❧❧ ပြည်သူများသို့ ❧❧
—————————
❖ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထားကို အခြေခံ၍ ပြည်ထောင်စုလွှတ်တော်နာယကနှင့် တွေ့ဆုံဆွေးနွေးလိုပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်လက်မှတ်ရေးထိုးကာ ဖိတ်ကြားသည့် ၁၀-၁၁-၂၀၁၅ ရက်နေ့ ရက်စွဲပါ စာတစ်စောင်အား လက်ခံရရှိခဲ့ပါသည်။
❖ ယင်းကိစ္စနှင့်ပတ်သက်၍ လာမည့်အပတ်အတွင်း အဆင်ပြေမည့်အချိန်တွင် အမျိုးသားသင့်မြတ်ရေးကိုအခြေခံပြီး အခြားအရေးကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
❖ နိုင်ငံ့တည်ငြိမ်ရေး၊ ငြိမ်းချမ်းသာယာပြီးဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါစေ။
သူရဦးရွှေမန်း
နာယက
ပြည်ထောင်စုလွှတ်တော်
—
H.E. Thura U Shwe Mann
You must be logged in to post a comment.