Breaking News
ဘူးသီးတောင်မြောက်ပိုင်းရှိ ကျွန်းပေါက်ရွာ ရွာလုံးကျွတ် ရေကြီးနစ်မြုပ်နေ
၂၅.၆.၂၀၁၅
ဘူးသီးတောင်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း မိုးများသည်ထန်စွာ ရွာသွန်းနေ မြောက်ပိုင်းရှိ ကျွန်းပေါက်ရခိုင်ရွာ ရွာလုံးကျွတ် ယနေ့နေ့လည်ပိုင်းက ရေနစ်မြုပ်သွားခဲ့ပြီး အချို့အိမ်များ ခေါင်မိုးအထိ နစ်မြုပ်နေကြောင်း သိရသည်။
အိမ်ခြေ ၄ဝ ခန့်မှ လူဦးရေ ၂ဝဝ ခန့်ကို လောင်းလှေများဖြင့် ပို့ဆောင်ကာ ရွာအနောက်ဘက် ရဲကင်းစခန်း တောင်ကုန်းပေါ်သို့ ပြောင်းရွှေ့ ပေးထားပြီး မိမိအစီအစဉ်ဖြင့် ယာယီတဲများ ဆောက်လုပ်နေထိုင်ရသည်ဟု ရွာသားတစ်ဦးကပြောသည်။
မိုးအဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် ကုန်းလမ်းမှ သွားလာနိုင်တော့ခြင်း မရှိသည့်အပြင် စက်လှေများလည်း မထွက်နိုင်သဖြင့် မနက်ဖြန်အထိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်နိုင်ဦးမည်မဟုတ်ကြောင်း သိရှိရသည်။
ကျွန်းပေါက်ရွာသည် ဘူးသီးတောင်မြောက်ပိုင်းတွင် နောက်ဆုံးရှိသော ရခိုင်တိုင်းရင်းသားရွာဖြစ်၍ အိမ်ခြေအများဆုံး တိုင်းရင်းသားရွာဖြစ်ပြီး အိမ်ခြေ ၄ဝ ခန့်ရှိသည်။
ဗေဒါပျံ
ရခိုင့်အသံ
You must be logged in to post a comment.