ယနေ့ရက်စွဲဖြင့် (DKBA) စစ်ဦးစီးချုပ် ထုတ်ပြန်သည့် အမိန့်စာ
မတ် — ၂၁ – ၂၀၁၅
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
ဗိုလ်ချုပ်ကြီးစောလားပွယ် တာဝန်မှအနားယူပြီး ဒုတိယစစ်ဦးစီးချုပ်ကို တာဝန်လွဲပြောင်းခန့်အပ်လိုက်သည့် အမိန့်စာကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
Category: DKBA
!!! #DKBA #ကလိုထူးဘော #စစ်ဌာနချုပ် #ရက်စွဲ – ၄.၃.၂၀၁၅
DKBA ကလိုထူးဘော စစ်ဌာနချုပ်
ရက်စွဲ – ၄.၃.၂၀၁၅
အများသိစေရန်ကြေငြာချက်
လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့ ၏ တောင်းဆိုဆန္ဒပြမှုများအပေါ် သွေးထွက်သံယိုနည်းလမ်းဖြင့် ဖြေရှင်းခြင်း။ ။
အမျိုးသားပညာရေးဥပဒေကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသော ကျောင်းသားသပိတ် စစ်ကြောင်းများကို တားဆီးပိတ်ပင်နေသော ရဲတပ်ဖွဲ့ များမှ ကျောင်းသားလူငယ်များအား သွေးထွက်သံယိုမှု တစုံတရာ ဖြစ်ပေါ်စေပါက မိမိတို့ တပ်ဖွဲ့ မှလည်း နီးစပ်ရာ အုပ်ချုပ်ရေးမဏ္ဍိုင် အထောက်အကူပြု ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရဲတပ်ဖွဲ့ စခန်းများအား (မွန်ပြည်နယ်-ကရင်ပြည်နယ်) ၀င်ရောက်တိုက်ခိုက်မှု ပြုလုပ်ပြီး ကျောင်းသားလူငယ်များကိုယ်စား တုန့် ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိကြစေရန် ကြေငြာအပ်ပါသည်။
ပုံ
ဗိုလ်မှူးကြီးစောဆန်းအောင်
#DKBA #ရှင်းချက်ထုတ် #STATEMENT #INTERNET #MEDIA #KOKANG
အများသိစေရန် ကျေညာချက်
အင်တာနက်သတင်းမီဒီယာများပေါ်တွင် ထွက်ပေါ်နေသော DKBA မှ အစိုးရတပ်နှင့် ပူးပေါင်းပြီး MNDAA ခေါ် ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့အား တိုက်ခိုက်မည်ဆိုသည်မှာ လုံးဝမဟုတ်မမှန်ကြောင်းနှင့် MNDAA ခေါ် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့သည် မိမိတို့နဲ့ ဘဝတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် ၄င်းတို့၏ အမျိုးသားရေးဆိုင်ရာအခွင့်အရေးအတွက် ခိုင်မာစွာ ရပ်တည်နေသည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။
သို့ဖြစ်ပါ၍ မဟာမိတ်တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးနှင့် မိဘပြည်သူများ မိမိတို့အပေါ် နားလည်မှု မလွဲကြရန် တောင်းဆိုအပ်ပါသည်။ ကိုးကန့်တပ်ဖွဲ့ခေါ် MNDAA သည် မိမိတို့နည်းတူ တိုင်းရင်းသားလူမျိုးစုတစ်စု ဖြစ်သည်ကို ပြည်သူအများ သိရှိပါရန် ကျေညာအပ်ပါသည်။ cr. u naing win
You must be logged in to post a comment.