ယခုအခါ ပြည်သူကိုကာကွယ်ပါမည်ဟု သစ္စာဆိုထားသော စစ်တပ်သည် ပြည်သူနှင့်စစ်ဖြစ်လျက်ရှိပါသည်။ နှစ်ဘက်စစ်ဖြစ်နေစဉ်အတွင်း ဒလံများ၊ သူလျှိုများ၊ စစ်သတင်းပေးများသည် ပုံစံအစုံ နည်းလမ်းအစုံဖြင့် စိမ့် ဝင်လျက်ရှိပါသည်။ “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံနှင့်” ဟူသောစကားပုံများ၊ “နေရာတိုင်းမှာ နား မျက်စိရှိတယ်” ဟူသောစကားများနှင့်အညီ သတိမူကြသင့်သော ကာလဖြစ်ပါသည်။စစ်သတင်းပေးပုဂ္ဂိုလ်ဆိုင်ရာပြည်သူသို့ အစီရင်ခံစာအမည်- တင်အောင်ဆင့် (ခ) ဒိန်းဒေါင်အသက်- ၄၀ ခန့်နေရပ်- ဗိုလ်တေဇလမ်း၊ နန္ဒဝန်ရပ်၊ မုံရွာမြို့။နိဒါန်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တော်လှန်ရေးရဲဘော်များ၊ ထောက်ပံ့ရေးရဲဘော်များ၊ အပစ်မဲ့ပြည်သူများကို စစ်အာဏာရူးအုပ်စုမှ ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီးမှုများဆက်တိုက် ဖြစ်ပေါ်နေသည်ကို ကြားသိရပါသည်။ အချို့သော မြို့ပြပျောက်ကျားအဖွဲ့များအနေဖြင့် သိုသိပ်စွာ ဆောင်ရွက်သော်လည်း တိကျသောဖမ်းဆီးခံရမှုများကို တွေ့ရှိရပါသည်။ ထိုဖြစ်စဉ်များတွင် သံသယဖြစ်ဖွယ်လူတစ်ဦးကို သတိထားမိကြကြောင်း၊ သို့သော် ထိုသူသည် သာသနာ့ဝန်ထမ်း စိတ်ပေါ့သွပ်သူတစ်ဦးကဲ့သို့ ပြုမူနေထိုင်သဖြင့် စုံစမ်းအရေးယူနိုင်ရန် ခက်ခဲနေပါသဖြင့် ကူညီစုံစမ်းထောက်လှမ်းပေးပါရန် မုံရွာဒေသခံ အချို့မှ မိမိတို့ Shadow Assassin Alliance သို့ အကူအညီတောင်းခံခဲ့ပါသည်။ ထို့ကြောင့် မိမိအဖွဲ့မှ မုံရွာမြို့တွင် လေ့လာမှုများပြုလုပ်ခဲ့ကြပါသည်။ကနဦးတွေ့ရှိချက်များ ထိုသူသည် ယခင်က အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် စိတ်ဝေဒနာခံစားခဲ့ဖူးသူဖြစ်ပါသည်။ ထို့အပြင် မူးယစ်ရမ်းကားခြင်းကြောင့် အကြိမ်ကြိမ်တိုင်တန်းခံရခြင်း အဖမ်းအဆီးခံရခြင်းများရှိခဲ့ဖူးပြီး ထိုအချိန်မှစကာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရင်းနှီးခင်မင်နေခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာရူးများ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လဲ မူးယစ်ရမ်းကားမှုဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရပါသည်။ အဖမ်းဆီးမခံရစဉ်ကာလတွင် ညပိုင်းရပ်ရွာလုံခြုံရေးဆောင်ရွက်နေသော ရပ်ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ ကင်းသမားများနှင့် မကျေမလည်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ဖမ်းဆီးခံရစဉ်တွင် မြှောက်ပင့် စည်းရုံးသိမ်းသွင်းခံရကာ စစ်သတင်းပေးအဖြစ် လိုလိုလားလား စတင်ဆောင်ရွက်ခဲ့ပါသည်။စုံစမ်းစဉ်တွေ့ရှိချက်များစတင်လေ့လာစဉ် အောက်တိုဘာလမှစတင်ကာ-1 မြို့ကိုလှည့်လည်စဉ်တွင် မူးနေသူ စိတ်ဝေဒနာသည်ကဲ့သို့ ဟန်ဆောင်အော်ဟစ်နေသော်လည်း သူနေထိုင်ရာ နေရပ်သို့ ရောက်လျှင်ဖြစ်စေ၊ စစ်အကြမ်းဖက်သမားများ၏ တပ်စွဲထားသောနေရာများအတွင်း လုံခြုံသောနေရာသို့ရောက်ရှိလျှင်ဖြစ်စေ သာမာန်လူကောင်းတစ်ဦးကဲ့သို့ ပုံမှန်နေထိုင်ခြင်း သတင်းပို့ခြင်း၊2 အဖမ်းအဆီးခံခဲ့ရသော ပြည်သူ့တော်လှန်ရေးအဖွဲ့ဝင်အချို့ အဖမ်းမခံရမီတွင် အနီးဝန်းကျင်၌ အမြဲရှိနေတတ်ခြင်း၊ UG များ ပုန်းခိုနေထိုင်ရာနေရာအနီးတွင် ခရာသံရှည်တစ်ချက် အတိုနှစ်ချက်ဆွဲမှုတ်သည်ကို တွေ့ရှိရခြင်း၊3 အောက်ပါနေ့စဉ် လှုပ်ရှားမှုများကို သက်သေနှင့်တကွရရှိပါသည်-• နံနက်ပိုင်းတွင် ဆည်မြောင်းရုံးတပ်စွဲထားသည့်ဝင်းအတွင်း သတင်းပို့ခြင်းနှင့် စစ်နှင့်ရဲများအတွက် ရိက္ခာနှင့် လိုအပ်သည်များပေးပို့ခြင်း၊ • နေ့လည် ၁ နာရီမှ ၂ နာရီအတွင်း မြဝတီရပ်ကွက်ရုံးတပ်စွဲထားသည့်နေရာနှင့် Mytel ရုံးသို့ သွားရောက်ဆက်သွယ် သတင်းပေးပို့ခြင်း (နိုဝင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် မလာရောက်ပါ။)• ဗိုလ်တေဇလမ်းအတွင်းရှိ ထိုသူနေထိုင်ရာ အဆောက်အဦးတွင် မသင်္ကာဖွယ်လူစိမ်းများနှင့် လူသူပြတ်သည့်အချိန်တွင် တိတ်တဆိတ်တွေ့ဆုံလေ့ရှိခြင်း၊• မြို့တော်ခန်းမအတွင်း တပ်စွဲထားရာနေရာသို့ အောက်တိုဘာလတွင် ၃ ကြိမ်ခန့်၊ နိုဝင်ဘာလတွင် နေ့စဉ်နီးပါး ဝင်ထွက်သွားလာ ဆက်သွယ်ခြင်း၊ထိုသို့ဝင်ထွက် တွေ့ဆုံရာတွင် အဝင်တွင် ခရာသံရှည်ဆွဲ မှုတ် အချက်ပေး၍ တပ်စွဲထားရာကင်းများအတွင်းမှ စစ်ကောင်စီလက်အောက်ခံတပ်သားမှ လာရောက်ခေါ်ဆောင်ခြင်းကို ထူးခြားဖွယ်တွေ့ရှိရပါသည်။သုံးသပ်ချက်ယခင်က အမူးလွန်စိတ်ဝေဒနာရှင်ဖြစ်ခဲ့သော်လည်း စုံစမ်းစဉ်ကာလတလျောက်တွင် တွေ့ရှိချက်အရ လူမမြင်ကွယ်ရာတွင် ပုံမှန်သူတစ်ဦးကဲ့သို့နေထိုင်ခြင်းကိုတွေ့ရှိရပါသည်။မိမိတို့အဖွဲ့ဝင်အချို့မှ ထိုသူအားစုံစမ်းနေစဉ် အကင်းပါးစွာရိပ်မိသွားသဖြင့် သူ၏ထုံးစံအရ ခရာမှုတ်အချက်ပြစဉ် ထိုသူ၏ မလှမ်းမကမ်းတွင် လိုက်ပါလာသော အရပ်ဝတ်ရဲတစ်ချို့မှ လိုက်လံဖမ်းဆီးမှုကြုံခဲ့ရသဖြင့် စတင်ကာ သူ၏ ခရာသံအားသတိထားမိခဲ့ရာမှ ထိုသူနှင့်အရပ်ဝတ်စစ်၊ရဲများအကြားတွင် အချက်ပြဆက်သွယ်မှုရှိကြောင်း တွေ့ရှိရပါသည်။မြို့တွင်း တပ်စွဲထားရာနေရာများတွင်နေ့စဉ်ဝင်ထွက်သတင်းပို့ခြင်း၊ ဖမ်းဆီး၊ ရှာဖွေခံခဲ့ရသည့် နေရာများတွင် အနည်းဆုံး တစ်ပတ်ခန့်ကြိုတင်၍ ရောက်ရှိနေသည်ကြောင့် စစ်သတင်းပေးတစ်ဦးဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။အကြံပြုချက်ထိုသူ၏ ဆောင်ရွက်ချက်များသည် နှစ်ဖက်ပဋိပက္ခများဖြစ်နေစဉ်အတွင်း ရန်သူ့စစ်သတင်းပေး ဖြစ်နေသည့် အတွက် ချက်ချင်းပြင်းထန်စွာအရေးယူနိုင်သော်လည်း လူသားချင်းစာနာသောအားဖြင့် စာဖြင့် အကြိမ်ကြိမ်သတိပေးခဲ့ပါသည်။ သို့သော် ဆင်ခြင်ခြင်းမရှိယုံမျှမက နိုဝင်ဘာလတွင် သူ၏သတင်းပေးပို့မှုဖြင့် တော်လှန်ရေးအဖွဲ့ဝင်များ ထောက်ပံ့ရေးအဖွဲ့ဝင်များစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါသည်။ စစ်ဘက်ဆိုင်ရာ အရေးပေါ်အခြေအနေများအတွင်း ဒလန်များ စစ်သတင်းပေးများအား သက်သေနှင့်တကွ ဖော်ထုတ်၍ ပြင်းထန်စွာ အရေးယူသင့်ပါသည်။ပြည်သူများအနေဖြင့်လည်း စစ်အာဏာရူး၏ လှည့်ဖျားမှုများကို သတိထားကာ မိမိတို့ပတ်ဝန်းကျင်ရှိ မသင်္ကာဖွယ်ပြုမူနေထိုင်သူများကို တွေ့ရှိပါက နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ အမြန်ဆုံးအကြောင်းကြားပါရန် တိုက်တွန်းအပ်ပါသည်။ယခုကိစ္စနှင့် ပတ်သက်သော သက်သေဓါတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းများ၊ CCTV မှတ်တမ်းများ ရရှိထားပြီးဖြစ်သော်လည်း ဆက်စပ်နေသည့် အခြားဒလန်များ စစ်သတင်းပေးများပါဝင်သောကြောင့် ထိုသူများတိမ်းရှောင်သွားမည်ဖြစ်သောကြောင့် ပုံအချို့ကိုသာ ဖော်ပြထားပါသည်။ အရေးတော်ပုံအောင်နေပြီ Shadow Assassin Alliance

