ဇွန်လ ၂၅ ရက် တစ်ရက်တည်း တအာင်းဒေသ တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွား
၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်
တအာင်းဒေသ၊ တပ်မဟာ(၁) နယ်မြေ ၊ကွတ်ခိုင်မြို့နယ်၊ နားလိုင်ကျေးရွာအနီးတွင် ယနေ့ညနေ ၁၉း၁၀မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၄၇၈) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု မသိရှိရသေးပါ။
ယနေ့ဇွန်လ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် ၀၉း၂၅ နာရီမှ ၁၀း၃၀အထိ တစ်ကြိမ်၊ ၁၀း၄၅ မှ ၁၂း၂၀ အထိ တစ်ကြိမ်၊ ညနေ ၁၅း၁၀ မှ ၁၅း၃၀ အထိ တစ်ကြိမ် ယခု နားလိုင်ရွာအနီးတိုက်ပွဲသည် တအာင်းဒေသတွင်း (၄)ကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA
တပ်မဟာ(၂) နယ်မြေ တိုက်ပွဲ ပိုမိုပြင်းထန်
၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်
တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာနှင့် ပန်လောကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၀၉း၂၅ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၉၈၇)နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက်ရင်ဆိုင် တိုက်တွင် ၁၀း၀၅ နာရီအချိန်တွင် တိုက်ပွဲ ခေတ္တငြိမ်သက်ရာမှ ၁၀း၄၅ အချိန်တွင် တိုက်ပွဲ ပြန်လည်စတင်ပြီး ၁၂း၂၀ အချိန်တွင် တိုက်ပွဲပြန်လည်ငြိမ်သက်ကာ နှစ်ဖက်စောင့်ကြည့်သည့်အနေအထားတွင်ရှိနေသည်။
တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုရှိသည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA