ဖော်ပြီ
*******
မေး။ ။ အမည်၊အသက်၊ရွာအမည်ကို ပြောပေးပါ။
ဖြေ။ ။ဦးသန်းစိန်၊၄၂နှစ်၊ဝဲကြီးထောင့်ရွာ ကျောက်တော်မြို့နယ်ပါ။
မေး။ ။ဘယ်နေ့ခေါ်သွားခံရတာပါလဲ။
ဖြေ။ ။ဧပြီ၊၂၁ ရက်၊ အင်္ဂါနေ့ နေ့လည် ၁၁ နာရီ လောက်မှာ ဖမ်းတာပါ။
မေး။ ။ဖမ်းပြီးတော့ ဘယ်ကိုခေါ်သွားပါလဲ။
ဖြေ။ ။ဝဲကြီးထောင့် စာသင်ကျောင်းကိုခေါ်သွားပါတယ်။
မေး။ ။တခြား အဖမ်းခံထားရတဲ့ လူရှိပါသလား။
ဖြေ။ ။မရှိသေးပါ။ညနေ လောက်မှ လင့်ဇင်သစ်ကျေးရွာမှ ဦးအောင်သန်းစိန်ကို ဖမ်းခေါ်လာတော့ ၂ယောက်တည်းပါ။
မေး။ ။ဘာတွေမေးပါသလဲ။
ဖြေ။ ။AA နဲ့ပတ်သက် မှုရှိလားမေးပါတယ်။
မေး။ ။ဘယ်နေရာကိုများ ခေါ်သွားတာရှိပါသလား။
ဖြေ။ ။ တပ်မကိုခေါ်သွားပါတယ်။
မေး။ ။ဟိုရောက်တော့ ဘာတွေ မေးသေးလဲ။
ဖြေ။ ။AA နဲ့ ပတ်သက်မှု ရှိမရှိမေးပါတယ်။
မေး။ ။လက်ကဒဏ်ရာတွေက ဘယ်လိုရတာပါလဲ။
ဖြေ။ ။မီးရှို့ခံရတာပါ။
မေး။ ။ ဘယ်လိုရှို့ခံရတာများပါလဲ။
ဖြေ။ ။ မမြင်လိုက်ပါဘူး။
မေး။ ။ကိုယ့်ရဲ့လက်နှစ်ဖက်မီးရှို့တာကို မမြင်တာက ဘာကြောင့်ပါလဲ။
ဖြေ။ ။မျက်နှာကို လုံချည်နဲ့ အချုပ်ခံထားရလို့ပါ။
မေး။ ။ရိုက်နှက်တာမျိုးရော ရှိပါသေးလား။
ဖြေ။ ။ရှိပါတယ်။နည်းနည်းလောက်နားခိုင်းပြီး ထပ်ရိုက်ပါတယ်။
မေး။ ။ဘယ်နေရာများနာနေသေးလဲ။
ဖြေ။ ။ လက်နှစ်ဘက်ကလွဲရင် ခုတော့
သက်သာနေပါပြီ။
မေး။ ။ အရိုက်ခံရတဲ့နေရာတွေက။
ဖြေ။ ။ ရင်ဘတ်၊ကျော၊ခြေ၊လက် ပါ။ Continue reading “!!!ေ#ဖ်ာပြီ #မေး။ ။ #အမည်၊အသက်၊ရွာအမည်ကို ပြောပေးပါ။..”
You must be logged in to post a comment.