တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးလျှင် နယ်ခြားစောင့်တပ်၊ ပြည်သူ့ရဲဝန်ထမ်းအဖြစ် အသွင်ပြောင်းခြင်းလက်မခံဟု KNLA ထုတ်ပြန်
Byအောင်ခိုင်On Thu, 2015-10-15
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးလက် မှတ် (NCA) မရေးထိုးမီတစ်ရက် အလိုတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)က အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပါက နယ်ခြားစောင့်တပ်ဖြစ်စေ၊ ပြည်သူ့ရဲဝန်ထမ်းဖြစ်စေ အသွင် ပြောင်းခြင်းကို လုံးဝလက်ခံမည် မဟုတ်ဘဲ လက်ရှိ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မ တော်အနေဖြင့်သာ ဆက်လက် ရပ်တည်မည်ဟု အတိအလင်း ထုတ်ပြန်ကြောင်း ကြေညာလိုက် သည်။
KNLA ဗဟိုစစ်ဦးစီးဌာနချုပ် က အပစ်အခတ်ရပ်စဲရေးနှင့်ပတ် သက်သည့် ရပ်တည်ချက်အဖြစ် ထုတ်ပြန်သော ယင်းကြေညာ ချက်တွင် KNLA သည် ကရင်အ မျိုးသားလွတ်မြောက်ရေးနှင့် ကာ ကွယ်ရေးအတွက် ကရင်အမျိုး သားအစည်းအရုံး(KNU)က ဖွဲ့ စည်းသည့် ကရင်အမျိုးသားတော် လှန်ရေး တပ်မတော်တစ်ရပ် ဖြစ်သည်ဟု အစချီကာ ဆုံးဖြတ်ချက် ခြောက်ချက်ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ချိန်တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးနှင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့မှာ နေပြည်တော်တွင် NCA လက်မှတ်ထိုးရန်ရောက်နေသည်။ Continue reading “#တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် #လက်မှတ်ထိုးပြီးလျှင် နယ်ခြားစောင့်တပ်၊ ပြည်သူ့ရဲဝန်ထမ်းအဖြစ် အသွင်ပြောင်းခြင်းလက်မခံဟု #KNLA #ထုတ်ပြန်”
You must be logged in to post a comment.