#Breaking #News!! တောင်ကုတ်ဒေသခံတွေ ပေးပို့တဲ့ #အရေးကြီးသတင်း

တောင်ကုတ်ဒေသခံတွေ ပေးပို့တဲ့ အရေးကြီးသတင်း နေ့လည်က အန်တီရခိုင်ခရီးစဉ်ရှေ့ပြေးအဖွဲ့ လင်းလင်းတို့အဖွဲ့ တွေကို တားဆီးနှောက်ယှက်ခဲ့တဲ့ လူတွေနဲ့ ကားတွေပါ ဒေသခံများရဲ့ပြောပြချက်အရ ပုံပါ ဝေါ်ကီတော်ကီကိုင်ထားသူဟာ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပတ်သက်မူ ရှိနိုင်တယ်လို့ ဒေသခံတွေက သံသယဖြစ်နေပြီး အန်တီရဲ့ အပြန်လမ်းကြောင်းကို နှောက်ယှက်ပေးဖို့ ကြိုတင်ကြံစည်နေကြတာမျိုးတွေရှိနိုင်တယ်လို့ ပြောပါတယ် ရခိုင်ခရီးစဉ်အစ ငပလီကို အန်တီ လေယာဉ်နဲ့ လာရောက်မှာဖြစ်ပြီး အပြန်ခရီးတွင် ကားလမ်းဖြင့် တောင်ကုတ်အား ညဖက် ဖြတ်ပြန်ရမည်ဟု သိရပါတယ် cr.Lu Min 12122700_424709167717808_7385295644548871213_n12118961_424708937717831_2093372269248954803_n12115957_424709041051154_8115803001236537396_n11224869_424708957717829_6020182711663344064_n12088509_424709004384491_377055249703984592_n ###### The Ladies News Journal ရခိုင်ပြည်နယ်အတွင်း သံတွဲမြို့ နယ်အပါအ၀င် ၁၈ မြို့နယ်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း သိရ || Breaking News || ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင် ၁ ရက်အလိုတွင် သံတွဲမြို့  နယ်အတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ကြောင်းကို ဈေးများ ဆိုင်များ ရပ်ကွက်များတွင် ယနေ့ မနက်မှ စတင်ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လိုက်လံကြေငှာခဲ့ကြောင်း သံတွဲမြို့ရောက် The Ladies သတင်းထောက်က သတင်းပေးပို့သည်။ ယနေ့ ညနေ တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သံတွဲမြို့ တောင်ကုတ်မြို့  အပါအ၀င် မြို့  နယ် ၁၈ မြို့ နယ်တွင် ပုဒ် ၁၈၈ ကို ထွေအုပ်ရုံးမှ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အကြောင်းအရာကို ထွေအုပ်ရုံးသို့သာ ဆက်သွယ်မေးမြန်းပါရန် အဆိုပါ ရဲအရာရှိက ပြောကြားခဲ့သည်။ ထိုသို့ ထုတ်ပြန်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ဖြစ်နိုင်ကြောင်း သံတွဲမြို့ မှ NLD ပါတီဝင် တစ်ဦးက ပြောကြားသည်။ ” အခုလို ထုတ်ပြန်လိုက်တာကြောင့် ဒေသခံတွေအတွက် ပိုပြီး စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်စေပါတယ်၊ ကျနော်တို့လည်း ခရီးစဉ်အတွက် အရေးပေါ် လုပ်ကိုင်စရာတွေ ရှိတာတွေ လုပ်ဖို့ရာ အခက်အခဲ ဖြစ်စေပါတယ်” ဟု The Ladies News Journal အား ပြောကြားခဲ့သည်။ မောင်နိုး The Ladies News Journal 12107894_482269708614670_5021726033064815531_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s