ရှမ်းပြည်နယ် (ကိုးကန့်) ကိုယ် ပိုင် အုပ် ချုပ် ခွင့်ရ ဒေ သ တွင် အုပ် ချုပ် ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ဗိုလ်မှူးကြီး စောမြင့်ဦးအား လွှဲပြောင်းပေးအပ် …
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/ ၂၀၁၅)
၁၃၇၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက်အမှတ်(၁)ကို ၁၃၇၆ခုနှစ်၊ တပို့တွဲလပြည်ကျော်(၁၄)ရက်၊ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံးဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။
၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။
၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေ မှူးများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
၎။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများ ဖြင့်လည်းကောင်း၊ မိမိ တာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော် လည်းကောင်း၊ အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-
(က) အုပ်ချုပ်ရေး
၁- လုံခြုံရေး ကိစ္စရပ်များ၊
၂- လူမှုရေး ကိစ္စရပ်များ၊
၃- ကုန်သွယ်ရေး ကိစ္စရပ်များ၊
၎- သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ။
(ခ) တရားစီရင်ရေး
၁- တရားရုံးများဖြင့် ဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မူခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့် ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
၂- စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မူခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင် နိုင်သည်။
၃- ပြစ်ဒဏ်ချမှတ်ခြင်း။ တည်ဆဲ ဥပဒေများတွင် မည့်သို့ပင် ပါရှိစေကာမူ နောက်ဆက်တွဲ ဇယား(က)ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူ တစ်ဦးအား စစ်ခုံရုံးက ပြစ်မှု ထင်ရှား စီရင်ပါက အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
(ခ ခ) နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်၊
(ဂ ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။
၎- အတည်ပြုခြင်း။ စစ်ခုရုံးများက ချမှတ်သော ဆုံဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ် သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(ခ ခ) ပြစ်ဒဏ် လျော့ပေါ့စေခြင်း၊
(ဂ ဂ) ပြစ်ဒဏ်ကို ပို၍ နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှု ထင်းရှားစီရင်ခြင်းကို အတည်ပြုခြင်း။
၅- အယူခံခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိစေရ၊
၆- ပြင်ဆင်မှု လျှောက်ထားခြင်း။ စစ်ခုံရုံးများကိ သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လည်းကောင်း၊ အခြား ပြစ်ဒဏ်ချမှတ်ခြင်းခံရ ပါက ပြစ်ဒဏ် ချမှတ်ခံရသည့်နေ့မှ (၁၅)ရက်အတွင်း ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)ထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှု ဖွင့်၍ ဆောင် ရွက်နိုင်သည်။ ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များ ရှိသည်-
(ကက) ပြစ်မှု ထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ Continue reading “#နိုင်ငံတော်သမ္မတရုံး #စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း”
You must be logged in to post a comment.