Skip to content

!! #RSO #မောင်တော #ပညာရေးဌာန #လုံခြုံရေးသတိပေးစာ နောက်ဆက်တွဲ ပြဿနာ။

July 21, 2015

11202127_473166022843075_1769667236622742604_n11742692_473165722843105_2655763262559386133_n11745623_473168022842875_3225231683890704957_n

မောင်တော ပညာရေးဌာန လုံခြုံရေးသတိပေးစာ နောက်ဆက်တွဲ ပြဿနာ။
=================================
၂၀၁၅ဇူလိုင်၂၁
၁။ မောင်တောမြို့နယ်အတွင်း ၂၀၁၅ခုနှစ်၊ဇူလိုင်လ(၁၉)ရက်နေ့နှင့်နောက်ပိုင်းကာလများတွင် RSOကုလားသောင်းကျန်းသူများက “အစိုးရရုံး များ အား အကြမ်းဖက်ဖောက်ခွဲရေးနှင့် အစိုးရဝန်ထမ်းများအား ခေါင်းဖြတ်သတ်မည်´´ဖြစ်ကြောင်း မောင်တောလဝကခရိုင်ရုံး၊ခယက၊မယကရုံးများ မှပေးပို့သောလုံခြုံရေးသတိပေးစာကိုညွှန်းလျှက်အခြားဌာနဆိုင်ရာ ခရိုင်အဆင့် မြို့နယ်အဆင့်ရုံးများကလည်း“လုံခြုံရေးမပါဘဲ မိမိတာဝန်ကျရာဒေသများသို့မသွားရောက်ကြရန်´´တရားဝင်ညွှန်ကြားစာများထုတ်ပြန်ခဲ့သည်။
၂။ ထိုသို့ လုံခြုံရေးသတိပေးချက်ကြောင့် နယ်များတွင်တာဝန်ထမ်းဆောင်လျှက်ရှိသောပညာရေးဌာနဆရာ/မများသည် မြို့ပေါ်ရှိခင်မင်ရင်းနှီးသူများနေအိမ်သို့သွားရောက်နေထိုင်ခြင်း၊ မိမိဇာတိသို့ပြန်သွားခြင်းများရှိခဲ့သည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ပြည်နယ်ပညာရေး၊
ခရိုင်ပညာရေး၊ မြို့နယ်ပညာရေးတို့က “မိမိတာဝန် ကျရာဒေသများသို့ အမြန်ဆုံးသွားရောက်တာဝန်ထမ်းဆောင်ရန်နှင့် ကျောင်းစစ်ဆေးရေးများလာရောက်မည်ဖြစ်ကြောင်း၊စစ်ဆေးရေးလာရောက်သည့်အခါတာဝန်ထမ်းဆောင်၍မရှိပါက အရေးယူမည်ဖြစ်ကြောင်း´´အကြောင်း ကြားစာထုတ်ပြန်ခဲ့ခြင်းအပေါ်မကျေနပ်သောဆရာ/မများ၏ facebook စာမျက်နှာများ ၊သတင်းဌာန များတွင် သူတို့၏ခံစားချက်များကိုရေးသားဖော်ပြလာခြင်းများရှိလာသည်ကိုတွေ့နေရပါသည်။
၃။ အဆိုပါသတင်းထွက်ပေါ်ပြီးနောက်ပိုင်း
ယနေ့ (21.7.2015)နေ့ နံနက်ပိုင်းထိ မောင်တော လက်ရှိအခြေအနေငြိမ်သက်နေပြီး လုံခြုံရေးတာဝန်ရှိသူများကတစ်စုံတစ်ရာသတင်း ထုတ်ပြန်ကြေငြာခြင်းမပြုသေးသော်လည်း မောင်တော၊ဘူးသီးတောင်တို့တွင် လုံခြုံရေးကို ယခင်ထက်တိုးချဲ့ချထားသည်ကိုတွေ့နေရသည်။
၎။ မြို့ပေါ်ရပ်ကွက်များတွင် ဆိုင်ကယ်ဖြင့်
မြို့နယ်ရဲ၊နယ်ခြားစောင့်ရဲများ အချိန်ပြည့်ကင်း လှည့်နေသည်ကိုတွေ့နေရသည့်အပြင် ဘူးသီးတောင်စစ်တပ်ခြံဝင်းပတ်လည်နှင့်အဆောင်ပြင်ပ ဝရံတာများတွင် စစ်သားများနှင့်စစ်သားမိန်းမ များလည်း ယူနီဖောင်းအပြည့် လက်နက်များ ကိုယ်စီကိုင်ဆောင်လျှက်အသင့်အနေအထားရှိနေသည်က သတင်းဆက်လက်ထုတ်ပြန်ခြင်းမရှိသေးသော်လည်းတစ်ခုခုထူးခြားနေသည်မှာသေ ချာသည်။
၅။ ပညာရေးဌာန ဆရာ/မများအားလုံး မိမိ တာဝန်ကျရာသို့သွားရောက်တာဝန်မထမ်းဆောင်ပါက ဌာနဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းများ အရ အရေးယူမည်ဖြစ်ကြောင်းညွှန်ကြားခြင်း၊အထက်ရုံးများ၏ဖိအားကြောင့်သတင်းအမှောင်ချလိုခြင်းမျိုးမဖြစ်သင့်ဘဲ ယခင်အဆက်ဆက်ပြဿနာဖြစ်ပွားခဲ့သောဒေသ၊အသက်အန္တရာယ်မလုံခြုံသောဒေသ၊နိုင်ငံတော်အဆင့်ပြဿနာရှိနေသောဒေသ တွင်တာဝန်ထမ်းဆောင်နေသော ဘဝတူ ဝန်ထမ်းများအားလိုအပ်သော လုံခြုံရေး မည်ကဲ့သို့ကြိုတင်စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကိုသာ ညွှန်ကြား/အားပေးသင့်ပါသည်။ CR.
Khinesanshwe Sanshwe

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: