Skip to content

democracy for burma

Burma Myanmar news

  • ABSDF North Spy case Conferences documents
  • Election Laws doc. and voices
  • WIKILEAKS BURMA DOCUMENTS
  • 88 generation students’ timeline

Category: MUSLIM

!! #မြေနီကုန်း စမ်းချောင်း ရဲစခန်းရှေ့ ဖြစ်ခဲ့သမျှ #HMUU ZAW

On July 21, 2015July 21, 2015 By Burma Myanmar newsIn Burma, FACEBOOK, HMUU ZAW, MUSLIM, MYANMARLeave a comment

မြေနီကုန်း စမ်းချောင်း ရဲစခန်းရှေ့ ဖြစ်ခဲ့သမျှ အခုလက်ရှိ Facebook မှာ မြေနီကုန်း စမ်းချောင်း ရဲစခန်းရှေ့မှာ ဖြစ်ပွားတဲ့ ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းမှု၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များကို မိုက်မိုက်ရိုင်းရိုင်း ပြုမူမှု၊ ရဲတပ်ဖွဲ့ဝင်များကို ရန်ရှာကြိမ်းမောင်းမှုများနဲ့ ပတ်သက်ပြီး ပြည်သူများအကြား မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ပွားစေလိုတဲ့အတွက် အောက်ပါအတိုင်း ရှင်းလင်း တင်ပြအပ်ပါတယ်- (၁) ဖြစ်ပွားမှုမှာ ပါဝင်တဲ့ ခင်မောင်မြင့်ဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ စမ်းချောင်းရဲစခန်းရှေ့မှာ ယခုလို ပြုမူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ (၂) ခင်မောင်မြင့်ကို စမ်းချောင်းမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ (၃) ဗိုလ်တထောင် အစ္စလာမ်ဘာသာရေးကျောင်းမှ ဘာသာရေးဆရာတွေဖြစ်တဲ့ ဦးကိုကိုနိုင်၊ ဦးစောခင်မောင်ထွဋ်တို့ကို ခေါ်ယူမေးမြန်းခဲ့ပါတယ်။ မေးမြန်းချက်အရ ၂၀၁၅ ခုနှစ် မေလကစတင်ပြီး စိတ်ကျန်းမာရေး မူမမှန်/ကောင်းမွန်မှု မရှိတဲ့အတွက် သင်ကြားရေးဆရာအဖြစ်က ရပ်စဲခြင်း ခံခဲ့ရသူ ဖြစ်တယ် ဆိုတာ သိရပါတယ်။ (၄) ခင်မောင်မြင့်ရဲ့ ဖခင်ဖြစ်သူ ဦးခင်သိန်းရဲ့ တင်ပြချက်အရ ခင်မောင်မြင့်ဟာ – – ၂၀၀၉ ဇန်န၀ါရီလကတည်းက စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး သတိလစ်မေ့မျောခဲ့တဲ့အတွက် စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး) မှာ ၂ ပတ် တက်ရောက်ကုသခဲ့ပ့ါတယ်။ – ဆေးရုံက ဆင်းခဲ့ပေမယ့် စိတ်ရောဂါဆိုင်ရာ ဆေးဝါးတွေကို ယနေ့အထိ သောက်သုံးနေရသူ ဖြစ်ပါတယ်။ – ၂၀၁၅ ခုနှစ် မေလမှာ စိတ်ကျန်းမာရေး ပြန်ဖောက်လာတဲ့အတွက် ဘာသာရေးဆိုင်ရာ သင်ကြားရေးဆရာအဖြစ်က ရပ်စဲခဲ့သူ ဖြစ်ပါတယ်။ – ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီမှာ ရန်ကုန်သွားမယ်ဆိုပြီး အိမ်က ထွက်သွားခဲ့ရာက ယခုလို ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ (၅) ဖခင်ဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံကြီးရဲ့ ဆေးကုမှတ်တမ်းတွေ ပေးအပ်ခဲ့ပါတယ်။ (၆) ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီ ၅ မိနစ်မှာပဲ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ယင်း၏ဖခင် ဦးခင်သိန်းတို့နဲ့အတူ ခင်မောင်မြင့်ကို ရွာသာကြီးစိတ်ကျန်းမာရေး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ (၇) ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံးကြီးက တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ အနေနဲ့ ခင်မောင်မြင့်ရဲ့ စိတ်ကျန်းမာရေးကို ဆက်လက်စစ်ဆေးလျက် ရှိကြောင်း သိရှိရပါတယ်။ အကဲဆတ် ထိရှလွယ် အခြေအနေမှာ ယခုလို အထင်အမြင်လွဲမှားဖွယ် ဖြစ်ရပ်တွေကြောင့် ပဋိပက္ခတွေ ကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စဖြစ်တဲ့အတွက်လည်း စိုးရိမ်ပူပန်စရာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပဋိပက္ခ မီးတွေ တောက်လောင်စေဖို့ ရည်ရွယ်ချက် ရှိရှိ လှုံ့ဆော်လေသလား ဆိုတာကိုလည်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ အထူးအလေးထား စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါတယ်။ (အမှန်တစ်ကယ် ရူးချင်ယောင်ဆောင်တယ်၊ ရည်ရွယ်ချက် ရှိရှိ လှုံ့ဆော်မှု လုပ်ခဲ့တယ် ဆိုရင်တော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူရမှာပဲ ဖြစ်ပါတယ်။) ယနေ့ Facebook မှာ ခင်မောင်မြင့်ရဲ့ ပြုမူဆောင်ရွက်ချက်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး အငြင်းပွားဖွယ်ရာ နောက်ဆက်တွဲများ မဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို သိရှိစေနိုင်ရန် တင်ပြရခြင်း ဖြစ်ပါတယ်။ Facebook တွင် အဆိုပါ စမ်းချောင်းရဲစခန်းရှေ့ ဖြစ်စဉ်သတင်းများ တွေ့ရှိလာခဲ့ရပါက ဖြစ်စဉ်မအမှန်ကို နီးစပ်ရာ မိတ်ဆွေများသို့ ဤသတင်းအား ဆက်လက် လက်ဆင့်ကမ်း အသိပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။ CR.HMUU ZAW 11713834_838636932900063_8635039877820154737_o 18389_838640822899674_6789402209479406625_n11041037_838640826233007_992817117157985265_n 11745603_838640819566341_8885958780490315550_n

11755724_271743773020121_5658704366131203576_n11704866_271743806353451_3491134170506922088_n11751459_271743759686789_5073758371887130198_n

Pages

  • 88 generation students’ timeline
  • ABSDF North Spy case Conferences documents
  • Election Laws doc. and voices
  • WIKILEAKS BURMA DOCUMENTS

Meta

  • Register
  • Log in
  • Entries feed
  • Comments feed
  • WordPress.com
August 2022
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
« Nov    

Recent Posts

  • အရေးတော်ပုံအောင်နေပြီ Shadow Assassin Alliance
  • There is no hit list 
  • ယနေ့ ( ၁၇.၁၀.၂၀၂၁ ) မွင့် ခါး ပွဲ များ
  • ပန် ဆယ် လို The World most Expensive Ukulele
  • Military council plans to seal NUG Deputy Health Minister’s house

BAUGYI

Top Posts

  • #THAILAND #BODY #HANSPETER #SUTHER #FOUND #Lamare #beach #Chumphon
  • #update #MYANMAR #BURMA #GOVERNMENT #ARMY #RAPED AND #KILLED #2 #KACHIN #WOMEN 19/1.2015
  • Perils facing Myanmar migrant workers in Malaysia
  • #อัพเดพ #CRIME #10/10/ #2 #นักท่องเที่ยวชาวอังกฤษถูกฆาตกรรมบน #หาดทรายรี #เกาะเต่า
  • Burma day in City of Berkeley, California, USA 8.8.88 event
  • SSA-RCSS Commando-Video
  • Kuki National Front (KNF) celebrated its 25th raising anniversary
  • မသာတစ်ခေါက် ကျောင်းဆယ်ခေါက် လိုပါဘဲ အခု အွန်လိုင်းမှာ ပဲခူးတိုင်းဝန်ကြီး ချုပ် နံမည်ကြီးနေတာ ဒီပုံလား သိချင်ပါတယ်။
  • #BURMA #MYANMAR #WOMEN #MURDERED #KOH #SAMUI #SURATHANI
  • BURMA MYANMAR MYNMAR Govt has strongly rejected AP wired news that stated myanmar kills more than-dozen muslims

88 students 2010 Election ABSDF ANTI GOVERNMENT ANTI GOVERNMENT PROTEST Arakan Asean Bangkok Bangladesh BDC Bengali BGF Buddhism Burma Burmese Army Burmese Monks china CLIP CRIME Daw Aung San Suu Kyi Democracy DKBA DKBA Killers Drugs ETHNICS EU FREE BURMA Genocide Government Human Rights India Information Junta Kachin Kachin State Karen KIA KIO KNLA KNU malaysia Meeting migrants Mon monks Myanmar NEWS NLD Occupy Bangkok PDRC Police political prisoner political prisoners prisoner Protest Rakhine State refugee Rohingyas SHAN shutdown bangkok so-called Rohingya SPDC statement Thai-Burma Border Thailand THAIUPRAISING Thugs and Thieves Trial UN US USA U WIRA THU Video WAR world focus on Burma

THAILAND STRONGER TOGETHER

Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Follow Following
    • democracy for burma
    • Join 4,583 other followers
    • Already have a WordPress.com account? Log in now.
    • democracy for burma
    • Customize
    • Follow Following
    • Sign up
    • Log in
    • Report this content
    • View site in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

You must be logged in to post a comment.