#မြန်မာနိုင်ငံသား #ကိုဝင်းဇော်ထွန်းနှင့် #ကိုဇော်လင်းတို့အတွက် #ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

Hmuu Zaw

5984_1038260656195774_8740721910030947535_n

မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

(၁) ရှေ့နေလိုက်ပေးသော ထိုင်းနိုင်ငံ၊ ရှေ့နေများကောင်စီမှ ဤအမှုအတွက် ရှေ့နေ ၂၁ ဦးပါ ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာ ယင်း ၂၁ ဦးကော်မတီမှ လာမည့် ၁၁ ရက်နေ့တွင် အစည်းအဝေး ဆောင်ရွက်မည် ဖြစ်ပါသည်။

(၂) ကြားကာလတွင် ရှေ့နေများကောင်စီ၊ မြန်မာနိုင်ငံ သံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာ CSO များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်မည် ဖြစ်ပါသည်။

(၃) ယနေ့ ချမှတ်ခဲ့သော စီရင်ချက်အတွက် High Court သို့ ဆက်လက်၍ အယူခံ တင်ပြပါမည်။ အယူခံ လက်ခံလျှင် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။(အယူခံတင်ရန် အချိန် ၁ လ ပေးအပ်ထားကြောင်း သိရပါသည်။ ၁ ပတ်အတွင်းမဟုတ်ဘဲ ၁လ အတွင်း အယူခံတင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။)

(၄) ထို့နောက် ထိုင်းနိုင်ငံ၏ တရားလွှတ်တော်သို့ ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် ဆက်လက်၍ အယူခံဝင်နိုင်ရေး ဆောင်ရွက်ပါမည်။ အဆိုပါအယူခံတွင် ပြစ်ဒဏ်များ ဆက်လက်၍ လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။

(၅) ၄င်းနောက် လိုအပ်လျှင် ထိုင်းဘုရင့်ကောင်စီသို့ ဆက်လက်၍ တင်ပြကာ ပြစ်ဒဏ်သက်သာခွင့် အယူခံတင်ပြခြင်းများ ဆက်လက် ဆောင်ရွက်ရပါမည်။ ဤသို့ တင်ပြရာတွင် ပြစ်ဒဏ်များ ဆက်လက် လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။

တင်ပြပါ အဆင့်များမှာ ထိုင်းနိုင်ငံ တရားစီရင်ရေးနှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတို့အနေဖြင့် ဤအမှုတွင် စတင် ဖမ်းဆီးခြင်း ခံရပြီးနောက်ပိုင်း ဥပဒေပညာရှင်များ၊ ကိုကျော်သောင်း၊ ကိုအောင်မျိုးသန့်၊ ကိုထူးချစ် တို့ကဲ့သို့သော CSO များနှင့် အနီးကပ် ညှိနှိုင်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများ၊ ဥပဒေအကာအကွယ်များ၊ တရားရုံးအခွင့်အရေးများ ရရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတိုင်း ဤအမှုနှင့်ပတ်သက်၍ တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပြောကြားမှုများ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ အမျိုးသားလွှတ်တော်ဥက္ကဌအနေဖြင့်လည်း ထိုင်းလွှတ်တော်သို့ မေတ္တာရပ်ခံလွှာ ပေးပို့ခဲ့သလို အာမခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍လည်း ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ သံခင်းတမန်ခင်းအရလည်း ထိထိရောက်ရောက် လုပ်နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

H.E. Thura U Shwe Mann
12365971_1656754804581441_426791384237453348_o

12390831_1070917536272724_6885050914791182183_n-2

10420208_10205758813113699_9205975416272757862_n

TRAVEL WARNING ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကနေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့ ထိုင်းဘာသာနဲ့ သတိပေးကြေငြာချက်ကို ထုတ်ပြန်လိုက်ပါတယ်

TRAVEL WARNING FOR THAIS

1461302_930235233733570_5512527342946963439_n

ထိုင်းနိုင်ငံ လိပ်ကျွန်းအမှုတွင် မတရားစွပ်စွဲ သေဒဏ်အပေးခံရသော…ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အမှန်အတိုင်း ဖြစ်စေရေး….အတွက် မေတ္တာပို့သ ဆုတောင်းကိုမှု ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ဂျိတ္တောရပ်ကွက်ရှိ…အောင်သရဖူ စေတီတော်တွင် သာသနာပြု စွမ်းရည်မြှင့် သင်တန်းမှ သင်တန်းသား ဆရာတော်များနှင့် သင်တန်းသူ/သားများမှ ၂၄-၁၂-၂၀၁၅….ညနေ ၅ နာရီတွင် တောင်ဆုမေတ္တာပို့သ ခဲ့သည်…
သခင် ခက်ထန် CR 
Kyaw Nanda Ko

10177269_1684199505159312_4533329305880731792_n10363334_1684199458492650_2903383527795283665_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s