားလိုတယ်။ ကားများကလဲ ပြန်ကြားရေး ကား အပါအဝင် ကိုယ့်အစီအစဉ်နဲ့ ကားများ သုံးပါမယ်။ (ရဲတပ်ဖွဲ့မှ စီစဉ်သောကားများ မစီးပါ)။

၃။ သမဂ္ဂ အလံထောင်ပါမယ် ။

၎။ ကျောင်းသား သီချင်းဖွင့်မယ် ။

၅။ လမ်းတစ်လျှောက် ပြည်သူမျာ သိရှိစေရန် ဖြေးဖြေး မှန်မှန် ဖြင့် ကားများ မောင်းနှင်မည်။

၆။ ရန်ကုန် သို့ ရောက်ရှိပါက ရွှေတိဂုံ (သို့မဟုတ်) သမဂ္ဂ ရင်ပြင် နေရာတွင် အခမ်းအနား တရပ်ကျင်းပ၍ လူစုခွဲမည်။

၇။ လူစု ခွဲပြိးနောက် ကိုယ့်အစီအစဉ် နဲ့ ကို ကျောင်းသားများ အိမ်ပြန်မည် ဖြစ်ပြီး သက်ဆိုင်ရာမှ လိုက်လံပို့ဆောင်မှု စီစဉ်မှုကို လက်မခံပါ။

၈။ ထိုသို့ ရန်ကုန် သွားရာတွင် လုံခြုံရေးကားများ လိုက်ပါခြင်းကို လက်ခံသည်။ သို့သော် ရှေ့ပြေးယာဉ် ခပ်ခွာခွာ နှင့် နောက်မှ လုံခြုံရေးကား များ ခပ်ခွာခွာ လိုက်ရန် တို့ ဖြစ်ပါသည်။ Continue reading “#ဗကသပင်မသပိတ်စစ်ကြောင်းမှ #၏စာမေးပွဲကိုရှေးရှု၍အစိုးရထံအချက်”