#ဒီကေဘီအေ #ကို ထိုးစစ်ဆင်မှုအပေါ် #သူတို့ #အမြင်

ဒီကေဘီအေ ကို ထိုးစစ်ဆင်မှုအပေါ် သူတို့ အမြင်
……………………………………………………………………………..
ဇူလိုင် ၂၀‚ ၂၀၁၅
ဇူလိုင်လ အစောပိုင်း ၂ ရက်နေ့ကနေ ကနေအချိန်အထိ အစိုးရပ်ဖက်မှ လက်နက်ကြီး ပုံမှန် လှမ်းပစ်နေသည့်သာ မက စခန်းအထိ လိုက်လာ ပစ်ခတ်နေသည့် အနေအထားရှိသိအပေါ် ကေအဲန်ယူ စစ်တပ်ပိုင်း ဆိုရင် ဖြစ်တဲ့ ကေအဲန်အဲလ်အေ နှင့် ကေအဲန်ဒီအို တပ်မှုးတပ်ဗိုလ် တချို့ သံသယ ရှိသည်ဟုသိရသည်။
အရင်ဗိုလ်ချုပ် မြ ရှိနေချိန်တုန်းက အပစ်ခတ်ရပ်ဆဲရေး တရပ် လုပ်ထား သော်လည်း စစ်တပ်ဖက်မှ အခွင့်ကောင်းယူပြီး ကရင်ပြည်နယ် ဘက်မှ အလျင်အမြန် ရိက္ခာ နှင့် လက်နက် ကရိယာ များ ပို့ချ၍ ကေအဲန်ယူ တပ်မဟာ ၅ ဘက်မှ စတင်ပစ်ခတ်ခဲ့ပြီး။ တပ်မတော်ဘက် အပစ်အခတ်ရပ် ဆဲရေး ကို ဖျက်ကာ ပစ်ခတ်ခြင်းများ စတင်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၀ လအစောပိုင်းမှာ ပဏာမ အပစ်အခတ်ရပ်ဆဲရေး တရပ် ပြန်လည် ရခဲ့သည်။
၎င်း ဒီကေဘီအေ နှင့် တပ်မတော် ပစ်ခတ်မှုအပေါ် နယ်ဒါးမြက ” တကယ်လို့ ဗမာအစိုးရက ငြိမ်းချမ်းရေးကို တန်ဘိုးထားတယ် ငြိမ်းချမ်းရေး ကို တကယ်လိုချင်တယ် ဆိုရင် အစောကတည်းက ငြိမ်းချမ်းတဲ့ နည်းကို ဖြေရှင်းလို့ ရတာဘဲ။ လက်နက် နဲ့ ဖြေရှင်းပြီး လမ်းရှင်းလင်း မှုအပေါ် ပစ်ခတ်မှု ထိုးစစ်ဆင်မှုများ လုပ်တော့ ဒါကို သူတို့ ဘက်က အပစ်အခတ်ရပ်ဆဲရေး ကို ဖျက်ချင်တဲ့ သဘောရှိတယ်လို့ ” သူက ပြောသည်။
ဒီကေဘီအေ သည် ၁၉၉၅ ကနေ ကေအဲန်ယူ နှင့် ခွဲထွက်ပြီး အစိုးရ နဲ့ ငြိမ်းချမ်းရေး ပြန်လည်ပူးပေါ်လာတာ ၂၀၁၀ မှ နယ်ခြားစောင့် အဖြစ် ပြန်လည် ပြောင်းလဲ ပေးလာသည့်အပေါ် လက်မခံတဲ့ အတွက် တင်းမာ မှုများ စတင်ဖြစ်ကာ ဗိုလ်ချုပ် စောလားပွယ် ဦးစီးသော ဒီကေဘီအေ တပ်ရင်း တရင်းထဲသာ ပြန်လည်ငြင်းဆိုပြီး ပစ်ခတ်မှုများ စတင်ဖြစ်ခဲ့သည်။
ပထမ ဗိုလ်ချုပ်ကြီး စောဂျော်နီ က ” အများကြီး တော့ မပြောချင်ပါဘူး။ စစ် ရဲ့ သဘောသဘာဝကတော့ ပစ်တယ်ခတ်တယ် ဒါဘာဘဲ။ ဒါပေမယ့် ဒီလို နယ်မြေ ရှင်းလင်းမှုက သူတို့ အစိုးရဘဲ လုပ်ရင်ပြောလို့ ရသေးတယ်။ အခုဟာက ကရင်လက်နက်ကိုင်များစည်းလုံးညီညွတ်ရေး အဖွဲ ကော်မီတီ အထဲမှာ တပ်နယ်မှုး စောချစ်သူ ကိုယ်တိုင် ပါဝင်ပြီး လုပ်တဲ့ အတွက် ဒီကေဘီအေ လည်း သူတို့ နယ်ခြားစောင့်တပ် အပေါ် ယုံကြည့်မှုတွေ လျော့နည်းလာတာပေါ့လေ။ ” ဟုပြောသည်။
အဖိနှိပ်ခံနေရသော ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင် ရန်အတွက် ကရင်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက ကော်သူးလေတပ်မတော်(Kawthoolei Armed Forces -KAF)အဖြစ် ပြန်လည်ပေါင်းစည်း လိုက်ကြောင်း KAF က အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ထိုးစစ်ဆင်မှုများ ဆက်ရှိနေရင် ကျနော်တို့ အောက်ခြေတပ်မှုး၊ တပ်သားများ လုံးဝ ပြန်ထိန်းလို့ ရမှာ မဟုတ်တဲ့ အပြင် အရင် ဖွင့်ထားပြီး သား ကော်သူးလေ တပ်မတော် ဖက်မှ စစ်မျက်နှာပြင် ဖွင့်သင့်ရင် ဖွင့်ရမှာဘဲဟု ” ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ပြောသည်။
ကေအဲန်ယူ ၏ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်လည် ပေါင်း စည်းရေးကော်မတီတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ အပါအ၀င် ကော်မတီဝင် ၇ဦးဖြင့် ဖွဲ့စည်းထားသည်။
Saw Steel –
Daw Na Myay

11030271_520920471389648_2816137761982115634_n11145113_520920451389650_1294073783263073817_n11188439_520920444722984_3036238001432724661_n11742864_520920481389647_5744346935631739319_n11753680_520920508056311_6286950334073574882_n-1

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s