ရှမ်းမြောက်ဒေသ နယ်မြေအခြေအနေ
SSPP/ SSA( ဝမ်ဟိုင်း) အဖွဲ့ရဲ့အဓိကစိုးမိုးတောင်ကုန်းဖြစ်တဲ့ ပေ ၃၂၈၀အမြင့်ရှိ လွယ်ချိန် တောင်ကို တပ်မတော်က
၂၁- ၁၀-၂၀၁၁၅ ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီးတဲ့နောက်
ဝမ်ဟိုင်းဌာနချုပ် ကို မြေအနေအထားအရအသာရခဲ့ပါတယ်။
ဆုတ်ခွာသွားတဲ့ အဖွဲ့တွေဟာ ၂၁ ရက်ည (21:30)
အချိနိမှာ ဝမ်ဟ်ုင်းဌာနချုပ် ကိုပြန်လည် ပူးပေါင်းခဲ့ပါတယ်။ဖြစ်စဉ်မှာ SSA အဖွဲ့မှ အလောင်း(၇) လောင်းကျန်ခဲ့ပြီးမိမိဘက်မှ (၄) ဦး
မစိုးရိမ်ရ ဒဏ်ရာရ ရှိခဲ့ပါတယ်။
အရေးပါတဲ့တောင်ကုန်းစွန့်လွှတ်ခဲ့ရပြီးနောက်ပိုင်းမှာ
SSA မှ ဒုစစ်ဦးစီးချုပ် ခေးတိုငိး မှလက်မှတိထိုးပြီး
ဒုတိယ သမ္မတ ထံ ပေးပို့တဲ့စာမှာ တိုက်စစ် ကို ရပ်တံ့ပေးဖို့
ပါဝင်ခဲ့ပါတယ်။
အောက်တိုဘာလ( ၂၂) ရက်နေ့မှာ တပ်မတော်မှ ဝမ်ဟိုင်းဒေသ ပွိုင့် ၁၂၅၂တောင်ကုန်းကို (၄) နာရီကြာ တိုက်ခိုက်ပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ပွဲတွေ ကို တန်ပြန်တဲ့အနေနဲ့ မိုင်းရှူးမြို့လယ် ရှမ်းစာပေနဲ့ယဉ်ကျေးမှု ရုံးအနီးမှာ ချိန်ကိုက်ဗုံးဖောက်ခွဲခဲ့သလို မိုင်းစံမြို့နယ်ခွဲ ရဲစခန်းကို
ဗုံးခွဲခဲ့ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ဝမ်ဟ်ုင်းအဖွဲ့ပေးပို့တဲ့စာမှာ ဝိန်းကောင်နောက်တန်းဌာနချုပ်တိုက်ခိုက်မှုကို SSPP ဗဟို အနေနဲ့ မသိရှိဘူး လို့ငြင်းဆိုခဲ့တာဖြစ်ပါတယ်။
မြေအနေအထားအရ SSPP နယ်မြေဟာအချက်အခြာ နေရာတစ်ခုကို ထိန်းချုပ်နိုင်ရင် ဗဟို ကိုထိန်းထားနိုင်ဖို့ခက်ခဲတဲ့အတွက် တပ်မတော်အနေနဲ့သိမ်းပိုက်မယ်ဆိုရင် မကြာပါဘူး ကျသွားနိုင်ပါတယ်။ဒါက တပ်ရဲ့အားသာချက်ပါ
တပ်အတွက်အားနည်း ချက်ကတော့ SSPP နယ်မြေမှာ ကျေးရွာတွေများတဲ့အတွက် အကန့်အသတ်နဲ့သာ တိုက်ခိုက်ပါတယ်။
KIA နဲ့ရှမ်းမြောက်အခြေအနေ
တာမိုးညဲ ကွတိခိုင်အနီးက ဟူဖျစ်ကျေးရွာ အရှေ့ဘက်
လွယ်ခန်တောင်ကြာ မှာအောက်တ်ုဘာ ၂၁ ရက် မနက် ၉နာရီ က စပြီး ညပိုင်းအထိ နဲ့နောက်တစ်ရကိ အောက်တိုဘာလ ၂၂ ရက်မနက် ၇နာရီလောက်ကစပြီး
KIA တပ်မဟာ (၄) နဲ့တိုက်ပွဲ ပြင်းထနိစွာ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဟာ တစ်နေကုန်ဖြစ်ပွားပြီး
နှစ်ဘက်ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။CR.
Tin Ko Win
SSPP/ SSA ဒုတိယ ခေါင်းဆောင် လက်မှတ်ရေးထိုးပြီး ဒုတိယသမ္မတ ထံပေးပို့တဲ့စာမှာ
ဝိန်းကောင်က တပ်ရင်း ဌာနချုပ်ကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့တိုက်ခိုက်တာဟာ SSPPက တိုက်တာမဟုတ်ဘူး လို့ဖော်ပြထားပါတယ်။
ဒီစာပါ အကြောင်းအရာအတိုင်း ပြန်ပြော ရ ရင်
ဝိန်းကောင်တပ်ရင်း အတိုက်ခံ ရလို့ ဗိုလ်ချုပ်ကြီး
ရာပြည့် ကိုယ်တိုင်တက်လာတာဖြစ်ပြီး
ဝိန်းကောင်တပ်ရင်း အတ်ုက်မခံရ ရင် လာစရာ
မရှိဘူး လို့ပဲပြောပါရစေ
ငြိမ်းချမ်း မှုက ရိုးသားမှုနဲ့ စတင်ရပါတယ်
You must be logged in to post a comment.