!! #MOI #ခေါ်ယူစစ်မေးခဲ့သည့် #သံဃာ (၁၀) #ပါးတို့အား #သက်ဆိုင် #ရာဒေသေ#ကျာင်း #အသီးသီးသို့ ပြန်ခွင့်ပြု

MOI Webportal Myanmar
ခေါ်ယူစစ်မေးခဲ့သည့် သံဃာ (၁၀) ပါးတို့အား သက်ဆိုင် ရာဒေသ ကျောင်း အသီးသီးသို့ ပြန်ခွင့်ပြု
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

Photocredit Student union - not use for commercial
Photocredit Student union – not use for commercial

21206_1086598871356494_4091416424820335884_n
နေပြည်တော် မတ် ၁၁
၂၀၁၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် သပိတ်စစ်ကြောင်းတွင် သံဃာအချို့ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ခေါ်ယူ စစ်မေးခဲ့ရာ အောက်ပါ သံဃာ (၁၀) ပါး ပါဝင်ခဲ့ပါသည်-
(က) ဥူးဥတ္တမ (ခ) ဦးဖြူဝင်း၊ (၅၉) နှစ် (၃၉) ဝါ၊ (ဘ) ဦးမြတ်ဦး၊ ဇွဲဇုံကျောင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး (ကျောင်းထိုင်ဆရာတော်)၊
(ခ) ဥူးစိန္တိမ (ခ) ခင်မောင်စိုး၊ (၃၆) နှစ် (၁၆) ဝါ၊ (ဘ) ဦးအေးမောင်၊ ရှမ်းစုတိမနိတိုက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊
(ဂ) ဥူးအာလောက (ခ) ဦးအောင်စိန်၊ (၅၂) နှစ် (၃၂) ဝါ၊ (ဘ) ဦးကျော်ရှိန်၊ ကျောင်းသစ်ကျောင်း၊ မအူအလယ်ရွာ၊ ရေစကြိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး (ကျောင်းထိုင်ဆရာတော်)၊
(ဃ) ဥူးနန္ဒသာရ (ခ) ဆန်းချို၊ (၂၇) နှစ် (၆) ဝါ၊ (ဘ) ဦးကြီးမောင်၊ ကံသာရွာ၊ ထီးလင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊
(င) ဥူးရေဝတ (ခ) စလင်းထွန်း၊ (၂၃) နှစ် (၃) ဝါ၊ (ဘ) ဦးမောင်မောင်၊ မှုံပင်ကျောင်းတိုက်၊ တောင်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊
(စ) ဥူးမေတ္တာနန္ဒ (ခ) မင်းခန့်၊ (၂၅) နှစ် (၄) ဝါ၊ (ဘ) ဦးစိုးဝင်း၊ ပုဗ္ဗာရုံကျောင်း၊ တောကျေးရွာ၊ မြင်းခြံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊
(ဆ) ဥူးပညာသီရိ (ခ) ဖြိုးမင်းကို၊ (၂၇) နှစ် (၇) ဝါ၊ (ဘ) ဦးစိန်မြင့် လောကမှန်ကင်း အနောက်ကျောင်းတိုက်၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး၊
(ဇ) ဥူးကောဝိဒ (ခ) ကျော်စိုးဝင်း၊ (၃၂) နှစ် (၁၀) ဝါ၊ ဦးအောင်သန်းကြည် အရှေ့ငွေတောင် ကျောင်းတိုက်၊ ချောက်မြို့၊ မကွေးတိုင်းဒေသကြီး၊
(ဈ) ဥူးကဝိန္ဒ (ခ) ခင်မောင်ဆွေ၊ (၂၆) နှစ် (၅) ဝါ၊ (ဘ) ဦးဆန်းမြင့် မန္တလေးတိုက် (အနောက်တိုက်)၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး၊
(ည) ဥူးဇောတိပါလ (ခ) ဇော်ဇော်ဝင်းဗိုလ်၊ (၂၃) နှစ် (၂) ဝါ၊ (ဘ) ဦးဝင်းဗိုလ် အနောက်ငွေတောင် ကျောင်းတိုက်၊ ချောက်မြို့၊ မကွေးတိုင်းဒေသကြီး၊
အဆိုပါ သံဃာများအား လက်ပံတန်းမြို့နယ် သံဃနာယက အဖွဲ့နှင့် တာဝန်ရှိ သူများမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ သံဃာများမှ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြား လွှာအမှတ် (၈၃) ပါ ညွှန်ကြား ချက် များ၊ ၂၀၁၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် ထုတ်ပြန်သည့် ရန်ကုန် တိုင်း ဒေသကြီး သံဃနာယက အဖွဲ့ဂိုဏ်းပေါင်းစုံ၏ မေတ္တာရပ်ခံချက်၊ ၂၀၁၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ထုတ်ပြန်သည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သံဃနာယက အဖွဲ့ဂိုဏ်ပေါင်းစုံနှင့် ၎င်းနေ့တွင် ထုတ်ပြန် သည့် လက်ပံတန်းမြို့နယ် သံဃနာယကအဖွဲ့ ဂိုဏ်းပေါင်းအစုံတို့၏ မေတ္တာ ရပ်ခံချက်များဖြင့် တားမြစ်အသိပေးခဲ့သော်လည်း သပိတ်စစ်ကြောင်း ၌ ကျောင်းသားများဘက်မှ ပါဝင်ဆောင်ရွက်ခဲ့မှုများသည် စေတနာ အမှားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရဟန်းသံဃာတော်များနှင့် မအပ်စပ်သော ပါတီ နိုင်ငံရေးများ၊ လူမှုရေးရာကိစ္စများနှင့် ယခုကဲ့ သို့ ကျောင်း သားသပိတ်များအပေါ် နောင်အခါ ပါဝင်ပတ်သက်မှု မပြုလုပ်တော့ ပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ထားသော ညွှန်ကြားလွှာများနှင့် အညီ ဂန္ထဓုရ၊ ၀ိပဿနာဓုရ နှစ်ဖြာအား ကျင့်ကြံကြိုးစားပွား များ အားထုတ်မည် ဖြစ်ကြောင်း ဆရာတော်များ၏ ရှေ့မှောက်၌ ၀န်ခံ ကတိပြုခဲ့ကြောင်း၊ နောက်နောင် ကျောင်းသားသပိတ် စသည့် နိုင်ငံရေး ကိစ္စများတွင် ရဟန်းသံဃာတော်များနှင့် မအပ်စပ်သည့် ယခုကဲ့သို့ ကျောင်းသ ပိတ်၌ ပါဝင်ခြင်းများအပေါ် မေတ္တာရှေ့ထား၍ ခွင့်လွှတ်သီးခံ ပေးတော်မူ ပါရန် လျောက်ထားခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ သံဃာ (၁၀)ပါးတို့ အား ဒေသအသီးသီးရှိ သီတင်းသုံးသည့် ကျောင်းများသို့ ယနေ့ နံနက်ပိုင်း မှစ၍ ပြန်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန

####

ခေါ်ယူထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ မိဘများ အား ခေါ်ယူ၍ ပြန်လည် အပ်နှံမည်ဖြစ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

Photocredit Student union - not use for commercial
Photocredit Student union – not use for commercial

နေပြည်တော်၊ မတ် ၁၁
၂၀၁၅ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြအဖွဲ့သည် တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အတွက် တားမြစ် ထား သည့် အတားအဆီးများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များအား ဖောက်ထွက်ရန် ကြိုးစားခဲ့ပြီး လုံခြုံရေး အတားအဆီးများအား ဆွဲဖျက်ခြင်း၊ အမိုးအကာ တဲများအား ဖျက်ဆီးခြင်း၊ တုတ်များ၊ ခဲများ၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ဆောင်လာမှုများကြောင့် ဥပဒေနှင့်အညီ သတိပေးကြေညာ ပြီးနောက် ဖမ်းဆီး ထိန်းသိမ်း၍ လူစုခွဲခဲ့ရပါသည်။
အဆိုပါဖြစ်စဉ်တွင် ကျား ၁၀၇ ဦး၊ မ ၂၀ ဦး ၊ စုစုပေါင်း ၁၂၇ ဦးအား ခေါ်ယူ ထိန်းသိမ်းပြီး စစ်မေးခဲ့ပါသည်။ Continue reading “!! #MOI #ခေါ်ယူစစ်မေးခဲ့သည့် #သံဃာ (၁၀) #ပါးတို့အား #သက်ဆိုင် #ရာဒေသေ#ကျာင်း #အသီးသီးသို့ ပြန်ခွင့်ပြု”