You already know that the time will come when you will have to leave.

ပျော်ရွင်စွာနဲ့နိုးထရတဲ့မနက်ခင်းတစ်ခုတော့မဟုတ်ခဲ့ဘူး။သင်တန်းဆင်းတဲ့နေ့ပျော်ရွှင်စရာအချိန်လေးတွေပြီးရင်ခွဲခွာရတော့မယ့်အချိန်တွေလာမယ်ဆိုတာသိပြီးသားပါ။အရည်အချင်းပြည့်၀တဲ့ PDF ရဲဘော်လေးတွေသက်ဆိုင်ရာတောင်ကုန်းအသီးသီးကိုချီတက်ထွက်ခွာပါပြီ။ဒီလို ခွဲခွာရတဲ့အခိုက်အတန့်ကြီးကအရမ်း၀မ်းနည်းသလို အရမ်းလဲပျော်ရတယ်ဗျာ။အရမ်းဝမ်းနည်းရတယ်ဆိုတာက 4လလောက်အတူတူအိပ် အတူတူစား အတူတူနေ အတူတူလေ့ကျင့်အန္တရာယ်ကြုံတိုင်း တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကာကွယ်ပေးကြတဲ့ ညီအကိုမောင်နှမတွေအခုလို ထွက်ခွာသွားတော့ ရင်ထဲဆို့နင့်နင့်ကြီးဗျာ။ဒါပေမယ့် အားလုံးက တစ်ချိန်ချိန်မှာ အနှေးနဲ့အမြန်ထွက်ခွာသွားမှာပဲလေ အားလုံးကိုယ်စီရည်မှန်းချက်မျှော်လင့်ချက်တွေနဲ့ဆက်လုပ်စရာတွေရှိသေးတာကိုး။အရမ်းပျော်ရတယ်ဆိုတာက ဒီထွက်ခွာခြင်းကတော်လှန်ရေးအောင်မြင်ဖို့ ပိုနီးကပ်စေတဲ့ခြေလှမ်းကိုကျွန်တော်တို့ကိုယ်တိုင် လှမ်းခွင့်ရလို့ပဲဖြစ်တယ်။ရန်သူနဲ့အနီးကပ်ဆုံး တောင်ကုန်းတွေပါတယ်။ရန်သူနဲ့သိပ်မနီးကပ်တဲ့ တောင်ကုန်းတွေလဲပါတယ်။ကျွန်တော်တို့မှာ တူမီးသေနတ်တောင် ရဲဘော်အားလုံးမပေးနိုင်သေးတဲ့အခိုက်အတန့်ပါ။ဒါပေမယ့် PDFအားလုံးစိတ်ဓာတ်က သံမဏိထက်မာတယ်။ပြည်သူတွေပေးဆပ်ခဲ့သမျှ ကျွန်တော်တို့ပြန်ယူမယ်။ပြည်သူတွေ အားကိုးစရာ ကျွန်တော်တိုပဲရှိတယ်ဆိုတာနှလုံးသားထဲက နားလည်တယ်။ပြည်သူလူထုကလဲ အခက်အခဲတွေကြားက PDFများအတွက်ထောက်ပံ့ကူညီပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ကျွန်တော့်စခန်းက PDF ရဲဘော်များ လိုအပ်ချက်ကိုကူညီထောက်ပံ့ပေးကြဖို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။PDF TC တပ်ခွဲရုံးမှ ရဲဘော်တို့တို့ မရှိမဖြစ်လိုအပ်‌နေသောစားနပ်ရိက္ခာပိုင်းအတွက် တစ်ရက်စာဖြစ်စေ တစ်နပ်စာဖြစ်စေတတ်နိုင်‌သလောက်ဖြစ်စေ ပြည်သူလူထုဘက်က‌ကျွန်တော့်ကိုဆက်သွယ်ကူညီနိုင်ပါတယ် ခင်ဗျာ။ဒီပိုစ့်လေးကို Share ပြီးထောက်ပံ့မယ့်သူတွေ ကူရှာပေးလို့ရပါတယ်ခင်ဗျာ 🙏

𝙎𝙝𝙞𝙣𝙚 𝙃𝙩𝙚𝙩 𝙕𝙖𝙬𝙋𝙚𝙤𝙥𝙡𝙚𝙨’𝘿𝙚𝙛𝙚𝙣𝙨𝙚 𝙁𝙤𝙧𝙘𝙚 𝙏𝘾 {𝘽𝙧𝙖𝙣𝙘𝙝 𝙊𝙛𝙛𝙞𝙘𝙚}𝙁𝙪𝙣𝙙𝙧𝙖𝙞𝙨𝙞𝙣𝙜 𝙏𝙚𝙖𝙢

ထောက်ပံ့ကူညီသူများ စာရင်းတွေ လချုပ်အမှီလုပ်နေရတာကြောင့်
Messenger မှာ ၀င်ထားတဲ့ စာတွေအချိန်မှီ မပြန်နိုင်တဲ့အတွက်
တောင်းပန်ပါတယ်ခင်ဗျာ။
ကျွန်တော်တာ၀န်ထမ်းဆောင်နေတဲ့ Official Page မှာ
ယုံကြည်စိတ်ချစွာ ထောက်ပံ့ကူညီနိုင်ပါတယ် ခဗျာ။
500-1000 လစဉ်ပုံမှန်ကူညီသူတွေလဲ ပြန်ရရင်
ပိုစ့်တင်ပြီး အသိပေးပါမယ့်နော်။
Page Link
https://www.facebook.com/PDF101TC/
𝙎𝙝𝙞𝙣𝙚 𝙃𝙩𝙚𝙩 𝙕𝙖𝙬
𝙋𝙚𝙤𝙥𝙡𝙚𝙨’𝘿𝙚𝙛𝙚𝙣𝙨𝙚 𝙁𝙤𝙧𝙘𝙚 𝙏𝘾 {𝘽𝙧𝙖𝙣𝙘𝙝 𝙊𝙛𝙛𝙞𝙘𝙚}
𝙁𝙪𝙣𝙙𝙧𝙖𝙞𝙨𝙞𝙣𝙜 𝙏𝙚𝙖𝙢

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s