!! #ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ #ထွက်ခွာလာသော #ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါသည့်

Ye Htut

ဘီဘီစီ( မြန်မာ) သတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းထဲမှာ ပါတဲ့ လှေပေါ် ပါတဲ့ လူနှစ်ရာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာဖြစ်တယ်ဆိုတဲ့အချက်နဲ့ လူမှောင်ခိုလှေ ဘယ်နေ့ မှာ ဘင်္ဂလားဒေ့ရှ်က ထွက်တယ်၊ ဘယ်နေ့မှာ ထိုင်းကမ်းခြေက နေပြန်လှည့်လာတယ်ဆိုတဲ့ အချက်တွေ တစ်ခုမှမရေးပဲနဲ့ ရခိုင်ပြည်နယ်က ထွက်လာသလိုလို လှည့်ပတ်ရေးထားပါတယ်။

ကျွန်တော်တို့ သတင်းမှာ ဘင်္ဂလားဒေ့ရှ်ကလာပါတယ်လို့ အတိအကျ ရက်စွဲ၊နေရာများနဲ့ ရေးထား တာတောင် xx မြန်မာပြန်ကြားရေးဝန်ကြီးဌာန ရဲ့ အင်တာနက်စာမျက်နှာမှာတော့ စက်လှေပေါ် ပါသူအများစုဟာ ဘင်္ဂါလီတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ရိုဟင်ဂျာ မူဆလင်တွေကို ဘင်္ဂါလီတွေလို့သာ သုံးနှုန်းခေါ်ဆိုလေ့ရှိပါတယ်xxxဆိုပြီး မလိမ့်တပတ်ရေးထား ပါသေးတယ်။

ဒီလို ရေးသားချက်မျိုးကို အင်တာနက်ပေါ်မှာရော၊ ပုံနှိပ်စာမျက်နှာများမှာရော ၀ိုင်းဝန်း တုန့်ပြန် ဖြေရှင်းသင့်တယ်လို့ထင်ပါတယ်။
ဘီဘီစီမှာ ၀င်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာ ဆရာကြီးတွေရော မကန့်ကွက်တော့ဘူးလား မသိပါ။

11312889_770930799687191_5569553250213565642_o

မြန်မာပြည်ကို ချစ်ကြသူတိုင်း စိုးရိမ်နေကြသည် ။ စိုးရိမ်ရလောက်အောင် တိုင်းပြည်ကိုရောင်းစားပြီး မိသားစု ချမ်းသာဖို့  လုပ်ခဲ့သူတွေ သန်းချီပြီး ချမ်းသာနေကြတာ အခုထိ အရေးမယူရဲကြသေးဖူးလေ ။ 11295653_10204567598174070_6976643192996912355_n * This clearly show “Boat People are not Myanmar”, strong evidence* 11259203_808391515924605_7218519596441419691_n11231799_808391315924625_2205964900540982914_n10410299_808390729258017_1240006044473993582_n1545651_808390732591350_8571619337745541893_n 10454349_808365072593916_5226383648903050117_o ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ထွက်ခွာလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ပါသည့် စက်လှေတစ်စီးနှင့် အခြားစက်လှေတစ်စီးအား မြန်မာ့ရေပိုင်နက်တွင် ဖမ်းဆီးရမိ ဓာတ်ပုံများ (Source- MOI Webportal Myanmar) မေလ(၂၁)ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင်(၄)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ တပ်မတော်စစ်ရေယာဉ်အမှတ်(၅၆၈)မှ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ဘင်္ဂလီလူမျိုး(၂၀၀)ခန့် တင်ဆောင်လာသော စက်လှေ တစ်စီးနှင့် လူလိုက်ပါခြင်းမရှိသော စက်လှေတစ်စီးတို့ကို စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။ လူများတင်ဆောင်လာသော စက်လှေ – အလျား(၈၀)ပေ၊ အနံ(၂၀ . ၅) ပေ၊ ရေစူး (၆)ပေ၊ အင်ဂျင် (EK-100) မြင်းကောင်ရေ (၁၅၀)တပ် တံကေးစက်လှေဖြစ်ပြီး ပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့နေ အုမင့် ဆိုသူဖြစ်၊ – ရနောင်းမြို့မှ ဧပြီလ (၈)ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ကို ဧပြီလ(၁၃) ရက်နေ့တွင် ရောက်ရှိ၊ – ဧပြီလ(၂၀)ရက်နေ့မှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင် နက် အုန်းကျွန်း အနောက်ဘက် (၄)မိုင်ခန့်အကွာတွင် ရပ်တန့်ထား ခဲ့၊ – ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများမှ လှေငယ်များဖြင့် စက်လှေသို့ အဖွဲ့လိုက် ရောက်ရှိခဲ့၊ အုန်းကျွန်းမှ ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား တို့တွင် ပင်လယ်ပြင် စစ်ဆေးမှုများ ရှိနေသဖြင့် မေလ(၁၅)ရက်နေ့တွင် နောက်ကြောင်း ပြန်လှည့် မောင်းနှင်လာစဉ် မြန်မာ့ ရေပိုင်နက်သို့ ရောက်ရှိပြီး ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်။ – ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၀၈)ဦး (အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့်နှင့် ကျန်လူများမှာ အသက် ၃၀နှင့် ၄၀ ကြားဖြစ်) – ၎င်းတို့မှာ ကော့ဘဇား၊ စစ်တကောင်း၊ ဒါကာမြောက်ခြမ်းတွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ လှေသမား(၉)ဦးနှင့် စကားပြန် ဘင်္ဂလီ (၂)ဦး ပါဝင်ပြီး စုစုပေါင်း (၂၁၉)ဦး ပါဝင်ကြောင်း၊ ကျန်စက်လှေ – ဘင်္ဂလီ (၁)ဦး၊ လှေသမား(၈)ဦး ပါရှိပြီး အလျား(၆၈)ပေ၊ အနံ(၁၆ .၉) ပေ၊ ရေစူး(၅)ပေ အင်ဂျင် (TWK-6) ဖြစ်ပြီး ပိုင်ရှင်မှာ မြိတ်မြို့မှ ကိုခိုင် ဆိုသူဖြစ်၊ – ၎င်းစက်လှေမှာ အထက်ပါ ထိုင်းလူမျိုး အုမင့် ပိုင်သော စက်လှေသို့ ရိက္ခာ လိုက်ပို့ခြင်းဖြစ်၊ – မေလ(၄)ရက်နေ့တွင် ကော့သောင်းမှ ထွက်ခွာခဲ့ ရာ မေလ(၁၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် သို့ ရောက် ရှိခဲ့ခြင်းဖြစ်။ 11014668_10204566876996041_5697993469632523662_n11329790_10204566875716009_8226944951356781245_n11011453_10204566876076018_4913758013161915277_n ဘင်္ဂလီအရေးက အမျိုးသားရေး ကျူးကျော် အရေး ဖြစ်တယ်လို့  လွှတ်တော်က လူတွေ ဆွေးနွေးဖို့  နားမလည်သေးဖူး ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး လာပြောတာနဲ့  ဘင်္ဂလီ ၂၀၀ ပါတဲ့ လှေကို ကမ်းကပ်ခွင့်ပေး နေစရာပေး ။ ဝတ်စရာတွေပေး လိုက်ပြီ ။ ရခိုင်စကားသင်မယ် မြန်မာစကားသင်မယ် ငွေစုမယ် ။ အကျင့်ပျက် လာပ်စားဝန်ထမ်းတွေနဲ့  မှတ်ပုံတင်လုပ်မယ် ။ ဘယ်လူကြီး သမီး လဲတော့ မသိဖူး ။ ရေချိုး ထားခိုင်းတော့ ။ ကျူးကျော် ထုတ်ဖေါ် ပြန်ပို့ ရေးကို အမျိုးသားရေး လက္ခဏာ အသွင်ဆောင်တဲ့ လုပ်ငန်း အနေနဲ့  တတိုင်းပြည်လုံး လုပ်နိုင်ရင်တော့ သမ္မတဦးသိန်းစိန် ပြောခဲ့တဲ့ တတိယ နိုင်ငံတွေ ပို့ ဖို့  ဒီ ၂၀၀ နဲ့  အစ ပြုရမှာပါ ။ အဖျားမရှုးဖို့ တော့လိုတယ် ။

#Boat #People #ပြဿနာတွေရဲ့ “အဖြေ” #က ဘာလဲ (မှူးဇော်)

Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ (မှူးဇော်)

အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”

BOAT PEOPLE

၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။

အီးယူရဲ့နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ တစ်ဦးဖြစ်တဲ့ Federica Mogherini ကတော့ လှေနဲ့ လူ မှောင်ခိုတွေပင်လယ်ပြင်ထွက်မလာခင်အချိန်မှာ ကုလသမဂ္ဂအနေနဲ့ အီးယူရဲ့ဆုံးဖြတ်ချက်ကို အတည်ပြု ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီးယူအနေနဲ့ လူမှောင်ခိုတွေ ကို ကုန်းမြေမှာရော ပင်လယ်ပြင်မှာပါ နှိမ်နင်းနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံက တာဝန်ရှိသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အပြည့်အ၀ ရရှိဖို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။ အစပိုင်းမှာ အီးယူဥက္ကဌ က Boat People တွေကို အီးယူနိုင်ငံတွေ ခွဲဝေပြီး တာဝန်ယူဖို့ ပြောကြားခဲ့တဲ့အချိန်မှာ အပြင်းအထန် ကန့်ကွက်ပယ်ချခဲ့တာက ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။
တစ်ကယ်တော့ Boat People လို့ခေါ်တဲ့ ပြဿနာဟာ အီးယူနိုင်ငံအတွက်တော့ ခုမှအသစ်ဖြစ် ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ လှေစီးလူသားတွေ ပင်လယ်ပြင်မှာ သေကြေဆုံးရှုံးနေကြတာလည်း အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူဦးရေ (၈)သန်း နေရာရွှေ့ပြောင်းတိမ်းရှောင် မှုတွေ ဖြစ်ခဲ့ရပြီး လူ(၄)သန်းဟာ နိုင်ငံပြင်ပ လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ရပြီးတဲ့နောက် အိမ်နီးချင်း နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီထဲကမှ တချို့က လစ်ဗျားကို ရောက်လာကြတယ်။ တချို့ကတော့ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတဲ့ လူမှောင်ခိုလမ်းကြောင်းကြီး အတိုင်း အီဂျစ်၊ ဆူဒန်တို့ကို ထွက်ပြေးကြပါတယ်။ ဒီလူတွေဟာ အီရစ်ထရီးယားက ထွက်ပြေးလာတဲ့ လူတွေနဲ့ ရောနှောသွားပြီး ဥရောပကမ်းခြေတွေဆီ ထွက်ခွါလာခဲ့ကြတာ ဖြစ်ပါတယ်။ UNHCR ရဲ့ စာရင်း ဇယားတွေအရ ယခုနှစ်အတွင်း အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ လှေစီးလူတွေဟာ နှစ်သိန်းခြောက် သောင်းကျော်အထိ ရှိလာခဲ့ပြီ လို့လည်း ဆိုပါတယ်။ ဒီနည်းအတိုင်းပဲ လစ်ဗျား၊ အီရီထရီးယား၊ အာဖဂန် နစ္စတန်၊ မာလီ၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ပါလက်စတိုင်း၊ ဆီနီဂေါနဲ့ အခြားဒေသများက လှေစီးလူသားတွေဟာ ဂျာမဏီ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဗြိတိန်၊ ဘယ်လ် ဂျီယန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်စတဲ့ ဥရောပနိုင်ငံတွေဆီကို တအိအိနဲ့ ရောက်ရှိနေခဲ့ကြတာ ဖြစ် ပါတယ်။ အန္တရာယ်များလှတဲ့ လူမှောင်ခို တစ်ယောက် ပင်လယ်ပြင်ခရီးစဉ်တစ်ခေါက်ကို ဒေါ်လာ ငါးရာ ကနေ ဒေါ်လာ တစ်ထောင်အထိ လူမှောင်ခိုဂိုဏ်းတွေကို ပေးရတယ်လို့ Continue reading “#Boat #People #ပြဿနာတွေရဲ့ “အဖြေ” #က ဘာလဲ (မှူးဇော်)”

!! #လှေစီးသွားသူများထဲတွင် #ရခိုင်ပြည်နယ် #ဒုက္ခသည်စခန်းမှ #မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို

လှေစီးသွားသူများထဲတွင် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁၉

မလေးရှားနိုင်ငံသို့သွားနေကြသည့်လှေစီးဘင်္ဂါလီများအထဲတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ ပါဝင်ခြင်း မရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က ထုတ်ဖော်ပြောဆိုလိုက်သည်။

မေလ ၁၉ ရက်နေ့၊ ညနေပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေး ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“အဲဒီလှေစီး ရိုဟင်ဂျာတွေထဲမှာ ရခိုင်ပြည်နယ်ကဘင်္ဂါလီဒုက္ခသည်စခန်းတွေကနေပါတယ်ဆိုပြီး ပြောနေကြတဲ့သူတွေကို ဘာအထောက်အထားနဲ့ စွပ်စွဲနေကြတာလဲလို့ ကျနော်တို့က မေးချင်တယ်။ ကျနော် တို့မှာ ဒီကနေ့အထိ ဘယ်ဒုက္ခ သည်စခန်းက ဘယ်ဘင်္ဂါလီဒုက္ခသည်တွေမှ လူကုန်ကူးပွဲစားတွေနဲ့ လိုက်သွားလို့ ပျောက်နေတာ မရှိသေးဘူး”ဟု ယင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်း ၁ဝ ခုကျော်ရှိသော်လည်း ယင်းစခန်းရှိဘင်္ဂါလီဒုက္ခသည် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့က လုံခြုံရေးအပြည့်အဝရယူထားသဖြင့် ဘင်္ဂါလီဒုက္ခသည် များအနေဖြင့် အလွယ်တကူဝင်/ထွက်သွားလာမှု မရှိကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။

“ရိုဟင်ဂျာဆိုတာနဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို တန်းမြင်ကြတော့တာပဲ။ ကျနော်တို့ သိရသလောက်ကတော့ အဲဒီလှေစီးဒုက္ခသည်တွေကို မင်းတို့ တစ်ခုခုဖြစ်လို့ရှိရင် ရိုဟင်ဂျာလို့ပြောဆိုပြီးတော့ လူပွဲစားက သင်ပေးပြီးသား။ ဒါကြောင့် ဘင်္ဂလီတွေအားလုံးက ခုလို ထွက်ဆိုကြတာ”ဟု ယင်းက ဆိုသည်။

ယခု မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ကယ်တင်ထားသော လှေစီးဒုက္ခသည်များသည် ဘင်္ဂလာဒေရှ့် ကမ်းခြေမှ တဆင့် ထိုင်းလုပ် ၀ါးလက် ငါးဖမ်းလှေများဖြင့် ထွက်ခွာကြသူများ ဖြစ်ကြကြောင်း သိရသည်။

နိုင်ငံတကာ သတင်းမီဒီယာများကမူ ယခု လှေစီဒုက္ခသည်များမှာ ဖိနှိပ် ခွဲခြား ဆက်ဆံခံရမှုတို့ကြောင့် ရခိုင်ပြည်နယ် ရှိဒုက္ခသည် စခန်းများမှ ထွက်ပြေးလာကြသူများ ဖြစ်ပြီး အချို့မီဒီယာများကမူ ဒုက္ခသည်စခန်းများမှ လူအချို့ကို ငွေဖြင့် ရွေး၍ လူမှောင်ခိုသမားများလက်မှ ပြန်လည် ကယ်တင်ခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြနေကြသည်။

ယင်းသို့ ဘင်္ဂါလီကို ရိုဟင်ဂျာဟုအမည်ခံကာ မဟုတ်မမှန်စွပ်စွဲပြောဆိုနေကြခြင်းမှာ မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်းလည်း ဦးလှသိန်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။

boat-peole

http://www.narinjara.com/burmese/လေ%E1%80%BDစီးသ%E1%80%BCားသူမ%E1%80%BAားထဲတ%E1%80%BCင်/

လှေစီး ဘင်္ဂလားဒေ့ရှ် ၁၁ ဦး နယ်စပ်တွင် ဖမ်းမိပြီးနောက် ရခိုင်ကမ်းရိုးတန်း လုံခြုံရေး တိုးမြှင့်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁၉

rakhine

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်တင်နေသော ဘင်္ဂလားဒေရှ့် ၁၁ ဦးကို ဖမ်းဆီးမိပြီးနောက် မောင်တောနယ်စပ် အပါအ၀င် ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက်တွင် တပ်မတော်(လေ)၊ တပ်မတော် (ရေ) အပါအ၀င် လုံခြုံရေး တပ်ဖွဲ့အင်အားကို တိုးချဲ့ချထားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေရှ့် နိုင်ငံသား ၁၁ ဦးကို မေလ ၁၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်က မောင်တောမြို့နယ်၊ ဥဒေါင်း (အနောက်) ကျေးရွာအနီး ကံပူးချောင်းပုစွန်ကန်ဘောင်ပေါ်တွင် အိပ်ပျော်လျက်ရှိနေစဉ် အဆိုပါကျေးရွာမှ ဆယ်အိမ်မှူးဖြစ်သူ လာလူမျာ(၄၈ နှစ်)ကတွေ့ရှိကာ နယ်ခြားစောင့်တပ်နှင့် ဥဒေါင်းရဲ ကင်းစခန်းသို့ အကြောင်းကြားရာမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုဖမ်းမိသူ ၁၁ ဦးမှာ မာမတ်ရှော်အီအုလ်(၁၈ နှစ်) ၊ ရှော်လမီဒေါ်လီရွာ၊
ဒါကာမြို့၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ)၊ ရှာမာဟိန်(၂၈ နှစ်၊ ဂါလံပူရွာ၊
ဒါကာမြို့)၊ လာဒူလ်(၃ဝ နှစ်၊ မိုလာန်ပူရွာ၊ ဒါကာမြို့)၊ မူဟာ မတ်အီစ္စလာမ်
(၃၈ နှစ်၊ ရှော်ကော်ရီဘတ်ရွာ၊ ဂျိုက်ကူဟတ်မြို့)၊
မိုဟာမတ်ဆော်မိုရ်ဒူစ်အီစ္စလာမ်(၂ဝ နှစ်၊ မာတီကော်ရာရွာ၊ ရှာရှာမြို့)၊
မိုဟာမတ်ဖာရုစ်(၂၇ နှစ်၊ အာရော်လီရွာ၊ စစ်တကောင်းမြို့)၊
မိုဟာမတ်မူဆာ(၁၉နှစ်) ၊ ဂေါ်ဂူဒါရာရွာ၊ စစ်တကောင်းမြို့)၊
မိုဟာမတ်အီစ္စမိုင်ဟူဆောင်း(၁၂နှစ်၊ ရှာမီတာနီရွာ၊ ရာရှိတ်မြို့)၊
မိုဟာမတ်ရီဘဲရှော်ဒါ(၁၉ နှစ်၊ ဗယ်ကာလီရွာ၊ ခိုန်လန်မြို့)၊ မိုဟာမတ် ရှော်ရှိန်မော်ရိန်(၁၉ နှစ်၊
ဗယ်ကာလီရွာ၊ ရာရှိန်းမြို့)နှင့် မိုဟာမတ်မော်ဇွန်ဘီရှာ(၁၇ နှစ်၊
နော်ဂေါဟာလီရွာ၊ ခိုန်လန်မြို့) တို့ဖြစ်ကြကြောင်း ပြည်နယ် အစိုးရအဖွဲ့ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ Continue reading “!! #လှေစီးသွားသူများထဲတွင် #ရခိုင်ပြည်နယ် #ဒုက္ခသည်စခန်းမှ #မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို”