#အာဏာရှင်ကို #ကာကွယ်တာမဟုတ်ပါ။ #STOP #BBC #BURMESE

http://news-eleven.com/news/bbc-burmese-သတင်းဌာန၏-လ%E1%80%BCတ်လပ်အတေ%E1%80%BCး-ဆေ%E1%80%BCးေ%E1%82%8F%E1%80%BCးဖလ%E1%80%BDယ်-က%E1%82%91တ%E1%80%BCင်-ဗိုလ်ခ%E1%80%BA%E1%80%B3ပ်မ%E1%80%BD%E1%80%B4း%E1%82%80ကီးဟောင်း-ဦးသန်းရေ%E1%82%8Aကို

12316129_950653308304076_5391131173714157813_n

အာဏာရှင်ကို ကာကွယ်တာမဟုတ်ပါ။
ဘာဖြစ်ဖြစ် စိတ်လည်းမဝင်စားပါ။
သို့သော်
ဒေါ်အောင်ဆန်းစုကြည်သွားနေသော
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်
အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မူဝါဒအရ
BBC Burmese သတင်းဌာန၏
လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍတွင်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်သလား
ဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍
ပြင်းထန်စွာကန့်ကွက်ပါသည်။
NLD အနိုင်မရခင် လွန်ခဲ့သော နှစ်များတည်းက
ထိုသို့ဆွေးနွေးမှုကို လုံးဝ မပြုလုပ်ပဲ
ရဲမိုး (ဘစိုး) နှင့် အင်တာဗျူးပြီးမှ ဘာ့ကြောင့်ပြုလုပ်သလဲ
ဒေါ်တင်ထားဆွေအားမေးမြန်းလိုပါသည်။ cr. Yan Aung
(ငရဲသား)

BBC Burmese သတင်းဌာန၏ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်သလား ဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သူ များပြား
BBC Burmese သတင်းဌာန၏ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူသင့်သလား ဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ များပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အရေးယူ သင့်သလား ခေါင်းစဉ်ဖြင့် ဆွေးနွေးလိုသူများအား BBC Burmese သတင်းဌာန၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဒီဇင်ဘာ ၁၀ ရက်က ရေးသားဖိတ်ခေါ်ထားပြီး ယင်းအစီအစဉ်အား ဒီဇင်ဘာ ၁၂ ရက်ည ရေဒီယိုအစီအစဉ်တွင် ဆွေးနွေးကြမည် ဖြစ်ကာ ပါဝင်ဆွေးနွေးလိုသူများ အနေဖြင့် BBC Burmese သတင်းဌာနသို့ ကြိုတင် ဆက်သွယ်ကြရန် ကြေညာထားမှုအပေါ် အွန်လိုင်းအသုံးပြုသူများက အစီအစဉ်အား မပြုလုပ်ရန် ကန့်ကွက် ရေးသားထားကြသည်။
ယင်းအစီအစဉ်အား ကြေညာထားသည့် BBC Burmese သတင်းဌာန၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာ ၁၀ ရက် ညနေအချိန်အထိ အွန်လိုင်း အသုံးပြုသူ ဖေ့စ်ဘွတ်အကောင့် တစ်ထောင်ကျော်ခန့်က မှတ်ချက်များ ရေးသားထားကြပြီး အများစုမှာ အဆိုပါ အစီအစဉ်အား ပြုလုပ်ခြင်းမပြုရန် ကန့်ကွက်ထားကြသည်။ ဒီဇင်ဘာ ၁၁ ရက်တွင် မှတ်ချက်ရေးသားသူ ၂၀၀၀ ကျော်ရှိခဲ့ပါသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန်