#ရခိုင်ပြည်နယ် ရောက်ရ #Suu #Kyi #arrives in #Thandwe for #election #campaign #speech

Suu Kyi arrives in Thandwe for election campaign speech Aung San Suu Kyi, the chairperson of National League for Democracy, has arrived in Thandwe, Rakhine State, at 12:30 pm today. She is on her way to Toungup to rally. 10996487_947492378632441_8265760641443665026_n

 

12074585_956611497732214_4314545382071570995_n

ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဆိုင်းဘုတ်တစ်ခုအား အများက စိတ်ဝင်စား ရန်ကုန်၊ အောက်တိုဘာ ၁၆ သံတွဲလေဆိပ်တွင် လူငယ်အချို့ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်တစ်ခုမှာ အများက စိတ်ဝင်တစားရှိနေပြီး ဓာတ်ပုံရိုက်သူ များပြားနေကြောင်း သိရှိရသည်။ ၎င်းဆိုင်ဘုတ်တွင် ရေးသားထားသော စာမှာ “ကမ္ဘာကျော် လူထု ခေါင်းဆောင်အား လှိုက်လှဲစွာကြိုဆိုပါ၏” ဟု ပါရှိပြီးအောက်တွင် ရခိုင်ပြည်မှာ ANP ၊ တန်းတူညီမျှရမယ့် Federal ဆီ၊ အားလုံးဖြစ်စေချင်တဲ့ အစိုးရက NLD ဟု ရေးသားထားသည်ဟု သိရသည်။ ( ဓာတ်ပုံ- နိရဉ္စရာ) Arakan National Network (ရခိုင်အမျိုးသားကွန်ုရက်) ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက် @@@@@@@@@@@@@@@@@@@@@@@@@ ရက်စွဲ။ ။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက် စာအမှတ်။ ။ ၂/ ၂၀၁၅ ကွဲပြားစရာ အကြောင်းအရာများ မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့အနေဖြင့် သမိုင်းကြောင်းအစဉ်အလာဂုဏ်သိက္ခာအရ အိမ်ရှင်မှဧည့်သည်အပေါ် ဧည့်ဝတ်တရားကျေပွန်ရမည်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်ခရီးစဉ်အား ကျန်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှင့်အတူ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါခရီးစဉ်အတွင်း NLDပါတီစည်းရုံးရေးကိစ္စများအပြင် ရခိုင်ပြည်သူတို့လက်ရှိခံစားနေရသော လူမှုဒုက္ခအဖုံဖုံကို လက်တွေ့ခံစားသိမြင်လာပြီး နောင်အနာဂတ်ကာလ၌ ရခိုင်တိုင်းရင်းသားတို့ဘက်မှ ပိုမိုရပ် တည်ရုန်းကန်လာမည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်မိပါသည်။ ကျွန်ုပ်တို့၏ အဆိုပါမျှော်လင့်မှုသည် ပိုမိုခိုင်မာလာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ၏ ရိုးသားပြီးရှင်းလင်းတိကျသော သဘောထားများ၊ နိုင်ငံရေးအရတည်ကြည်မှုနှင့် အ ပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကသာ ကျွန်ုပ် တို့အားလုံး၏အနာဂတ်ကို ပိုမိုလှပစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်ခရီးစဉ် အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။ ရခိုင်အမျိုးသားကွန်ရက်(ANN)။ 12122836_778443545611594_7093805196803588376_n